Portal­Home­Memberlist­Register­Log in
Post new topic   Reply to topicဤ Topic ကို ပြန်လည်မျှဝေရန်|
 

 DropBox (သို့) သင့်အခက်အခဲများအတွက် Cloud File Hosting [Website Sharing]

View previous topic View next topic Go down 
AuthorMessage
SYKO
Founder



Founder



စုစုပေါင်းရေးသားချက်များ: 1962
တည်နေရာ: ရင်ခွင်တစ်ခုမှာ
မှတ်ပုံတင်သောနေ့: 2009-03-09
ကျေးဇူးတင်ခံရမှု: 157
ဖိုရမ် အကျိုးဆောင် ရမှတ်: 109198
သတိပေးခံရမှု: သတိပေးခံရမှု မရှိသေးပါ

PostSubject: DropBox (သို့) သင့်အခက်အခဲများအတွက် Cloud File Hosting [Website Sharing]   31st July 2010, 10:53 am

အခုဆိုရင် မြန်မာနိုင်ငံကလူတွေလည်း DropBox နဲ့ အတော်လေးရင်းနှီးနေကြလောက်ပါပြီ။(Marketing တွေလည်း အပြိုင်အဆိုင်ဆင်းနေပြီးနေကြပြီ။ Razz)
မရင်းနှီးသေးတဲ့သူတွေလည်း ရှိပါလိမ့်မယ်။
DropBox ဟာ သူ့ရဲ့ sync Feature နဲ့ အတော်နာမည်ကြီး ၊ လူကြိုက်များလာတာဘဲဖြစ်ပါတယ်။

မိမိရဲ့ ရုံးက File တွေကို FlashDrive လေးတွေနဲ့ အသွားအပြန်သယ်နေရတဲ့ ဒုက္ခ ၊ EHDD တွေကိုင်ပြီး သယ်သွားရတဲ့ ဒုက္ခ ၊ EHDD တွေပျက်လို့ Recovery လုပ်ရတဲ့ ဒုက္ခ။ စိတ်ညစ်ရတဲ့ ဒုက္ခတွေက ကင်းဝေးအောင် DropBox က အပြည့်အ၀ စွမ်းဆောင်ပေးပါတယ်။

Free ပေးထားတဲ့ Data ပမာဏကလည်း သူများတွေလို အာဖျံကွီး အလှပေးတာမဟုတ်ဘဲ ၊ အ၀ပေးထားတာပါ။ ရက်ရက်ရောရောကို ပေးထားတာဖြစ်ပါတယ်။
သူ့မတိုင်ခင်က Box.net ကို သုံးကြည့်သေးတယ်။ ပေးထားတာက အတော်နည်းတာနဲ့ DropBox ဘက်ပြန်လှည့်လာရတာ။

DropBox ကိုကောင်းတယ်ဆိုတာ ၊ သိတာကြာပေမယ့် ၊ ဆိုင်မှာသုံးတော့ ဘယ်လောက်ကောင်းမှန်း သေချာမသိဘူး။ အခု အိမ်မှာ သုံးကြည့်တော့ ၊ သူ့ရဲ့ sync Feature က အတော်ကောင်းနေပါတယ်။
နောက်ပြီး Share Folder လုပ်ကြည့်လိုက်ပြီး ၊ ကျွန်တော့် Project Team နဲ့ တွဲသုံးကြည့်တဲ့အခါ အံ့သြစရာကောင်းလောက်အောင်ကို အဆင်ပြေတာနဲ့ ၊ အတော်ကြိုက်ခဲ့တယ်။ Connection ကောင်းရင်ကောင်းသလို ၊ ဟိုဘက် PC က တင်တဲ့ဟာ ၊

ဒီဘက်မှာ ချက်ချင်း sync လုပ်လိုက်ပြီးသားဘဲ။

အဲဒီ့ကတည်းက ကြိုက်ခဲ့ပြီး ၊ Gtalk က ကိုယ်နဲ့သိတဲ့သူတွေကို ပြောဖြစ်ခဲ့ပေမယ့် ၊ စာရေးအတော်ပျင်းနေတာနဲ့ Forum အတွက် မရေးပေးဖြစ်ခဲ့ဘူး။ ပြီးတော့ ဆိုင်သုံးသမားတွေအတွက်လည်း အဆင်မပြေတော့ ၊ မြန်မာနိုင်ငံနဲ့ မကိုက်ညီလောက်ဘူး

ထင်လို့ မပြောဖြစ်တာလည်းပါပါတယ်။ ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ အဖွဲ့ထဲက အစ်ကိုတစ်ယောက်က DropBoxAddons Page ကို ပြတာနဲ့ ၀င်မွှေကြည့်ရင်း ၊ Internet ဆိုင်ကသုံးတဲ့သူတွေ အတွက်ပါအဆင်ပြေစေမယ့် ၊ Addons လေး တစ်ခုတွေ့လာလို့ ရေးဖြစ်တာပါ။

အဲဒီ့ Addons လေးကို DropboxPortable လို့ခေါ်ပါတယ်။ မိမိရဲ့ Flash Drive လေးကို sync လုပ်မယ့်နေရာအဖြစ် သတ်မှတ်လိုက်ရုံဘဲပေါ့။ အင်တာနက်ဆိုင်မှာ သုံးရပေမယ့်လည်း ၊ ကိုယ့်ဖိုင်ကတော့ Drive ထဲမှာ ပါလာမှာဖြစ်လို့ ၊ အိမ်ရောက်ရင်

Internet မရှိလည်း သုံးလို့ရပြီ။ အိမ်ကနေကိုယ်ရေးလာတဲ့ Project တွေကိုလည်း DropBox Folder လေးထဲ ထည့်လာလိုက်ရုံဘဲ။ Internet Access ရတာနဲ့ အဲဒီ့ File က Auto Upload လုပ်ပြီးသားဘဲ။ ဘယ်လောက်အဆင်ပြေလည်း။
ကိုယ့်ရဲ့ Project Team Member တွေက နိုင်ငံခြားမှာ ၊ ကိုယ်ကလည်း ဒီမှာ Internet သုံးနေရတာက ဆိုင်မှာ။ အထူးတလည် UploadTime ကိုလည်း အချိန်မပေးချင်ဘူးဆိုရင် DropBox ကိုသာသုံးကြည့်ပါ။
နောက်ပြီး ကိုယ့် Team ရဲ့ Shared Folder ထဲကို ဟိုဘက်နိုင်ငံကလူက ၊ File အသစ်ထည့်ထားမယ်ဆိုရင်လည်း ၊ ကိုယ့် Drive ထဲ sync လုပ်ပြီးသား။ လှည့်ကြည့်စရာကိုမလိုဘူး။
ကျွန်တော်တို့ဆို Local ထဲမှာနေတဲ့ Team Member တွေချည်းဘဲဖြစ်တာတောင် ၊ အပြင်မှာဘယ်လိုမှမတွေ့နိုင်တော့ ၊ ဒီနည်းနဲ့ဘဲသုံးရတယ်။

ပြောနေတာကြာပါသေးတယ် ၊ ခုဘဲ အောက်က Link လေးကနေ သွားပြီး signup လုပ်ပြီး ကိုယ်တိုင်သာ စမ်းကြည့်ပေတော့....

Code:
https://www.dropbox.com/referrals/NTg5ODI4NTI5


SignUp လုပ်ပြီးရင် 2GB ပေးပါလိမ့်မယ်။ ကျွန်တော်ပေးတဲ့ Link ကနေလာမယ်ဆိုရင် လက်ဆောင်အဖြစ် 250 MB ထပ်ပေးပါလိမ့်မယ်။
ဒါပေမယ့် သူ့ရဲ့ DropBox Client Application ကို Install လုပ်ပြီး ၊ Account Access လုပ်ပေးလိုက်မှ ရမှာဖြစ်ပါတယ်။
လက်ဆောင်ရမယ့် Storage ပမာဏအများဆုံးကတော့ 8 GB ဖြစ်ပါတယ်။ Free ပေးတဲ့ File Hosting တွေထဲမှာ ဒီလောက်များများပေးပြီး ၊ ကောင်းတာ တွေ့ဖူးကြမယ်မထင်သေးပါဘူး။ အတော်ကြီးပေးထားတယ်ဆိုရမယ်။

နောက်တစ်ခုက DropboxAddons တွေ Link ပါ။

Code:
http://wiki.dropbox.com/DropboxAddons/


အဲဒီ့မှာတော့ Addons တွေ List ကို တွေ့နိုင်ပါတယ်။ ကိုယ်နဲ့ အဆင်ပြေမယ့် Addons ကို ရွေးသုံးလို့ရပါတယ်။
PlatForm မျိုးစုံအတွက်ရှိပါတယ်။ Web ပေါ်မှာဘဲ သုံးမလား။ Windows, Mac, Linux ပေါ်မှာဘဲ သုံးမလား။ ရေးပေးထားတာတွေ အတော်တောင် စုံနေပါပြီ။
API သုံးပြီး ကိုယ်ပိုင် Addons ရေးချင်ရင်လည်းဖြစ်ပါသေးတယ်။

ကြုံတုန်း သတင်းတစ်ခုအနေနဲ့ ပြောရရင် အခုဆိုရင် Box.net ကလည်း sync Feature ကို ပေးလာပြီဆိုတော့....... ဟိုးအရင်က ကျွန်တော်ပြောခဲ့ဖူးပါတယ် "World of sync" ဆိုတာလေးတကယ်ဘဲ အပြိုင်အဆိုင်ကိုဖြစ်လာပါတယ်။
MediaFire တို့ဘာတို့လည်း အဲဒီ့ Feature ကို ထည့်သွင်းဖို့ စဉ်းစားလာကြမယ်လို့ ထင်မြင်မိပါကြောင်း....

SYKO


ကြိုက်ရင်သုံး
မကြိုက်ရင်
လွှင့်ပစ်လိုက်
Back to top Go down
http://www.myanmaritresource.info
 

DropBox (သို့) သင့်အခက်အခဲများအတွက် Cloud File Hosting [Website Sharing]

View previous topic View next topic Back to top 
Page 1 of 1

Permissions of this forum:You cannot reply to topics in this forum
Myanmar IT Resource Forum :: GENERAL TECHNOLOGY ::   :: Websites Sharing-
Post new topic   Reply to topic