နောက်တစ်ခုအနေနဲ့ကတော့ ကျွန်တော့် အမြင်အရ ဝေဖန်ပါမယ်။
လုပ်နေတဲ့အရာတွေဟာ ၊ ကိုယ်တိုင်အတွက်ကော ၊ အများအတွက်ပါ သင့်လျော်ရဲ့လား ၊ ဖြစ်သင့်ရဲ့လားဆိုတာ စဉ်းစားပါ။
ဖြစ်သင့်တယ်ထားဦးတော့ ၊ ဖြစ်နိုင်ရဲ့လားဆိုတဲ့အခြေအနေကို ထပ်မံစဉ်းစားပါ။
အခု ကို C0D3R ပြောသွားတဲ့ Procedure ကို နားလည်ပါတယ်။ Online ပါးမ၀သေးဘူးဆိုတာရယ် ၊ စာဖတ်အားအရမ်းနည်းနေသေးတယ် ဆိုတာရယ်ပါ တွေ့ရပါတယ်။
ပြည်ပက Online Community တစ်ခုခုမှာ vip ဖြစ်ဖို့ လွယ်သလား ၊ မလွယ်သလားဆိုတာကိုတော့ ကျွန်တော် ကိုယ်တိုင်လည်း တစ်ခါမှမဖြစ်ဖူးသလို ၊ ဖြစ်ဖို့လည်းစိတ်ကူးမရှိတာကြောင့် မသိပေမယ့် ၊ သေချာတာကတော့ ကိုယ့်ဘက်က ပေးဆပ်ရမှာ အများကြီးရှိပါတယ်။
နောက်တစ်ခု နိုင်ငံတကာမှာ Community တွေနဲ့အတူတွဲပြီးတော့ ပိုက်ဆံရှာနေကြတာပါ။ vip access ရဖို့အတွက် အနည်းဆုံးတော့ 10$/Month ပေးရနိုင်ပါတယ်။
ဒါကလည်း ရောက်ဖူးတဲ့နေရာတွေမှာ လေ့လာမိသလောက်ပါ။
အခု vip access ရပြီထားပါ။ သူတို့ဆီက resource တွေ ယူမယ်။ Resource ယူပြီး လေ့လာကြမယ်။ အဲဒါဆို ပြင်ပက Free or Copy တွေက တန်ဖိုးမရှိတော့ဘူး ဖြစ်သွားပါလိမ့်မယ်။ ပိုက်ဆံပေးရတာ ၊ အထူးအခွင့်အရေးကနေ ရတာတွေမှ တန်ဖိုးရှိတာမဟုတ်ဘူးဆိုတာ ကို C0D3R အနေနဲ့ နားလည်လိမ့်မယ်လို့ ထင်မိပါတယ်။
အဲဒီ့အတွက် vip access ရရန် ကြိုးပမ်းမည်ဟု ဗန်းပြကြွးကြော်ကာ လူစုခြင်းအား ရှုံ့ချပါတယ်။
နိုင်ငံတကာမှာ Article တစ်ခုရေးပေးရင် ၊ ပိုက်ဆံပြန်ပေးတဲ့ ပုံစံခေတ်စားနေတာ မှန်ပါတယ်။ ဥပမာ - tutsplus လို Network မျိုးမှာဆိုရင် $100 လောက်ထိ ရနိုင်ပါတယ်။
ဒါကလည်း သူတို့ ရွေးဦးမှ ၊ ကြိုက်ဦးမှပါ။ အဲဒီ့တော့ Pay Per Post သဘောမျိုးရချင်ရင် ကိုယ့်ရဲ့ English ဘယ်လောက်ထိ ကောင်းရမယ် ၊ ကိုယ့်ရဲ့ ပညာရည် အဆင့်အတန်း ဘယ်လောက်ထိ မြင့်ရမယ်ဆိုတာ မြင်သာပါတယ်။
အလကားရတဲ့ (သို့) ၀ယ်ရတဲ့ Software/Ebooks တွေ တင်ပေးတာကို ပိုက်ဆံပေးတဲ့ နေရာရှိမယ်ဆိုရင်လည်း ၊ နိုင်ငံတကာရဲ့ Software Update များကို ထိုင်စောင့်ပြီးနေမယ့် နိုင်ငံခြားသား တွေရှိပြီးသားဖြစ်ပါလိမ့်မယ်။
Google ရဲ့ Gmail ၀န်ဆောင်မှုကို ဖောက်ထွင်းမယ်ဆိုတာကတော့ လူရီချင်စရာကြီးပါ...
Account တစ်ခုလောက်ကို user fault ကြောင့်ရရင်ရနိုင်မယ်။ Account ပေါင်း သန်းချီကိုတော့ user fault ကြောင့်မရနိုင်ပါ။
မြန်မာနိုင်ငံရဲ့ Connection အခြေအနေနဲ့ Video တစ်ခုကိုဘဲ အထစ်အငေါ့မရှိ အရင်ကြည့်ကြည့်ပါဦး..
Google မှ အလုပ်ခန့်စေချင်ရင် လွယ်ပါတယ်.. မှန်ကန်တဲ့ လမ်းတွေ အများကြီးရှိပါသည်။ ကြိုးစားကြည့်ပါ...
ပညာအဆင့်အတန်း မရွေး ၊ အသက်အရွယ်မရွေး ၊ Talent ရှိလျှင် Google မှ အလုပ်ခန့်သည်ဟု ကြားမိပါသည်။ Google တွင် အသက်အငယ်ဆုံးဝန်ထမ်းသည် ၁၇ ဟုလည်း ဖတ်ဖူးပါသည်။ (Talent ဘယ်လောက်လိုတယ်ဆိုတာကတော့ အထူးပြောနေဖို့ လိုမည်မထင်ပါ)
ကို C0D3R ရဲ့ ကျွမ်းကျင်ပြီးမှုကိုတော့ မဝေဖန်လိုတော့ပါ။ ပြောချင်တာ တစ်ခုကတော့ HTML ဆိုတာ Programming Language မဟုတ်တဲ့ Markup Language တစ်ခုမျှသာဖြစ်ပါတယ်။ အသက် ၇ နှစ် ၊ ၈ နှစ် အရွယ် ကလေးများပင်လျှင် marquee များဖြင့် ဆော့ရလျှင် ပြောတတ်ကြပါသေးတယ်။
ဖိုရမ်ပေါ်ရဲ့ ဘယ်နေရာမှာဖြစ်ဖြစ် ၊ ကောင်းတာရှိရင် Community အနေနဲ့ အားပေးသင့်သလို ၊ မကောင်းတာရှိရင်လည်း ပြစ်တင် ရှုံ့ချသင့်သည်ဟု လက်ခံထားသည့်အတွက် ပြစ်တင်ရှုံ့ချပါသည်။
ဆက်မလုပ်ရဟု ပိတ်ပင်ခြင်းမဟုတ်ပါ... ဆက်လုပ် ၊ မလုပ်သည် ပိုင်ရှင်၏ သဘောသာ ဖြစ်ပါသည်..
Community အပေါ် ဂုဏ်သိက္ခာထိပါးလာစေမယ့် ကိစ္စမျိုးရှိရင်တော့ တားဆီးရပါလိမ့်မယ်....
လေးစားစွာဖြင့်
$ƴǩǾ

ကြိုက်ရင်သုံး
မကြိုက်ရင်
လွှင့်ပစ်လိုက်