Portal­Home­Memberlist­Register­Log in
Post new topic   Reply to topicဤ Topic ကို ပြန်လည်မျှဝေရန်|
 

 ဗိုင်းရပ်စ် ကျွမ်းကျင်သူများပင် အခက်အခဲတွေ့နေရသည့် ဗိုင်းရပ်စ်တစ်မျိုး အွန်လိုင်းပေါ်မှ ပေါ်ထွက်လာ

View previous topic View next topic Go down 
AuthorMessage
paohroung
MITR New User






စုစုပေါင်းရေးသားချက်များ: 10
တည်နေရာ: ရန်ကုန် တိုင်း
မှတ်ပုံတင်သောနေ့: 2009-07-30
ကျေးဇူးတင်ခံရမှု: 0
ဖိုရမ် အကျိုးဆောင် ရမှတ်: 6
သတိပေးခံရမှု: သတိပေးခံရမှု မရှိသေးပါ

PostSubject: ဗိုင်းရပ်စ် ကျွမ်းကျင်သူများပင် အခက်အခဲတွေ့နေရသည့် ဗိုင်းရပ်စ်တစ်မျိုး အွန်လိုင်းပေါ်မှ ပေါ်ထွက်လာ   7th June 2010, 6:46 pm

[b]ဒီvirusပတ်သက်ပြီး အသေးစိတ်အချက်အလျက်ကို သိချင်ပါတယ်ခင်ဗျာ..[/b][b]သိတဲ့လူများရှိရင် ဖြေကြားပေးပါ...။[/b] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]

ယခုရက်ပိုင်းအတွင်း ဗိုင်းရပ်စ် ကျွမ်းကျင်သူများပင် အခက်အခဲတွေ့နေရသည့်
ဗိုင်းရပ်စ်တစ်မျိုး အွန်လိုင်းပေါ်မှ ပေါ်ထွက်လာခဲ့ပြီး အဆိုပါ ဗိုင်းရပ်စ်သည်
အွန်လိုင်းမှ Data transfer ပြုလုပ်သူများနှင့် အွန်လိုင်းဆက်နွယ်စီးပွားရေး
လုပ်ကိုင်နေသူများအတွက် အလွန် အန္တရာယ် ကြီးမားလျက် ရှိကြောင်း သိရသည်။
ယင်းဗိုင်းရပ်စ်သည် ရိုမေးနီးယားနိုင်ငံရှိ ကွန်ပျူတာဟက်ကာ တစ်သီးမှ (piece)
အမည်ပေး၍ အွန်လိုင်းမှ တစ်ဆင့် ဗီဒီယိုဖိုင်အသွင်ဖြန့်ဝေခြင်းဖြစ်ပြီး
ယခုရက်ပိုင်းမှာပင် လပြည့်ဝန်းပလာဇာရှိ ရုံးခန်းတစ်ခု၏ ပြည်ပ Bank အကောင့်ကိုပါ
စောင့်ကြည့် ခိုးယူသွားခဲ့ကြောင်း အဆိုပါ ဗိုင်းရပ်စ်အား ပိတ်ပင်တားဆီးသည့်
ကျွမ်းကျင်သူတစ်ဦးက ပြောသည်။ `သူ့ဗိုင်းရပ်စ်က Anti-virus တွေ မမြင်နိုင်
အောင် အဆင့်မြင့်တဲ့နည်း သုံးထားတယ်ပြောရမယ်။ ဒီ ဗီဒီယိုဖိုင်ကို
နှိပ်လိုက်တာနဲ့ စက်က လေးသွားတယ်။ ပြီးတော့ System က Control Panel
တွေပျောက်တယ်။ အဆိုးဆုံးကတော့ နက်ဝက်ခ်ချိတ်ထားတဲ့ ကွန်ပျူတာတွေအားလုံး
ချက်ချင်းကူးတယ်။ ပြီးတော့ ဗီဒီယိုဖိုင်ကို ဖွင့်တာနဲ့ သူ့ရဲ့စောင့်ကြည့်


Comment က စက်မှာနေရာယူပြီး သုံးတဲ့အချိန်မှာ password ကိုမှတ်တဲ့ system
ဖြစ်ပါတယ်ဟု virus solution ပြုလုပ် နေသူ တစ်ဦးဖြစ်သူ ကိုထူးအံ့ရှိန်က
ရှင်းပြသည်။ အဆိုပါ ဗိုင်းရပ်စ်သည် User Account များ စီးပွားရေး လုပ်ငန်း
အချက်အလက်များနှင့် Bank Account၊ ငွေစာရင်း Account များအား မှတ်သား၍ ပြည်ပရှိ
Server သို့ Data ပြန်လည်လွှဲပြောင်းသော စနစ်ဖြစ်သောကြောင့် အန္တရာယ်
ကြီးမားကြောင်း သိရသည်။ `အဓိကကတော့ အဲဒီ ဗီဒီယို Rar File ကို မဖြည့်ဖို့
ဗီဒီယိုကို မဖွင့်ဖို့ပဲ။ အခုတလော facebook နဲ့ forward mail ကလို web link
တွေမှာပါလာနေပြီ။ Account ၂၀ လောက်လည်း Hack လုပ်ခံထားရတယ်´ဟု ၄င်းက
ဆက်လက်ရှင်းပြသည်။ ယခု ဗိုင်းရပ်စ် လမ်းကြောင်းကို ယင်းအဖွဲ့မှ လေ့လာချက်အရ
ရိုမေးနီးယားနိုင်ငံရှိ server ကိုအသုံးပြု၍ ပြည်တွင်းသို့ တိုက်ခိုက်သူမှာ
မြန်မာဟက်ကာ တစ်ဦး ဖြစ်ပြီး ဆက်လက်၍ မြန်မာပြည်တွင်းရှိ အင်တာနက် user များကို
တိုက်ခိုက်ဦးမည် ဖြစ်ကြောင်း computercrazy အမည်ဖြင့် အသုံးပြု၍ မေးလ်မှ
တစ်ဆင့် ကြေညာထားကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်
ဖော်ပြထားပါသည်။
Back to top Go down
 

ဗိုင်းရပ်စ် ကျွမ်းကျင်သူများပင် အခက်အခဲတွေ့နေရသည့် ဗိုင်းရပ်စ်တစ်မျိုး အွန်လိုင်းပေါ်မှ ပေါ်ထွက်လာ

View previous topic View next topic Back to top 
Page 1 of 1

Permissions of this forum:You cannot reply to topics in this forum
Myanmar IT Resource Forum :: TEMPORARY PLACE ::   :: Unknown Discussions-
Post new topic   Reply to topic