Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

IT_fool


MITR New User



ကျွန်တော်က မန်ဘာအသစ်ပါ။ ကျွန်တော်ကအခု စလုံးမှာအိုင်တီနဲ့ကျောင်းစတက်နေပါတယ်။ မြန်မာပြည်မှာတုန်းက programming အခြေခံမသင်ဖူးပါ။
ဒါကြောင့် ကျောင်းတွင်စာလိုက်ရသည်မှာ နည်းနည်းခက်နေပါတယ်။ ကျောင်းမှာ "writing java program" ကို jGrasp နဲ့သုံးပြီးသင်ပါတယ်။
ကျွန်တော် concept တွေသိပ်မမိပါ။ program အသေးလေးတွေ လေ့ကျင့်ခိုင်းတဲ့အခါ ဘယ်ကစရမှန်းမသိပါ။ အိုင်တီယူမိတာမှားပြီလားလို့တောင် တွေးမိပြီးစိတ်ဓါတ်ကျမိပါသည်။
အကိုများ။ အစ်မများ။ ဦးလေးများ ဒေါ်ဒေါ်များ ကျွန်တော့်ကို အကြံလေးပေးကြပါဦးခင်ဗျား။

water


MITR Reader



MITR Reader
အဲ......
အကြံဉာဏ်တောင်းနေတယ် ဗျိုု့....
အဟမ်း အဟမ်း ( ဒီအသံကြားရင် ဆရာလုပ်တော့မယ် လို့ မှတ် )
ပြန်ရွှီးပေး.. အဲလေ..... ပြန်ဖြေပေးရမယ် ဆိုရင်တော့
ကို IT_fool ရေ ... IT ဆိုတဲ့ စကားလုံးကို မြန်မာလို ပြန်ရိုက်ကြည့် .... "cအ" တဲ့
အဲဒါကြောင့် ကျနော် သည်လည်း "ငအ" တစ်ယောက်ဖြစ်လို့ အကို IT major ယူလိုက်တာ မှားလား မမှားလားဆိုတာတော့ မပြောတတ် ဘူး.........

Java ဆိုတာကြီးကတော့ အကို IT_fool က OOP ကိုကျေညပ်အောင်လုပ်သင့်တယ် လို့ ထင်တယ်.... main class လောက် ရေးတက်ရင်တော့ ဘယ်ကစရမလဲ ဆိုတာ သိလောက် ပါပြီ...
OOP သာတိုင်ပတ် နေရင်တော့ ... Java ဆိုတာကြီး ကို မြို့ပတ်ပြီး လေ့လာတာတောင် ရမှာ အဟုတ် ဘူး......

sHa92


Founder



Founder
sg မှာလား။ IT ယူမိတာ မမှားပါဘူးဗျာ။ မှားတယ်ထင်ရင် ကျွန်တော်နဲ့ နေရာလဲရအောင် Razz

အဲမှာသင်တာတွေက ကောင်းမှာပါဗျ။ E ကောင်းဖို့တော့ လိုတယ်ပေ့ါဗျာ။ E ကောင်းရင် နားမလည်ရင် သူတို့ကို အတန်းထဲမှာ ထမေးပေါ့ ၊ မြန်မာဆိုတော့ မမေးရဲတဲ့ အကျင့်ရှိရင် လက်ချာချိန်ပြီးရင် လိုက်မေးပေါ့။ သူတို့က ဖြေပေးကြပါလိမ့်မယ်။ (ရုပ်ရှင်တွေထဲမှာတော့ ပြန်ဖြေပေးကြတာတွေတွေ့ရတော့ အရမ်းအားကျမိတယ်)
ဒါပေမယ့် စင်ကာပူ လူမျိုးသူငယ်ချင်းရှိရင်တော့ သွားမမေးမိစေနဲ့။ အာရှသားအချင်းချင်း နှိမ်တဲ့သူတွေထဲမှာ သူတို့က အဆိုးဆုံးလို့ အစ်ကိုတစ်ယောက်က ပြောဖူးတယ်။

အဓိကကတော့ E ကောင်းရင် ရွာပတ်လို့ရပါတယ်ဗျာ။ ပြီးတော့ ကိုယ်တိုင်လည်း ဟဲဗီးဖြိုးပြောသလို ဦးနှောက်ကိုသုံးပေါ့။ ဒါဆိုရင် Programming ဆိုတာ အဲဒီ့မှာသင်ရတာ ပျော်လာပါလိမ့်မယ်။ မပျော်ရင်တော့ ဒီခဏပြန်လာဗျာ ၊ နေရာလဲမယ်။ Razz

ပြီးတော့ နားမလည်တာရှိလည်း ဒီထဲမှာ ထပ်မေးပေါ့။ Java ဆရာတွေတော့ သိပ်မတွေ့ဖူးဘူး။ ကျွန်တော့် အသိအစ်ကို (ကို xtrm) ရဲ့ အသိတွေထဲမှာတော့ SCWCD ၂ ယောက်ရှိတယ်။ ဘယ်သူမှမဖြေရင် အဲအစ်ကို ၂ ယောက်ကို ကို xtrm က အကူအညီမရရအောင် တောင်းပေးလိမ့်မယ်။ Razz

မကြောက်ပါနဲ့ဗျ။ မမှားပါဘူး။ ဆက်လုပ်....



Change We Need!
http://www.myanmaritresource.info

YanNaing


MITR New User



ကျွန်တော်က IT နယ်ထဲကမို့လို့လားတော့မသိဘူး IT ကိုယူမိတာ မမှားဘူးလို့ပြောချင်တယ်။
Java က စိတ်ပျက်စရာမဟုတ်ပါဘူး။ ဘာမှအားမငယ်နဲ့။
ကွန်တော်ဆို Java foundation ကို တစ်နှစ်လုံးသင်ခဲ့ရတာ။
လေးခါတိတိ ကိုပြန်သင်မှ နည်းနည်းသိလာတာ။
ဒါတောင်ကျွန်တော်က ကွန်ပျူတာ နဲ့ဘာမှမဆိုင်တဲ့ E-major ကပါ။
အစ်ကိုဆိုရင် ဒီလောက်သင်စရာမလိုပါဘူး။
သင်ပြီးသမျှ program တိုင်းကိုသေးသေးလေး ဖြစ်နေပါစေ ပြန်ပြီးတော့ run ကြည့်ပါ။
တဖြည်းဖြည်းနဲ့ ဂျွတ်လာလိမ့်မယ်။

IT_fool


MITR New User



ဟုတ်ကဲ့ပါ အားပေးတဲ့အစ်ကိုများ water, $ƴǩǾ, YanNaing တို့ကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ။
မြင်လည်းမမြင်ဘူး ၊ သိလဲမသိကျွမ်းဘဲနဲ့ အခုလို ညီအစ်ကိုရင်းတွေလို အကြံပေးတဲ့အတွက်

" THANK YOU VERY MUCH " ပါဗျာ

sHa92


Founder



Founder
ရပါတယ်ဗျာ။
ဒီလောက်လေး ပြောပေးရတာ ဘာမှအပန်းမကြီးပါဘူး။
စေတနာကို နားလည်သွားရင် ၊ ကျွန်တော်တို့လည်း ပြောရတာ ပီတိဖြစ်တာပေါ့။ Smile
အဲဒီ့မှာဘဲ ဆက်ကြိုးစားဗျာ။ ဖြစ်နိုင်ရင် PhD လောက်ထိကို အဲဒီ့မှာ ရအောင်ယူပစ်။ အလုပ်ဝင်ဖို့ မစဉ်းစားနဲ့ဦး။ Smile

အောင်မြင်ပါစေဗျာ...



Change We Need!
http://www.myanmaritresource.info

water


MITR Reader



MITR Reader
IT_fool wrote:ဟုတ်ကဲ့ပါ အားပေးတဲ့အစ်ကိုများ water, $ƴǩǾ, YanNaing တို့ကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ။
မြင်လည်းမမြင်ဘူး ၊ သိလဲမသိကျွမ်းဘဲနဲ့ အခုလို ညီအစ်ကိုရင်းတွေလို အကြံပေးတဲ့အတွက်

" THANK YOU VERY MUCH " ပါဗျာ


အော်
ဇွတ်ပဲ..... အားနာနေပြန်ပြီ ကော....... :sunny
ကျေးဇူးမတင်ပါနဲ့ ဗျာ......

ကျနော် တို့ လည်း လေ့လာနေဆဲ ကျောင်းသား တွေပါ. :study .... ကျနော် တို့ သိသမျှ ပြောပြ ခွင့် ရတာကို ပဲ... ကို IT_fool ကို ကျနော် တို့ က ရေရေလည်လည် ကျေးဇူးတင်နေမှာပါ...... အကိုသိတာတွေကို လဲ forum မှာ post တစ်ခုအဖြစ် မြင်ရမယ် လို့ ကျနော် မျှော်လင့်ထားပါတယ်... အကိုမသိတာရှိရင် လဲ MITR ကိုသာ တောင့်တလိုက်....... ကိုယ်ထင်လာပြမယ့် သူတွေ အများ ကြီးပဲ..... :cheers

Htet Naing


Moderator



Moderator
ကျွန်တော်ကတော့ IT ကိုထိပ်ဆုံးကနေ မလျှောက်မိတာကို အမြဲနောင်တရနေတာ။
ခုတော့ ကျောင်းပြီးရင် သိပ်မဆိုင်တဲ့ B.E(EP) ဘွဲ ့ပဲရတော့မယ်။ B.E(IT) အစား။
ဒါကြောင့် အပြင်သင်တန်းကနေပဲ B.Sc(Hons:)BIT ရအောင်ကြိုးစားရတော့မှာပေါ့။



Wherever you are, whatever you do, don't forget you are MYANMAR.

Dear members, please read this annoncement.
Code:
http://[You must be registered and logged in to see this link.]

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forums | Computers and Internet | Useful tricks and tips, infos | © PunBB | Free forum support | Contact | Report an abuse | Free forums