အကို တို ့ကို ကျွန်တော် တစ်ခု သတိပေးချင်လို ့ ပြီးတော့ မေးစရာလည်းရှိလို ့
ကျွန်တော် လည်း ps2 ကို အဲ့ဒီလို softmod လုပ်ပြီး game အခွေတွေကို ကော်ပီကူး dvd-r နဲ ့ burn ပြီးဆော့နေတာ
ပြီးတော့ usb memory stick ထဲမှာလည်း game တွေထည့်ပြီး ဆော့တယ်။
ဟိုတနေ ့ကမှ လျှာရှည်ပြီး external harddrive ကို ကျွန်တော့ ps2 ရဲ ့ usb မှာ သွားတပ်ပြီး အဲ့ဒီ hdd ထဲက movie တွေကို ps2 ပေါ်မှာ ကြည့်မယ်ဆိုပြီး စက်လည်း ဖွင့်လိုက်ရော
ဘာဖြစ်သွားလည်း မသိဘူး tv အနောက်ကနေ sparks တွေထွက်လာပြီးတော့ tv ရော ps2 စက်ပါပျက်သွားပြီ
=(
tv က ဖွင့်လိုက်ရင် အပြာရောင် screen ဘဲမြင်ရတော့တယ်။ tv channel တွေလည်း ကြည့်လို ့မရတော့ဘူး။
dvd ဖွင့်ကြည့်လည်း မရတော့ဘူး။ ကြည့်ရတာ AV လိုင်း တစ်ခုလုံး ပျက်သွားပုံရတယ်။
ps2 စက်ကတော့ ဖွင့်လိုက်ရင် ပန်ကာ လည်သံဘဲကြားရတော့တယ်။ မီးလဲမလင်း ပွင့်လည်းမပွင့်တော့ဘူး။
အဲ့ဒါဘာဖြစ်လို ့လည်း မသိဘူး။
သူများတွေ external harddrive နဲ ့ဆက်ဖွင့်ပြီး HD loader သုံးပြီး game တွေကို external harddrive ထဲကနေဆော့နေတာရနေတာဘဲ။
ကျွန်တော့အလှည့်ကျမှဘဲ external harddrive နဲ ့ဆက်လိုက်မှဘဲ tv ရော ps2 ဆက်ပါ ပျက်သွားပြီး
ဘယ်လို လုပ်ရမှန်းလည်း မသိတော့ဘူး
=(