Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

Htet Naing


Moderator



Moderator
ဖယောင်းတိုင်ထွန်းခြင်းဟာ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်သလို ကင်ဆာ ရောဂါပါ
ဖြစ်နိုင်ကြောင်း နောက်ဆုံး ရှာဖွေလေ့လာမှု့များ အရသိရပါတယ်။
ဖယောင်းသားကို မီးလောင်တဲ့ အခါ အဲ့ဒီကထွက်တဲ့ အငွေ့ဟာ အခန်းထဲမှာရှိတဲ့
လေကို ညစ်ညမ်းစေပြီး လူတွေအတွက် ကင်ဆာပါ ဖြစ်နိုင်တယ်လို့သိရပါတယ်။ ၂၃၈
ကြီမ်မြောက် အမေရိကန်နိုင်ငံ ဓါတုဗေဒ အဖွဲ့အစည်းရဲ့ အစည်းအဝေး မှာတော့
Amid Hamidi ဆိုသူက ဒါက လေဝင်လေထွက်မကောင်းတဲ့ အခန်းတွေမှာသာ ဖြစ်ပြီး
လေဝင်လေထွက် ကောင်းတဲ့ အခန်းတွေဆို ရင်တော့ ညစ်ညမ်းမှု့နဲ့ လူကို
ဆိုးကျိုးပြုမှု့ကို လျော့စေတယ်လို့ ပြောခဲ့ပါတယ်။ (ဒို့များရဲ့
ရွာမှာတော့ လေတိုက်ရင် ဖယောင်းတိုင်ကုန်မှာစိုးလို့
တံခါးပိတ်လိုက်ရတာအမော) ဆက်လက်ပြီးတော့ Hamidi က တခါတလေ
ထွန်းတာမျိုးကတော့ လူတွေအတွက် အန္တရာယ်မရှိနိုင်ပေမဲ့ နေ့စဉ်ရက်ဆက်
ထွန်းတာမျိုး၊ ရေချိုးခန်း နဲ့ အလုံပိတ် အခန်းတွေမှာ ထွန်းရင်တော့
ပြသနာရှိတယ်လို့ပြောကြားခဲ့ပါတယ်။ ပျားဖယောင်းတို့ ပဲပုပ်ပဲ တို့က
ထုတ်တဲ့ ဖယောင်းတို့ကြတော့ ဈေးကြီးသော်လည်း အန္တရာယ်မရှိပါဘူး။ ရေနံက
ထုတ်တဲ့ ဖယောင်းတစ်မျိုးတည်းသာ အန္တရာယ်ပေးနိုင်တာဖြစ်ပါတယ် လို့ လဲ
ပြောကြားသွားပါတယ်။ လေ့လာ သိရှိချက်များအရတော့ အဲ့ဒီ ရေနံကထုတ်တဲ့
ဖယောင်းတိုင်မီးထွန်းခြင်းကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးများကတော့
အာရုံကြောများကို ထိခိုက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်
မွေးဖွားလာတော့ခလေးတွင် အပြစ်အနာအဆာ ပါလာခြင်း၊ ကင်ဆာရောဂါဖြစ်
နိုင်ခြင်း အထူးသဖြင့် သွေးကင်ဆာ ဖြစ်နိုင်ခြင်းတို့ဘဲ ဖြစ်ပါတယ်။

ဒီပုံအတိုင်းဆို ညဖက် ဖယောင်တိုင်ထွန်းနေရတဲ့ သူတွေအတွက်တော့
ကုလအတွင်းရေးမှူးချူပ်ကြီး ဘက်ကီမွန် ရဲ့ လက်သုံးစကားလိုဘဲ
ကျွန်တော့်အနေနဲ့တော့ အထူးဘဲ စိုးရိမ်မကင်းဖြစ်မိပါတယ်။

myanmar reader
ထဲမှကူးယူထားပါသည်။



Wherever you are, whatever you do, don't forget you are MYANMAR.

Dear members, please read this annoncement.
Code:
http://[You must be registered and logged in to see this link.]

Chikara Hikaru


MITR New User



Thanks Htet Naing for sharing a valuable piece of information.

http://webs.sacredsix.com

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forum free | Computers and Internet | Useful tricks and tips, infos | © PunBB | Free forum support | Contact | Report an abuse | Free forums