Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

Goto page : 1, 2  Next

View previous topic View next topic Go down  Message [Page 1 of 2]

sHa92


Founder



Founder
First topic message reminder :

အားလုံးစောင့်မျှော်နေကြတဲ့ (မျှော်လားမမျှော်လားတော့ မသိဘူး) MITR 2.0 ရဲ့ ပြောင်းလဲမှု Plan လေးကို တစ်ဆင့်ချင်းလုပ်သွားပါမယ်။

ကျွန်တော့်အနေနဲ့ ကြိုတင်မေတ္တာရပ်ခံချင်တာ တစ်ခုကတော့ အားလုံးရဲ့ ပူးပေါင်းပါ၀င်မှုကို လိုချင်ပါတယ်ခင်ဗျာ။

ပထမဆုံးအနေနဲ့ ကျွန်တော် ပြောင်းမယ့်ပုံစံအတွက် လိုအပ်မယ့်ဟာတွေကို Step by Step သွားကြပါမယ်။

Step 1

အရင်ကပြောခဲ့ဖူးသလို Forum ကို နှစ်ပိုင်းမခွဲတော့ပါဘူး။
ဒါပေမယ့် Category ကို အတတ်နိုင်ဆုံး နည်းနည်းဘဲထားပါမယ်။ (များလို့ရှိရင် Cover မဖြစ်လို့ပါ။ ရေးနိုင်တဲ့သူများလာမှ ထပ်ချဲ့ပေးမယ်လို့ စိတ်ကူးပါတယ်။)

အဲဒီ့လို Category ကို နည်းနည်းဘဲထားမယ်လို့ ကျွန်တော် စဉ်းစားမိတဲ့ အခါမှာ ပထမဆုံးတွေ့ရတဲ့ အခက်အခဲကတော့ စာဖတ်မယ့်သူက Post ရှာရတာပါ။
Post ကို ရှာတဲ့ အခါမှာ ကျွန်တော်တို့က Category ကို အစုံမခွဲပေးထားတော့ ရောနေလို့ ရှာရခက်ပါမယ်။
အဲဒီ့ အတွက် ဘယ်လို အဆင်ပြေအောင် လုပ်ရမလဲဆိုတာကို ကျွန်တော် ၃ရက်လောက် စမ်းသပ်ပြီးတော့ ၊ အကောင်းဆုံးနဲ့ အလွယ်ကူဆုံး အဖြေကို စဉ်းစားမိတာလေးကတော့ Post Title (သို့) Post Description လေးတွေမှာ Post Tag လေးတွေ ထားပေးခြင်းပါဘဲ။

Post Tag ထားတာ ဘယ်လိုလဲဆိုတာကို သိချင်ရင် အောက်က CSS Category ကို ကြည့်ကြည့်ပါ။

Code:
http://[You must be registered and logged in to see this link.]


အဲဒီ့ Category နဲ့ အချို့သော Category တွေမှာ ကျွန်တော် နည်းမျိုးစုံစမ်းပြီးတော့မှ ဒီ Post ကို တင်တာဖြစ်ပါတယ်။
အဲဒီ့ Category မှာ လုပ်ထားသလိုမျိုး Post Tag တွေကို လုပ်လိုက်ခြင်းအားဖြင့် Post ရှာမယ့်သူက အဲဒီ့ Tag လေးတွေကို ရှာလိုက်ရုံပါဘဲ။
အရမ်းကို လွယ်ကူလွန်းပါတယ်။

အဲဒီ့အတွက် ကျွန်တော်တို့မှာ ဘာအခက်အခဲရှိသွားပြန်သလဲဆိုတော့ အခု Forum ပေါ်မှာ Topic 2000 ကျော်ရှိပါတယ်။
Topic 2000 လုံးကို Post Tag လိုက်တပ်ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
အဲဒီ့အတွက် ကျွန်တော်လိုအပ်နေတာ လူအင်အားဖြစ်ပါတယ်။ Member တွေကလည်း ကိုယ့် Post လေးတွေကို Tag လေးတွေ လိုက်တပ်ခြင်းဖြင့် ကူညီပေးနိုင်သလို ၊ Moderator & Admin တွေကလည်း အားရင်အားသလို တပ်ပေးသွားဖို့ တောင်းဆိုပါတယ်ခင်ဗျာ။

ဘယ်လို Tag မျိုးတွေ တပ်ရမလဲဆိုတာကိုတော့ အောက်က Link မှာ ကျွန်တော် ခွဲပြပေးထားပါတယ်။
အကြမ်းသဘောဘဲရှိလို့ မပြည့်စုံသေးပါဘူး။ ထပ်ပြီးတော့လည်း အမြဲတမ်းစဉ်းစားမိတိုင်း ဖြည့်ပေးနေပါတယ်။
အစ်ကိုတို့ရဲ့ အကြံပေးချက်တွေကိုလည်း ကြိုဆိုနေပါတယ်ခင်ဗျာ။

Code:
http://[You must be registered and logged in to see this link.]


ဒီ အဆင့်ပြီးမှ ကျွန်တော်လည်း ရှေ့ဆက်တက်လို့ရမှာပါ။
Category ကို ဘယ်လိုပုံစံထားမယ် ၊ ဘယ်လောက် ခြုံ့နိုင်မယ်ဆိုတာ ဒီ အဆင့်ပေါ်မှာ မူတည်နေပါတယ်။
အဲဒီ့အတွက် အားလုံးရဲ့ လုပ်အားကို လိုချင်ပါတယ်ခင်ဗျာ။
ကျွန်တော့်ကို ကူညီပေးနိုင်မယ်လို့ထင်ပါတယ်။

ဘာမှမခက်ခဲပါဘူး ၊ တစ်ရက်ကို ၅ ပိုစ့်လောက်ဘဲ Edit လုပ်ပေးသွားရင်တောင်မှ Post 100 ရှိရင် ရက် ၂၀ ဆို ပြီးပြတ်ပါတယ်။ (Post 100 ရှိတဲ့ Member ကလည်း လက်ချိုးရေလို့ရတော့ ၊ အခြား Member တွေက ရက် အနည်းငယ်နဲ့ ပြီးပြတ်သွားမှာပါ)

အားလုံး ကူညီပေးကြပါခင်ဗျာ။ တတ်နိုင်သလောက်လေး လုပ်ပေးကြပါ။ Step 1 ပြီးရင် Member တွေ အလုပ် Mod တွေ အလုပ် ကုန်ပြီလို့ထင်ပါတယ်။
အဲဒါသာပြီးရင် ကျွန်တော့်ဘက်က ဆက်တိုက် ဖြည့်ပေးစရာဘဲကျန်ပါတော့တယ်။

နားမလည်တာ ၊ အကြံပေးချင်တာရှိရင် လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း အကြံပေးနိုင်ပါတယ်။

လေးစားစွာဖြင့်
$ƴǩǾ



Last edited by sHa92 on 26th August 2011, 11:20 pm; edited 3 times in total



Change We Need!
http://www.myanmaritresource.info

sHa92


Founder



Founder
Facebook Connect လည်း ပြီးသွားပြီ။ တခြား အသေးစားပြောင်းလဲမှုလေးတွေ စာရင်းကို ဒီမှာဘဲ ဆက်ပြီး ဖော်ပြပေးပါမယ်။

၁- Signature မှာ အရင်က စာလုံးရေ ၅၀၀ ဘဲရပါတယ်။ အခု ၁၀၀၀ အထိ တိုးမြှင့်ပေးထားပါတယ်။ (အခြားသူကို ပိုပြီး မျက်စိနှောက်လို့ရပြီပေါ့ Razz)

၂- WYSIWYG editing ပုံစံမျိုး (Post တင်သလို ပုံစံမျိုး) နဲ့ signature ရဲ့ Editing ပုံစံကိုလည်း ပြုလုပ်ပေးလိုက်ပါတယ်။ အရင်က BBCode တွေနဲ့ မမြင်မစမ်းအလှဆင်ခဲ့ကြရမှာ ၊ အခုဆိုရင် စိတ်ကြိုက် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

ဒါကတော့ Signature နဲ့ ပတ်သက်လို့ပါ။

Signature ကို ဘယ်မှာထည့်ရမယ်မှန်းမသိတဲ့သူများ အောက်ကလင့်ခ်မှာ သွားထည့်လို့ရပါတယ်ခင်ဗျာ
Code:


Facebook Like Button ကလည်း Facebook Connect ထည့်ရင်း တစ်ခါထဲထည့်ထားပါတယ်။ Post တစ်ခုစီရဲ့ အပေါ်ဆုံးမှာ ရှိပါလိမ့်မယ်။ ကြိုက်တယ်ဆိုရင် Like Button လေးကို နှိပ်လိုက်လို့ရပါတယ်။ အဲဒါဆိုရင် Facebook ပေါ်မှာ သွားပေါ်ပါလိမ့်မယ်။
Share Button ကိုလည်း မရှုပ်နေအောင် သတ်သတ် ခွဲထုတ်ပေးပါဦးမယ်။ ဒီအတိုင်းလဲ ရှဲလို့ရပါတယ်ခင်ဗျာ။


sHa92


Founder



Founder
မနေ့ညကတည်းက လုပ်နေတာ ၊ Bug လည်း အတော်များများတွေ့ပြီး ၊ ရှင်းတော့ ရှင်းပေးထားတယ်။
Log in Page ကတော့ Box တွေ ပေါ်အောင်လုပ်လို့ရတယ်။ ဒါပေမယ့် server side က လူတွေက သူတို့ရှင်းပေးတာ စောင့်ဦးဆိုတာနဲ့ ၊ ပြန်ပိတ်ထားလိုက်တယ်။

တခြားတွေ့ရတဲ့ အဆင်မပြေတာတွေရှိရင် အသိပေးပါဦးနော်.... တတ်နိုင်သလောက်တော့ ကျွန်တော်လည်း ရှာထားတာဘဲ။



Change We Need!

ပိစိလေး


MITR Reader



MITR Reader
Login time ကို နည်းနည်း ထပ်မြှင့်ပေးပါလား... စာတစ်ပုဒ်ဖတ်ပြီး reply ပြန်ရင် login ပြန်ပြန်ဝင်နေရလို့ ...

http://forum.mmitd.com/pixielay

sHa92


Founder



Founder
အဲဒါကတော့ ကျွန်တော်တို့ရဲ့ Service Provider ဘက်ကလုပ်ထားတာခင်ဗျ။
ကျွန်တော် ပြင်ဖို့ နည်းလမ်းရှာပေမယ့် မရဘူး။
ကိုယ့်ပိုစ့်ကရှည်မယ်ဆိုရင် Notepad ထဲ ရေးပြီးမှ ၊ Paste လုပ်တာ အကောင်းဆုံးပါဘဲ။
ကျွန်တော်လည်း အဲလိုဘဲလုပ်တယ်။



Change We Need!

water


MITR Reader



MITR Reader
ကျနော် signature က HTML code တွေနှင့်ပေါ်နေတယ်ဗျ ... လုပ်ပါဦး.... profile>preference မှာ လဲ always allow HTML ကို NO ထားပါတယ်... ဘာလို့ပေါ်နေတာလဲ ဗျ...

sHa92


Founder



Founder
ရပြီထင်တယ်... Very Happy
ကိုယ့်ကိုယ်ပြင်လည်းရလောက်ပါတယ်... delete လေးတွေလုပ်လိုက်ရုံဘဲရယ်။ Very Happy



Change We Need!

water


MITR Reader



MITR Reader
ညီ့ကို ဆက်သွယ်ချင်ရင် ဘယ်လိုလုပ်ရမလဲ... ညီရဲ့ content မှာ....
Send email ကို click ရင် outlook express ရောက်သွားတယ်
via website ကို click ရင် website ရဲ့ Main Page ကိုရောက်သွားတယ်

48 Re: MITR 2.0 (Step By Step Building) [Announcement] on 30th September 2010, 11:00 pm

lynndragon


MITR New User



အောက်က Topic ကလင့်တွေကို အကုန်လုံးနီးပါး မကောင်းတော့ဘူး...
(No such file or deleted )
Code:


ကျနော် အကြံပေးချင်တာကတော့ Ifile နဲ့မတင်ဘဲ တခြားဟာနဲ့ တင်စေချင်ပါတယ်
IFille က တစ်ပတ်အတွင်း ဒေါင်းမယ့်သူမရှိရင် ဖျက်ပစ်လိုက်ပါတယ်
ဥပမာ - Mediafire မှာဖြစ်ဖြစ် အကောင့်လုပ်ပြီးတင်ထားရင် ဘယ်အချိန်ဒေါ်င်းဒေါင်း မပျက်ပါဘူး...ကျနော့်ဟာတွေ တင်ထားတာ ခုထိရှိပါသေးတယ် ... ၇လ ၊ ၈လ လောက်ရှိနေပါပြီ ... ဒေါင်းလို့ ရနေပါသေးတယ်ဗျ

49 Re: MITR 2.0 (Step By Step Building) [Announcement] on 30th September 2010, 11:11 pm

lynndragon


MITR New User



water wrote:ညီ့ကို ဆက်သွယ်ချင်ရင် ဘယ်လိုလုပ်ရမလဲ... ညီရဲ့ content မှာ....
Send email ကို click ရင် outlook express ရောက်သွားတယ်
via website ကို click ရင် website ရဲ့ Main Page ကိုရောက်သွားတယ်


အောက်ကပုံကို ကြည့်ပါ ... ရိုးရိုးလေးပါပဲ
[You must be registered and logged in to see this image.]

Fox


MITR Reader



MITR Reader
Private Interracial Porn?????
admin ပုံကဘယ်လိုဖြစ်လို့ porn ပုံဖြစ်သွားတာလဲ Very Happy
18 နှစ်အောက်မကြည့်ရတဲ့....



[You must be registered and logged in to see this image.][You must be registered and logged in to see this image.]

sHa92


Founder



Founder
wtf where????????? which photo did u mean?



Change We Need!

Fox


MITR Reader



MITR Reader
lynndragon ဒီပိုစ့်မှာတင်ပေးထားတဲ့ ပုံကိုပြောပါတယ်
တစ်ချက်လောက် ကလစ်နှိပ်ကြည့်ပါ့လား



[You must be registered and logged in to see this image.][You must be registered and logged in to see this image.]

sHa92


Founder



Founder
အာ.... အဲဒါ Upload တင်တဲ့သူက အဲလို သတ်မှတ်ပေးလို့နေမှာပါ.. Smile



Change We Need!

View previous topic View next topic Back to top  Message [Page 1 of 2]

Goto page : 1, 2  Next

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | © PunBB | Free forum support | Contact | Report an abuse | Free forum