Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

MagicEyez


MITR New User



Forum မှ အကို တို့ အမတို့ရေ

ကျွန်တော် က programming ဆို ဘာဆိုဘာမှသိတဲ့ ကောင်မဟုတ်ဘူး..
ဒါပေမဲ့ လေ့လာချင်တဲ့ စိတ်ကလေး ပေါ်လာ လို့ သင်တန်း တစ်ခုလောက် လမ်းညွှန်ပေး ကြပါ ခင် ဗျာ......

လေ့လာ ချင်တဲ့ language ကတော့ C/C++ ပါ ခင်ဗျာ
ကျေး ဇူး တင် ပါတယ်
လမ်း မှာ တွေ့ရင် လည်း မုန့်ဝယ်ကျွေးပါ့ မယ် Smile



Last edited by Fox on 10th August 2011, 6:38 am; edited 3 times in total (Reason for editing : TEMPORARY PLACE မှပြောင်းထားသည်။)

C0D3R


MITR Master



MITR Master
အခုလိုမျိုးများများပေါ်ရင်ပိုကောင်းမှာ

ကျွန်တော်လည်းအစ်ကိုလိုပဲ့ ဒီလိုစိတ်မျိုးပေါ်လာတိုင်းလေ့လာလိုက်တာ အကုန်တော့ basic run လိုတတ်သွားတယ်

ဒါပေမယ့် သေချာမသိတာတော့အမှန်ပဲ့ ကဲ့ဘာလေ့လာမလဲ ၀ါသနာတူရင်အတူတူကဖို့လူလိုနေတယ်

http://www.myanmaritresource.info

sHa92


Founder



Founder
တကယ်တော့ သင်တန်းဆိုတာ Basic Knowledge ကိုဘဲပေးနိုင်တာပါ။
တကယ် တတ်ခြင်း မတတ်ခြင်းကတော့ နောက်ဆုံးမှာ ကိုယ့်အပေါ်မှာဘဲ မူတည်နေမှာပါ။

ပြီးတော့ Language ရွေးရာမှာ အစ်ကို ရွေးချယ်တာ မှန်ကန်တယ်လို့ ဆိုနိုင်ပါတယ်။
တကယ်တော့ Programming နဲ့ ပတ်သက်ပြီး ဘာမှ မသိသေးရင် ၊ အရင်ဆုံးလေ့လာသင့်တာကတော့ C/C++ ဘဲ ဖြစ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ (ကျွန်တော့်တုန်းကဆို VB 6 နဲ့ စပြီးတော့ လေ့လာမိသွားတော့ နောက်ပိုင်းမှာ တော်တော် အခက်တွေ့ခဲ့ရတယ်။ VB လိုင်းထဲရောက်နေတော့ အဓိကကတော့ OO Concept မမိတာပေါ့။ Smile )

C++ ကို သေချာလေ့လာမယ်ဆိုရင် Logic ပိုင်သွားမယ် ၊ Programming Concept လည်း မိသွားမယ်ဆိုတာ တော်တော် သေချာပါတယ်။ (C++ နဲ့ ပတ်သက်ရင်တော့ ကို လောရှည် က ပိုသိတယ်။ Smile)

သင်တန်းတက်မယ်ဆိုရင် C++ ကို သင်ပေးတဲ့သင်တန်းတော့ သိပ်မတွေ့သလိုဘဲ။ (ကျွန်တော်ကလည်း KMD ဘဲသိတော့ ၊ မုန်းလည်း အဲဒီ့ကိုဘဲ ညွန်ရဦးမယ်ထင်တယ်။ Razz )

ဒါပေမယ့် သင်တန်းကနေ Concept ရလေ့မရှိဘူးဗျ။ Coding ရေးတတ်မယ် ၊ Language Structure သိသွားမယ်။ Looping ပတ်တတ်မယ်။ အဲဒီ့လောက်ဘဲ သိကြလိမ့်မယ်။

အကောင်းဆုံးကတော့ အချိန်လဲပေးနိုင်မယ် ၊ စာဖတ်လည်း ၀ါသနာပါတယ်။ Programming ဆိုတာကိုလည်း တကယ်ဝါသနာပါတယ် (၀ါသနာမပါဘဲ ၊ Programming ဘာဆိုတာ သိချင်လို့ ဆိုရင်တော့ သင်တန်းသာသွားတက်လိုက်တော့။ Razz ) ဆိုရင်တော့ Ebook တွေက အထောက်အကူပြုပါလိမ့်မယ်။
စစချင်းမှာတော့ Ebook တွေ ဖတ်ရတာ ဟိုရောက်လိုက် ၊ ဒီရောက်လိုက်ဖြစ်နေတာတို့ ၊ တကယ့်စာအုပ်ကို ကိုင်ဖတ်တာ နဲ့ အသားကျနေတဲ့သူတွေဆို Computer ပေါ်မှာ မဖတ်တတ်တာတို့ စတဲ့ အခက်အခဲတွေနဲ့တော့ ကြုံရနိုင်ပါတယ်။
ဒါပေမယ့် Ebook အမျိုးအစားကိုလည်း သေချာရွေးတတ်မယ် ၊ စနစ်တကျလည်း လေ့လာတတ်မယ်ဆိုရင် အားလုံးကို အိမ်မှာတင် သင်ယူလို့ရပါတယ်။ Smile

Ebook တွေကတော့ အမျိုးမျိုးရှိပါတယ်။

စတင်လေ့လာသူတွေအတွက်ဆိုရင်တော့ 24hours Series တွေကို ညွှန်းချင်ပါတယ်။
အဲဒီ့ Series တွေက အနည်းဆုံးတော့ Language ကို အကြမ်းဖျင်းသဘောပေါက်သွားစေတယ်။
အကောင်းမမြင်တဲ့သူ တချို့ရဲ့ ၂၄ နာရီနဲ့ ဘယ်လိုလုပ်တတ်မလဲဆိုပြီး ကဲ့ရဲ့ထားတဲ့ ဆောင်းပါးတွေကို ဖတ်မိပြီးတော့တော့ 24hours series တွေကို အထင်မသေးလိုက်ပါနဲ့။ သူတို့မှာလည်း တကယ်သေချာ လေ့လာတတ်တဲ့သူတွေ အတွက် အကျိုးဖြစ်ထွန်းစေပါတယ်။ Smile

အဲဒီ့ စာအုပ် အမျိုးအစားကိုဖတ်ပြီးရင်တော့ ပိုပြီး အသေးစိတ်ကျကျရှင်းထားမယ့် စာအုပ်မျိုးတွေရှာဖတ်ပါ။(ဒီနေရာမှာတော့ C++ ဆိုတော့ ကို လောရှည် ကို အကြံပေးဖို့ တောင်းဆိုချင်ပါတယ်။)

အဲဒီ့လိုမျိုးနဲ့ သေချာလည်း လုပ်သွားမယ် ၊ တကယ်လည်း စိတ်ဝင်စားမယ်ဆိုရင်တော့ ၆ လ လောက်မှာ Concept ကို တော်တော်ပိုင်နိုင်နေလောက်ပါပြီ။ (တော်တဲ့သူဆိုရင် တော်တော်တောင် ရေးနိုင်နေလောက်ပြီ။)

ဖြေးဖြေးချင်း သင်ယူသွားကြပေါ့။ ပညာဆိုတာ ၀ုန်းဒိုင်းနဲ့ တတ်တဲ့အရာမှမဟုတ်တာ။

ကျွန်တော် အခုပြောတာ ပညာရပ်အားလုံးနဲ့ အကုန်မပတ်သက်တောင် တော်တော်များများ ပါတ်သက်နေပါလိမ့်မယ်။ အဲဒီ့တော့ တခြားသူတွေလည်း သင်တန်းတက်မယ့်အစား အဲဒီ့လိုလုပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

လေးစားစွာဖြင့်
$ƴǩǾ



Change We Need!
http://www.myanmaritresource.info

bluehack


Moderator



Moderator
ကျွန်တော်သိချင်တာလေးတစ်ခုမေးပါရစေဗျာ။ အခုကျွန်တော် ဖိုရမ်ထဲမှာလို်က်ရှာတာတော်တော်များများ
မှာတော့ C++ နဲ့ပက်သက်တာလေးတွေရေးထားပါတယ်။ ဒါပေမယ့်ကျွန်တော်ရှာမတွေ့တာက C++ ကို ဘယ်လို Install လုပ်ရမလဲ။ ဘယ်လို Compiled လုပ်ရမယ်ဆိုတာကိုတော့ ရေးထားတာမတွေ့ရသေး
ဘူးဖြစ်နေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အဲဒါလေးကို ထည့်ရေးပေးထားစေချင်ပါတယ်ဗျာ။ ဆိုလိုတာကဗျာ
ဒီ Program ကို ဒီလို Install လုပ်ရတယ်။ Code တွေကဒီလို ရေးရတယ်။ ပြီးရင် ဒီလို Compile
လုပ်ပြီးတော့ဒီလို Run တာဆိုတာမျိုး စုံသွားစေချင်လို့ပါ။ စာအုပ်ထဲမှာ English လိုရေးထားတာကို ရှာမ
ဖတ်ဖြစ်တဲ့သူအတွက် ဒီလိုမျိုးလေးရေးပေးထားလိုက်တာပိုကောင်းမလားလို့ အားလုံးကိုမေးကြည့်ချင်ပါ
တယ်ခင်ဗျာ။ အနှောင့်အယှက်ဖြစ်သွားခဲ့ကြရင်ခွင့်လွှတ်ပေးစေလိုပါတယ်။
[You must be registered and logged in to see this image.]

johnhtoiaung


MITR New User



turbo c++ အတွက် မြန်မာလို ဘာသာပြန်ထားတဲ့ ebook လေးလိုချင်လို့ ဘယ်ဆိုဒ်ထဲ ဝင်ရှာရမယ် မသိဘူးဖြစ်နေတယ်..ကူညီပါဦးခင်ဗျ..

chan.virus


MITR Reader



MITR Reader
ကျွန်တော့်ဆီမှာ C++ စာအုပ်တော့ရှိတယ် မြန်မာလိုလညး်ရှိတယ်
ကျောငး်မှာသင်တဲ့ text book တွေလညး်ရှိတယ်
လိုချင်ရင်ပြောလေ
ကူညီနိုင်သလောက်ကူညီပါ့မယ်

bluehack


Moderator



Moderator
ဟာ...
ဒါဆိုအတော်ပဲ.....online lesson လေးလုပ်ပေးပါလား
ဒါဆို အားလုံးလဲ အဆင်ပြေသွားမယ်ထင်တယ်...
သိချင်နေတဲ့သူတွေတော်တော်များတယ်ဗျ....
ကူညီပါနော့် Very Happy

moe htet


MITR New User



ဟုတ်တယ်ဟုတ်တယ် online မျာတင်ထားရင်ကောင်းတယ်

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forums free | © PunBB | Free forum support | Contact | Report an abuse | Free forums