မြန်မာစာကို မြန်မာလိုမမြင်ရတော့မယ့် စနစ်ကြီးက လက်ဝါးကြီးအုပ်ရန် ကြိုးစားနေပြီလော???
- Code:
http://[You must be registered and logged in to see this link.]
စာတိုင်းကို Unicode နဲ့ရေးထားတဲ့အတွက် (ဘယ်သူက Translate လုပ်နေလဲတော့မသိဘူး ၊ ချီးတော့ကျူးတယ်။ တော်တော်များများပြီးလာပြီ) ဖတ်ရတာ လုံးဝ အဆင်မပြေဘူး။
မြန်မာစာစစ်စစ်မှာ မောက်ချ ၊ ၀ိုက်ချ တွေရှိရဲ့သားနဲ့ ဘာလို့ တစ်ခုထဲလုပ်ရတာလဲ ၊ Data Processing တိကျစေဖို့ဆိုတဲ့ reason ကိုတော့ လက်မခံချင်ဘူး။ တခြား reason တွေလည်း သိပ်လက်မခံချင်ဘူး ၊ မြန်မာစာ sorting စစ်စစ်မှာလည်း မောက်ချ ၊ ၀ိုက်ချ ကို သီးသန့်စီ sorting စီတဲ့ စနစ်ရှိပြီးသားဆိုတော့ sorting & searching မှာတော့ ရောနိုင်စရာအကြောင်းမရှိလောက်ပါဘူး။ မြန်မာစာစစ်စစ်အတိုင်းလုပ်မယ်ဆိုရင်ပေါ့.
ပြီးတော့ အခုဆိုရင် သူတို့က နေရာတိုင်းကို လွှမ်းမိုးဖို့ ခြေလှမ်းနေပြီ။ Windows ထဲလဲထည့်မယ်။ အခု Google မှာလည်း အရင်ကမှ တခြားဖောင့်တွေ (especially Zaygyi) နဲ့လုပ်ထားတာတွေ့ရသေးတယ် ၊ အခုတော့ အကုန် သူချည်းဘဲ။

ဘယ်လိုပြောပြော ကျွန်တော်တော့ ဘယ်လိုမှအားမပေးနိုင်ဘူးဖြစ်နေတယ်ဗျာ။
အရင်လာအရင်ရိုက်စနစ်ကိုတော့ Error တက်စေနိုင်လို့ မထည့်တာကိုလက်ခံပေမယ့် ၊ စာလုံးပုံစံမှာ ဇော်ဂျီ လို ပေါ်မယ်ဆိုရင်အားပေးချင်ရဲ့။ ရရစ် ၊ ယပင့် ၊ ရရစ်ကြီး ၊ ၀ိုက်ချ ၊ မောက်ချ အကုန်ပါမယ် ဆိုရင်တော့ စာဖတ်ရလည်း ပိုအဆင်ပြေသွားမယ်ထင်တာဘဲ။
ဘာရယ်တော့မဟုတ်ဘူး ၊ ဒီနေ့ အဲဒီ့နေရာ အမှတ်မထင်ရောက်သွားရင်း ၊ မျက်စိထဲ လုံးဝကြည့်မရတဲ့ ဖောင့်တွေနဲ့ တွေ့လိုက်မိလို့ ၊ စိတ်ထဲရှိတာလေးပြောလိုက်တာပါ.။
Technical ပိုင်းတော့ သေချာမသိတော့ ကျွန်တော် မှားနေတာရှိလဲ ၊ ပြန်လည်ဝေဖန်ပေးပါဦး.