Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

ဒီပွဲကို ?

88% 88% [ 24 ]
11% 11% [ 3 ]
0% 0% [ 0 ]
Total Votes : 27

View previous topic View next topic Go down  Message [Page 1 of 1]

1 Programming ပြိုင်ပွဲ on 24th October 2009, 11:50 am

sHa92


Founder



Founder
First topic message reminder :

ကျနော် Programming ပြိုင်ပွဲလေး လုပ်ဖို့ စဉ်းစားပါတယ်။ ဒါပေမယ့် မလုပ်ခင် ပြိုင်မယ့်သူရှိမရှိ မဲအရင်ကောက်တာပါ။ တော်ကြာ လုပ်လိုက်ပြီးမှ တစ်ယောက်မှ လာမပြိုင်ရင် အရှက်ကွဲမှာ။ [You must be registered and logged in to see this image.]

ကျနော်လုပ်မယ့်ပုံစံကတော့ ခေါင်းစဉ်တစ်ခုပေးပါမယ်။ လုပ်ရမယ့် အချက်တွေလည်းရေးပေးပါမယ်။
ပြီးရင် အဲဒီ့အတိုင်း အနီးစပ်ဆုံးရအောင် ၁ လ အတွင်းရေးရပါမယ်။
ရေးလို့ပြီးတဲ့သူက Source Code တွေကို ကျနော့်ဆီ Mail နဲ့ ပို့ရပါမယ်။
မြန်လည်း မြန်ရမယ် ၊ မှန်လည်း မှန်ရမယ်။ အဲဒီ့ကမှ Source Code တွေ မှန်မမှန်စစ်ပြီးတော့ Function ရေးသားပုံ ၊ ရေးသားနည်း များပေါ်မူတည်ပြီး အမှတ်ပေးပါမယ်။
အနိုင်ရရှိတဲ့သူ ၁ ယောက် ရွေးပါမယ်။ ဆုကတော့ ဘာလဲဆိုတာ မစီစဉ်ရသေးပါဘူး။ လုပ်ဖြစ်မှ ဘာဆုပေးမယ်ဆိုတာ ကြေငြာပါ့မယ်။
လောလောဆယ်တော့ ဒိုင်က ကျနော်တစ်ယောက်ဘဲရှိဦးမှာ။ ပါဝင်ကူညီချင်ရင်လည်း ပြောနိုင်ပါတယ်။

ဒါက လုပ်ဆောင်မယ့် ပုံစံ အကြမ်းဖျင်းပါ။ Poll လုပ်ပေးထားပါတယ်။ Poll ကို ၁၅ ရက် လုပ်ထားပါတယ်။ လုပ်မယ်လို့ ဆုံးဖြတ်ပြီးမှ သေချာအစီအစဉ်ဆွဲပေးပါမယ်။

Vote လုပ်ရာမှာ ရမ်းပြီးတော့ ရွေးချင်တာရွေးသွားတာမျိုးမလုပ်ပါနဲ့ ကိုယ်ရွေးခဲ့တဲ့ အဖြေပေါ်မူတည်ပြီး အောက်မှာ ဘာကြောင့်ဆိုတာ Reply ပြန်ခဲ့ပေးဖို့ မေတ္တာရပ်ခံပါတယ်။



Last edited by $ƴǩǾ on 27th October 2009, 6:28 pm; edited 2 times in total



Change We Need!
http://www.myanmaritresource.info

21 Re: Programming ပြိုင်ပွဲ on 27th October 2009, 12:54 pm

Law Shay


VIP Member



VIP Member
$ƴǩǾ wrote:
မြန်လည်း မြန်ရမယ် ၊ မှန်လည်း မှန်ရမယ်။ အဲဒီ့ကမှ Source Code တွေ မှန်မမှန်စစ်ပြီးတော့ Function ရေးသားပုံ ၊ ရေးသားနည်း များပေါ်မူတည်ပြီး အမှတ်ပေးပါမယ်။


ရေးသားပုံ ရေးသားနည်းထက်စာရင် ... Complexity + Optimization ကို အမှတ်ပေးစေလိုပါတယ်။ ဒါမှလဲ ဘာသာရပ်ရဲ့ သဘောသဘာဝနဲ့ နီးစပ်ပါမယ်။

Complexity + Optimization နဲ့ပတ်သက်လို့ ဘလော့ဂ်မှာ ရေးထားမိတဲ့ သက်ဆိုင်တဲ့ လင်ခ့်တချို့ကတော့ ...

Code:
http://opera.lawshay.com/search/label/%E1%80%80%E1%80%BC%E1%80%94%E1%80%B9%E1%80%95%E1%80%BA%E1%80%B4%E1%80%90%E1%80%AC%20%E1%80%9E%E1%80%AD%E1%80%95%E1%81%B8%E1%80%B6

22 Re: Programming ပြိုင်ပွဲ on 27th October 2009, 1:11 pm

mark


MITR New User



ဒါနဲ့ ဘာခေါင်းစည်းနဲ့ ပြိုင်မှာလဲ မသိဘူး။



Last edited by /-††@Cl<3r on 27th October 2009, 1:32 pm; edited 1 time in total (Reason for editing : စာလုံးပေါင်းပြင်ထားပါတယ်)

23 Re: Programming ပြိုင်ပွဲ on 27th October 2009, 2:17 pm

ဘီလူး


Reviewer



Reviewer
လုပ်သာလုပ်ပါဗျို့ .....ကျွန်တော်ကတော့ programming ကိုမုန်းလို့ မပြိုင်တော့ဘူး....ဟီးဟီး....တတ်
လည်းမတတ်ဘူး.... Very Happy Very Happy Razz

24 Re: Programming ပြိုင်ပွဲ on 27th October 2009, 2:45 pm

princeakarit


MITR New User



ကျုပ်တို့ ဗုတ်ပေးလို့ရ၀ူးတော့

25 Re: Programming ပြိုင်ပွဲ on 27th October 2009, 6:23 pm

sHa92


Founder



Founder
Law Shay wrote:
ရေးသားပုံ ရေးသားနည်းထက်စာရင် ... Complexity + Optimization ကို အမှတ်ပေးစေလိုပါတယ်။ ဒါမှလဲ ဘာသာရပ်ရဲ့ သဘောသဘာဝနဲ့ နီးစပ်ပါမယ်။

Complexity + Optimization နဲ့ပတ်သက်လို့ ဘလော့ဂ်မှာ ရေးထားမိတဲ့ သက်ဆိုင်တဲ့ လင်ခ့်တချို့ကတော့ ...

[You must be registered and logged in to see this link.]


ဟုတ်ကဲ့
အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ သေချာမဆုံးဖြတ်ရသေးဘူးခင်ဗျ။
အခုလို အကြံပေးတာကျေးဇူးတင်ပါတယ်။

mark wrote:
ဒါနဲ့ ဘာခေါင်းစည်းနဲ့ ပြိုင်မှာလဲ မသိဘူး။

အဲ... ကိုစိုးမင်း လားဗျာ။ အခုလိုရောက်လာတာ ၀မ်းသာပါတယ်။ အစ်ကိုကတော့ ကျနော့်ကို မသိပေမယ့် ကျနော်ကတော့ အစ်ကို့ကို သိလည်းသိ လေးလည်းလေးစားနေတာပါ။
ပြိုင်မယ့်ခေါင်းစဉ်ကို မပြောသေးဘူးဗျ။
သဘက်ခါ (ကြာသပတေး)မှပြောမယ်။ လူစာရင်းကောက်ရင်းနဲ့ပေါ့။ အစ်ကို့လိုလူမျိုးအတွက်တော့ လွယ်မှာပါ။ ကျနော်ကတော့ အစ်ကို့ကို ဒိုင်အဖြစ်ပါဝင်စေချင်တယ်။
မေးမှာကတော့ ကျနော်တို့ သင်တန်းတုန်းက ဆရာတွေကိုယ်တိုင် စဉ်းစားတဲ့ Logic မှားပြီးတော့ လုပ်နေကြတဲ့ Assignment တစ်ခုပါ။ အဲဒါကို အခုကော ဘယ်လိုလူမျိုးတွေ မှားယွင်းစဉ်းစားကြမလဲဆိုတာ သိချင်တာရယ်။ Programming ကို စိတ်ဝင်စားတဲ့ သူတွေကို စုစည်းပေးလိုက်ချင်တဲ့ ရည်၇ွယ်ချက်ကြောင့် လုပ်ဖြစ်သွားတာပါ။

[b]princeakarit[/b] wrote:
ကျုပ်တို့ ဗုတ်ပေးလို့ရ၀ူးတော့

အဲ ၊ ဟုတ်လားဗျ။ ကျနော်ပြန်ကြည့်လိုက်ဦးမယ်နော်။


အားလုံး အနေနဲ့ Vote တဲ့အရည်အတွက်ကို ကြည့်ရတာတော့ ကျနော်တို့ ပြိုင်ပွဲလုပ်ဖြစ်ဖို့ များပါတယ်။
အဲဒီ့အတွက် အခု ကျနော့်ကို ပြိုင်ရင် ဘယ်လို အမျိုးအစားလုပ်သင့်တယ် ၊ ဘယ်လို စည်းကမ်းလေးတွေနဲ့ ကန့်သတ်သင့်တယ်။
ဘာဖြစ်သင့်တယ်ဆိုတာလေးတွေ နည်းနည်းလောက် အကြံပြုပေးကြပါ။
ကျနော် လုပ်ချင်လွန်းလို့သာလုပ်လိုက်ရတယ် ၊ တစ်ခါမှမလုပ်ဖူးတော့ စည်းစနစ်မကျဖြစ်မှာစိုးလို့ပါ။
အတွေ့အကြုံရှိတဲ့သူတွေက ကူညီကြပါဦးနော်။



Change We Need!
http://www.myanmaritresource.info

26 yes vote on 27th October 2009, 7:25 pm

princeakarit


MITR New User



မိုက်တယ်....အဲလိုလေးတွေကို အားပေးပါတယ်....ကျနော်တော့ ကွန်ဖီးဒန့်မရတေးဝူး...နောက်ကြုံဦးမှာပေါ့
yes ပေးခဲ့တယ်နော် [You must be registered and logged in to see this image.]

27 Re: Programming ပြိုင်ပွဲ on 27th October 2009, 8:02 pm

sHa92


Founder



Founder
ကျနော်တို့ အစီအစဉ်ပြောင်းပါတယ်။
အခု Vote ရက်က ဒီအပတ် ကြာသပတေး ပိတ်မှာပါ။
လုပ်ဖြစ်ဖို့လဲ သေချာနေပြီဆိုတော့ ကျနော်တို့ မေးခွန်း ရယ် ၊ စည်းကမ်းချက်တွေရယ် ၊ ပြိုင်ပွဲ ကာလရယ် ကို နည်းနည်း အစီအစဉ်ဆွဲပါမယ်။
အဆင်သင့်ဖြစ်ပြီဆိုရင်တော့ လူစာရင်းကောက်ပါမယ်။
ဘာဖြစ်ဖြစ် ပြိုင်မယ်ဆိုတဲ့သူတွေကတော့ စာရင်းတစ်ခါထဲပေးထားခဲ့နိုင်ပါတယ်။
ဘာလာမယ်ဆိုတာ နည်းနည်းစောင့်ကြည့်ဥိးမယ်ဆိုတဲ့သူတွေကတော့ စည်းကမ်းလေးတွေ ထွက်လာတဲ့အခါမှ စာရင်းသွင်းကြပေါ့။ Smile

အပြောင်းအလဲရှိတိုင်း ပြောပေးသွားပါမယ်။
စိတ်ဝင်တစားရှိလှတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။



Change We Need!
http://www.myanmaritresource.info

28 Re: Programming ပြိုင်ပွဲ on 27th October 2009, 8:54 pm

Opera


MITR Reader



MITR Reader
အော် ညီလေးတို့ လုပ်နေကြတာ တော်တော် တောင် ခရီးရောက်နေပြီကိုး။

အားပေးတယ်ကွာ။

အစ်ကို အကြံတစ်ခုပေးချင်တယ်။

ဒိုင်ကို ညီလေး $ƴǩǾ တစ်ယောက်ထဲမလုပ်နဲ့။ နိုင်မှာမဟုတ်ဘူး။
ပြီးတော့ ဘာမေးခွန်းမေးမယ်ဆိုတာသေချာ စီစဉ်။
ပြီးရင် ဘယ်လိုပုံစံကို အဓိကထားပြီး အမှတ်ပေးမယ်ဆိုတာလည်း သေချာဆုံးဖြတ်ပါ။

တတ်ကျွမ်းတဲ့သူတွေနဲ့လည်း တိုင်ပင်ပါ။ အကူအညီတောင်းကြည့်ပါ။
အစ်ကိုက အစကတော့ ဒီဖိုရမ်ထဲက လက်ရှိလူစာရင်းအတိုင်းပြိုင်ကြမယ်ထင်လို့ ဘာမှဝင်မပြောတာပါ.
အခုတော့ တခြားကလူတော်တွေ အများကြီးရောက်လာတာတွေ့ရတယ်။
အဲဒီ့အတွက် အိမ်ရှင်ဖြစ်တဲ့ သူက ဧည့်သည်ကို ကောင်းကောင်းဧည့်ခံလိုက်ပါကွာ။
မပြန်ချင်တော့လောက်အောင်ကို ဧည့်ဝတ်ကျေပြလိုက်။

အစ်ကိုပြောချင်တာကတော့ အလောတကြီးမလုပ်စေချင်ဘူးကွာ။
သေချာလေးပြန်တိုင်ပင်ပါဦး။
ကြည့်ရသလောက် ဒီ ပြိုင်ပွဲက မင်းတစ်ယောက်ထဲများစီစဉ်နေတာလားကွ။
တခြား Admin တွေ ဖြစ်တဲ့ ကိုနေဇော် တို့ဘာတို့နဲ့လည်း ၀င်ကူဖို့ပြောလိုက်ဦးလေ။
သူတို့တွေလည်းတော်တာဘဲဟာကို။
အစ်ကိုကတော့ မကူညီနိုင်ဘူးကွာ။ အခုလိုဘဲ ဘေးကနေပြီး အကြံပေးတော့မယ်။
(မင်းလုပ်ပေးထားတဲ့ အကောင့်လေးနဲ့လေ Smile Smile )

29 Re: Programming ပြိုင်ပွဲ on 27th October 2009, 10:13 pm

သျှန်ဝေ


MITR Reader



MITR Reader
ဒိုင်လူကြီးတွေနဲ့ သေချာ တိုင်ပင် ပြီးလုပ်ပါအုံးဗျ
ခုဟာက ကမောက်ကမ ဖြစ်နေတယ်
ကျွန်တော်က IADCS ပြီးပြီးသားပါ
ဝင်ပြိုင်မယ်

30 Re: Programming ပြိုင်ပွဲ on 28th October 2009, 8:51 pm

သီရိ


MITR New User



>>>>ပြိုင်ရမယ့်ဟာကတော့ ကျနော် IDCS မှာလုပ်ခဲ့ရတဲ့ NCC ရဲ့ Project ပါ။

IDCS တက်ဖူးပြီး အဲ့ဒီ project ကို လုပ်ဖူးတဲ့သူတွေကော ပြန်ဝင်ပါလို့ရလား... မေးကြည့်တာပါ
ပြိုင်ပွဲလုပ်တာကောင်းပါတယ်.. အားပေးတယ်..
ဝင်ပြိုင်ဖြစ် မပြိုင်ဖြစ်တော့ မသေချာသေးဘူး... vote တော့ လုပ်ပေးလိုက်တယ်
programming သိပ်တော့ မသိဘူး... ဒါပေမယ်. အတွေ့အကြုံတော့လိုချင်တယ်
အဲ့လို ပြိုင်ပွဲမျိုး တစ်ခါမှ မပြိုင်ဘူးလို့... လာပြိုင်မယ်သူတွေက ဆရာကြီးတွေဆိုတော့ နည်းနည်းတော့လန့်တယ်... [You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]

31 Re: Programming ပြိုင်ပွဲ on 29th October 2009, 3:39 pm

zarniminn


MITR New User



အလကားကြေးတော့ မလုပ်နဲ့ နဖူးတောက်ကြေးလောက်တော့လုပ်လိုက်

32 Re: Programming ပြိုင်ပွဲ on 30th October 2009, 4:09 pm

sHa92


Founder



Founder
သီရိ wrote:>>>>ပြိုင်ရမယ့်ဟာကတော့ ကျနော် IDCS မှာလုပ်ခဲ့ရတဲ့ NCC ရဲ့ Project ပါ။

IDCS တက်ဖူးပြီး အဲ့ဒီ project ကို လုပ်ဖူးတဲ့သူတွေကော ပြန်ဝင်ပါလို့ရလား... မေးကြည့်တာပါ


အော် ဟုတ်ကဲ့ IDCS ကျောင်းသားတွေ ထဲက အဲဒီ့ Project လုပ်ဖူးတဲ့ သူတွေကို ပိုလို့တောင်မှ ဖိတ်ခေါ်ပါသေးတယ်။
ဘာလို့လဲဆိုတော့ အဲဒီ့တုန်းက Project က ဘာလုပ်ခိုင်းတယ် ၊ ဘာကိုလိုချင်တယ်ဆိုတာကို သဘောပေါက်တဲ့သူ ၅ ယောက်တောင် မပြည့်ပါဘူး။
အဲဒါကြောင့် ဘယ်သူမဆို ၀င်ပြိုင်လို့ရပါတယ်။



Change We Need!
http://www.myanmaritresource.info

33 Re: Programming ပြိုင်ပွဲ on 30th October 2009, 7:27 pm

sHa92


Founder



Founder
Programming ပြိုင်ပွဲကို လုပ်ဖြစ်မယ်ဆိုတာ သေချာသွားပြီ ဖြစ်ပါသဖြင့် ဒီ Topic ကို ပိတ်လိုက်ပါပြီ။

နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြိုင်ပွဲ စည်းကမ်းချက်များ ၊ ပြိုင်ရမည့် ခေါင်းစဉ်တို့ကို ထုတ်ပြန်ကြေငြာပါမယ်။

ကျနော့် ကိုယ်ရေးကိုယ်တာ ပြဿနာလေးတစ်ချို့လည်း ရှိနေတဲ့အတွက် အနည်းငယ်နှောင့်နှေးနေရခြင်းဖြစ်ပါတယ်။
ခဏလောက် သည်းခံပြီးစောင့်ပေးကြပါနော်။
ကျနော် အတတ်နိုင်ဆုံး ဒီပွဲဖြစ်မြောက်အောင် လုပ်ပေးပါ့မယ်။



Change We Need!
http://www.myanmaritresource.info

34 Re: Programming ပြိုင်ပွဲ on 1st November 2009, 1:28 pm

sHa92


Founder



Founder
ကျနော် အစကတော့ နိုဝင်ဘာ ၁ ရက်နေ့မှာ လုပ်ပေးဖို့ စဉ်းစားထားတာပါ။
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကျနော်လည်း Online ကနေ ၁ လခန့်နားရမှာ ဖြစ်လို့ ဒီ ပြိုင်ပွဲကို လုပ်ဖြစ်ရင်တောင် ထိန်းမယ့်သူ မရှိတော့မှာစိုးလို့ ကျနော် မလုပ်တော့ပါဘူး။

ကျနော် ပြန်လာမှဘဲ လုပ်ပေးပါတော့မယ်။

စောင့်ဆိုင်းနေသော သူများအားလုံးကို တောင်းပန်ပါတယ်။



Change We Need!
http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | © PunBB | Free forum support | Contact | Report an abuse | Free forums