1
Photoshop CS on 11th April 2009, 8:17 pm
alt.332
Administrator

First topic message reminder :
Photoshop ဆိုတာကတော့ အထူးအထွေပြောစရာမလိုပါဘူး... Photo တွေကို Edit လုပ်တဲ့
Software ဆိုတာ User တိုင်းသိကြတာပါပဲ...
အခု ဒီ Topic အောက်မှာ ကျွန်တော်သိတာလေးတွေကိုမျှဝေသွားမှာပါ လိုအပ်တာရှိရင်လည်း
ဖြည့်စွက်ပေးဖို့ ပြောချင်ပါတယ်...
ပထမဦးဆုံး... File တို့ Edit တို့ Image တို့ ပါတဲ့ Bar ကို Menu Bar လို့ခေါ်ပါတယ်
သူ့အောက် bar ကိုတော့ Option Bar လို့ခေါ်ပါတယ် ဘေးဘက်မှာရှိတဲ့ Tool box ထဲက Tool
လေးတွေရွေးချယ်တာကိုမူတည်ပြီးတော့ သူလဲ လိုက်ပြီးပြောင်းလဲပါတယ်..နောက်ပိုင်းမှာပိုသိလာမှာပါ
Tool Box နဲ့မျက်နှာချင်းဆိုင်လို့ပြောလို့ရတဲ့ ညာဘက်မှာရှိတဲ့ Box လေးတွေကိုတော့ Palettes
လို့ခေါ်ပါတယ်....
Tool box ထဲကကောင်လေးတွေရဲ့ အသေးစိတ်ကိုတော့ကျွန်တော်
မပြောတော့ပါဘူး...နောက်ရှင်းပြရင်းနဲ့ ပါလာမှာပါ....
အခု ပထမဥိးဆုံးအနေနဲ့ Zoom ကိုသွားလိုက်ရအောင်....