Portal­Home­Memberlist­Register­Log in
Post new topic   Reply to topicဤ Topic ကို ပြန်လည်မျှဝေရန်|
 

 [RULE]Moderator များလိုက်နာရန်

View previous topic View next topic Go down 
AuthorMessage
SYKO
Founder



Founder



စုစုပေါင်းရေးသားချက်များ: 1962
တည်နေရာ: ရင်ခွင်တစ်ခုမှာ
မှတ်ပုံတင်သောနေ့: 2009-03-09
ကျေးဇူးတင်ခံရမှု: 158
ဖိုရမ် အကျိုးဆောင် ရမှတ်: 109199
သတိပေးခံရမှု: သတိပေးခံရမှု မရှိသေးပါ

PostSubject: [RULE]Moderator များလိုက်နာရန်   7th February 2010, 8:50 pm

Admin Team ကို စနစ်တကျ ပြန်လည် ဖွဲ့စည်းပြီး တာဝန်များ ခွဲဝေပြီးပါက ယခု စည်းကမ်းအား ပြန်လည်ပြင်ဆင်မည်ဖြစ်သည်။


Moderator များအနေဖြင့်တာဝန်ယူရမည့်အပိုင်းများကို အကြမ်းဖျင်းအားဖြင့်အောက်ပါအတိုင်းခွဲခြားလိုက်သည်။

(၁) Post Editing
မောဒ့်များလုပ်ဆောင်ရမည့်အချက်များထဲတွင် post editing ပိုင်းသည်လည်းအရေးပါသည်။ post editing အပိုင်းတွင်code မသုံးထားသော လင့်များကို code လိုက်သုံးပေးရမည်။

ကိုယ်codeသုံးပေးလိုက်ရသည့် post အောက်တွင် <<လင့်များကို code သုံးပေးပါ>>လို့မောဒ့်အရောင်ဖြစ်သော အစိမ်းရောင်နှင့် မိမိနာမည်ကို ရေးသားပေးခဲ့ရမည်။

တစ်ချို့ပိုစ့်များ၏ Title များသည် မြန်မာအကူဗျည်းများဖြစ်သော ( -ွ, -့ , -ဲ ) များပါဝင်နေတတ်သည်။ ထိုသို့သောအရာများကို ၀င်ရောက်ဖျက်ပေးရမည်။ထို့အပြင် ခေါင်းစဉ်တစ်ခုအထဲတွင် ရေးသားထားသောပိုစ့်များတွင်ပါ ထိုသို့သော ဖြစ်ရပ်များရှိပါက ၀င်ရောက်ပြင်ပေးရမည်။ သို့သော်မူရင်းရေးသားထားသော ပိုစ့်၏ အဓိပ္ပါယ်ကိုပြောင်းလဲစေခြင်းမရှိရအောင်အထူးသတိထားလုပ်ဆောင်ရမည်။

Title တွင် အင်္ဂလိပ်လိုရေးသားထားပါက ရှေ့ဆုံးမှစာလုံးသည် Capital Letter ဖြစ်ရမည်။Title တွင် စာလုံးအတိုများကိုခွင့်မပြု၊(ဥပမာ - acc = account)

Post နှစ်ခုသည် အကြောင်းအရာတစ်လုံးမှမကျန် ချွတ်စွတ်တူနေပါက Double post ဖြစ်သည်ဟု ယူဆပြီး တစ်ခုအားဖျက်ပေးရမည်။ topic တစ်ခုအတွင်း
ရေးသားထားသောပိုစ့်များသည် Author တစ်ဦးတည်းမှ အချိန်ဘယ်လောက်မှ မခြားသေးခင်တင်ထားသောပိုစ့်များဖြစ်ပါက Merge လုပ်ပေးရမည်။

Spam ပိုစ့်များကို အမှိုက်ပုံးထဲသို့ပို့ရမည်။(ဥပမာ -ကျေးဇူးတင်ရှိပါတယ်။ ။ ။ ။ ။ ။ ထောက်ခံပါသည်။သဘောတူပါသည်။)

မသက်ဆိုင်သောနေရာတွင်ရှိနေသော ပိုစ့်များကိုသက်ဆိုင်ရာခေါင်းစဉ်အောက်သို့ရွှေ့ပေးရမည်။


(၂) Accessing Time
ဖိုရမ်မှ မောဒ့်တာဝန်ယူထားသော သူတစ်ယောက်သည် တစ်နေ့ကို ဖိုရမ်တွင်အနည်းဆုံး အချိန် နာရီဝက် သို့မဟုတ် တစ်နာရီ နေပေးနိုင်သောသူဖြစ်ရမည်။

အကယ်၍ အကြောင်းကိစ္စတစ်ခုခုကြောင့် ဖိုရမ်မ၀င်နိုင်ပါကခွင့်တိုင်ပေးရန်လိုအပ်မည်။သုံးရက်နှင့်အထက်ပျက်ကွက်ရန်ကိစ္စများရှိပါက တရားဝင်ခွင့်တိုင်ကြားနိုင်သည်။

သို့သော် ပျက်ကွက်ရက်များသော မောဒ့်များအား ထိုက်သင့်သလိုအပြစ်ပေးမည်ဖြစ်သည်။


(၃) Sending PM to Member
မောဒ့်များအနေဖြင့် မန်ဘာတစ်ဦးဦး၏ ပိုစ့်တစ်ခုခုကို Move , Merge, Delete , Editing လုပ်ဆောင်ပါက ထိုမန်ဘာထံသို့ မိမိပြုလုပ်လိုက်သော activityနှင့် မိမိပြုလုပ်ထားသော link တို့ကိုပါ ဖော်ပြထားသော PM ပို့လွှတ်ရမည်။ ထို့နောက်အက်ဒမင်ခန်းထဲတွင်လည်း Moderator Activity တွင်လည်း
ပြန်လည်ဖော်ပြရမည်။

Member များထံသို့ Warning ပေးသင့်ပါက ပေးရမည်။ Warningပေးရမည့်အချက်များမှာ(ဖိုရမ်သို့ တိုက်ခိုက်စော်ကားသော ပိုစ့်များ ၊မန်ဘာအချင်းချင်း ၊အက်ဒမင် ၊မောဒ့် ၊ ဖိုရမ် စတက်ဖ် များကိုတိုက်ခိုက်စော်ကားသော ပိုစ့်များ ၊ Burglish ဖြင့်အသုံးပြုထားသော ပိုစ့်များဖြစ်သည်။) မန်ဘာတစ်ဦးသည် code အသုံးမပြုထားသော ပိုစ့်နှင့် Spam ပိုစ့်များကို သုံးကြိမ်နှင့်အထက် ဖော်ပြထားပါက Warning PM ပို့ရမည်။


(၄) Posting
အခါအားလျော်စွာ ဖိုရမ်တွင် Software / Keygen / E books / QualityPost များကို နိုင်ငံခြားဖိုရမ်များနှင့် မြန်မာဖိုရမ်များမှ ကူးယူတင်ပေးရမည်။ကူးယူတင်သော မည်သည့် ပိုစ့်ကိုမဆို Credit ပေးရန်လိုအပ်သည်။ Quality Post ဆိုသည်မှာ အိုင်တီနှင့်ပါတ်သတ်သော ဗဟုသုတပေးနိုင်သော ပိုစ့်များကိုဆိုလိုခြင်းဖြစ်သည်။ ထို့အပြင်တစ်ခြားကောင်းနိုးရာရာ ဆောင်းပါး ၊ သင်ခန်းစာ ၊ ကျူတိုရီရယ်များကို တင်ပေးရမည်။


(၅) Discussing with Administrator
Adminများဖိုရမ်နှင့်ပါတ်သတ်သောဆွေးနွေးချက်တိုင်းကိုဖတ်ရူရမည်။ထို့အပြင် ၀င်ရောက် အကြံပေးဆွေးနွေးရမည်။ ဖိုရမ်နှင့်ပါတ်သတ်၍ လိုအပ်သည် များကို ၀ိုင်းဝန်းထောက်ပြပေးရမည်။


(၆) Checking Link
ဖိုရမ်တွင် တင်ထားသော ဆောဖ့်ဝဲလ်၊စာအုပ်များ၏ Link များကို အမြဲလိုလို စစ်ဆေးနေရမည်။ အကယ်၍ အလုပ်မလုပ်သော Link များရှိပါက ထိုဆောဖ့်ဝဲလ်၊စာအုပ်များကို
ပြန်ရှာပြီး Link အား Updated လုပ်ပေးရမည်။(အခုလောလောဆယ်တွင်မူ Post Editing ကိုသာ ဦးစားပေးလုပ်ဆောင်ရန်လိုအပ်သည်။) ထိုကိစ္စနှင့်ပတ်သက်၍ မည့်သည့်အခန်းကို မည်သူကတာဝန်ယူရမည်ဆိုတာကို ကြော်ငြာပေးမည်။


(၇) Supporting to Member
မန်ဘာများအား support လုပ်ပေးရမည်။ ဆိုလိုသည်မှာ မန်ဘာများမှ software , e book များကိုဖိုရမ်တွင် တောင်းသည်ပဲ ဖြစ်စေ၊ link transfer လုပ်ခိုင်းသည်ပဲဖြစ်စေ ကွန်နက်ရှင်ကို အကြောင်းမပြဘဲ တတ်နိုင်သလောက် လုပ်ပေးရမည်။ ထို့အပြင် တစ်ခြား technology question များကို ကိုယ်သိသလောက် ဖြေပေးရမည်။


Forum Admin Team


ကြိုက်ရင်သုံး
မကြိုက်ရင်
လွှင့်ပစ်လိုက်
Back to top Go down
http://www.myanmaritresource.info
 

[RULE]Moderator များလိုက်နာရန်

View previous topic View next topic Back to top 
Page 1 of 1

Permissions of this forum:You cannot reply to topics in this forum
Myanmar IT Resource Forum :: ADMINISTRATION BOARD ::   :: Rules & Regulation-
Post new topic   Reply to topic