Portal­Home­Memberlist­Register­Log in
Post new topic   Reply to topicဤ Topic ကို ပြန်လည်မျှဝေရန်|
 

 [RULE] ဖိုရမ်အတွင်းရှိ အသင်းဝင် အားလုံးလိုက်နာရန် (၇.၂.၂၀၁၀)

View previous topic View next topic Go down 
AuthorMessage
SYKO
Founder



Founder



စုစုပေါင်းရေးသားချက်များ: 1939
တည်နေရာ: ရင်ခွင်တစ်ခုမှာ
မှတ်ပုံတင်သောနေ့: 2009-03-09
ကျေးဇူးတင်ခံရမှု: 154
ဖိုရမ် အကျိုးဆောင် ရမှတ်: 109169
သတိပေးခံရမှု: သတိပေးခံရမှု မရှိသေးပါ

PostSubject: [RULE] ဖိုရမ်အတွင်းရှိ အသင်းဝင် အားလုံးလိုက်နာရန် (၇.၂.၂၀၁၀)   7th February 2010, 8:44 pm

မြန်မာ အိုင်တီလောက ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်

ဖိုရမ် အတွင်းရှိ အသင်းသားတိုင်း လိုက်နာရမည့် စည်းကမ်းချက်များ



၁။ Forum အတွင်း IT နှင့်မသက်ဆိုင်သော အကြောင်းအရာများအား လုံးဝရေးသားခွင့်မပြုပါ။အကယ်၍ ရေးသားမည်ဆိုပါကလည်း စည်းကမ်းနှင့်အညီ Free Talk ထဲတွင်သာ ရေးသားရမည်ဖြစ်သည်။


၂။ Forum ၏ Rules & Regulation များအားလိုက်နာရန် နှင့် အခါအားလျှော်စွာထုတ်ပြန်သော Announcements များသည်ဖိုရမ်၏ လိုအပ်ချက်များနှင့်ကိုက်ညီစေရန် အချိန်မရွေး ပြောင်းလဲပြင်ဆင်ဖြည့်စွက်နိုင်သည်ဖြစ်ရာ ထိုပြင်ဆင်ချက်များကို ဖိုရမ်အတွင်းရှိသူအားလုံးက အစဉ်တစိုက်ဖတ်ရှုပေးရန် နှင့် သိရှိလိုက်နာပေးရမည်။


၃။ Forum ရေရှည်တည်တံ့ခိုင်မြဲရေးအား အလေးထားသောအနေဖြင့် နိုင်ငံရေး ၊ ဘာသာရေး ၊လူမျိုးခွဲခြားသောဖော်ပြချက်များ နှင့် ဖိုရမ်အတွင်း တစ်စုံတစ်ဦးကို ထိခိုက်နစ်နာ စေနိုင်သော အသုံးအနှုန်းများ(ဆဲဆိုခြင်း ၊ စောင်းမြောင်းပြောဆိုခြင်း ၊ စိမ်ခေါ်ခြင်းများ)အား ရေးသားပြောဆိုခြင်း လုံးဝခွင့်မပြုပါ။ထို့အပြင် Forum တွင်ရှိပြီးသား Member များ နှင့် Guest များ Forum အပေါ်သို့ အထင်အမြင်လွဲမှား အောင် ပြုလုပ်ရေးသားခြင်းကို လုံးဝခွင့်မပြု။


၎။ Forum အတွင်း တစ်ခြားသော မည်သည့်နေရာမှမဆို Post အဟောင်းများ Post (အသစ်၊ ကူးယူ)များအားလုံးသည် ရေးသား၊ တင်ပြသူတွင်သာ အပြည့်အ၀တာဝန် ရှိသည်။ မိမိကိုယ်တိုင်ရေးသားသော
ပိုစ့်မဟုတ်ပါက မိမိယူဆောင်လာသော ၀က်ဘ်ဆိုဒ် နာမည်ကို Credit ပေးရမည်။


၅။ Forum အတွင်းတွင် Link များကို Sharing လုပ်မည်ဆိုပါက ပြန်လည်မျှဝေလိုသော Link များအား အလုပ်လုပ်ခြင်းရှိမရှိ စစ်ဆေးရုံသာမက Link များအားလုံးကို Code ခံ၍ရေးသားပေးပါရန်။ Code ခံသည်ဆိုသည်မှာ...
Code:
[code]Using the code[/code]
ထိုသို့ပုံစံမျိုးဖြင့်သာမျှဝေပေးပါ။


၆။ Fourm အတွင်းတွင်ဘားဂလစ် (မြန်မာအသံတွက်အား အင်္ဂလိပ်အက္ခရာဖြင့်ရိုက်နှိပ်ခြင်း) အား လုံးဝ ခွင့်မပြုပါ။ မြန်မာလို မရိုက်တတ်ပါက လွယ်ကူရိုးရှင်းသော အင်္ဂလိပ်လို ဖြင့်သာ ရေးပါ။ သို့မဟုတ်
အောက်က လင့်ခ်မှာသွားရောက်ရေးသားနိုင်ပါတယ်။
Code:
http://burglish.googlepages.com/testarea.htm



၇။ ဆွေးနွေးချက်တစ်ခုခု (သို့မဟုတ်) မေးမြန်းချက်တစ်ခုခု (သို့မဟုတ်) E-Books ၊ Software ၊ Tutorial ပြုလုပ်တော့မည်ဆိုတိုင်း ၊ ထိုဆွေးနွေးချက်သည် ယခင်က ဆွေးနွေးပြီးသား ရှိနေမနေကို အရင်ရှာပါ။ ရှိနေသည်ကို မသိဘဲ ထပ်တင်ပါက နောက်မှ တင်သောဆွေးနွေးချက်ကိုသာ ဖျက်ပစ်မည်ဖြစ်ပါသည်။


၈။ Forum အတွင်း Post များအား သင့်လျှော်သော Category များနှင့် Forum များ၏ အောက်တွင်သာ ဖော်ပြပေးရန်။ ဆွေးနွေးသည့်အကြောင်းအရာများသည် ရေးထားသောခေါင်းစဉ်နှင့် အမြဲကိုက်ညီမှုရှိနေပါစေ။



၉။ Forum အတွင်းမှ Credit ပေးခိုင်းထားသော ပိုစ့်များကို Credit မပေးဘဲ တစ်ခြားနေရာတွင်ပြန်လည်ဖော်ပြခဲ့ပါက ရေးသားသူတွင် တာဝန်ရှိရုံသာမက ထိုရေးသားချက်ကိုလက်ခံသော ဖိုရမ်တွင်လည်း တာဝန်ရှိသည်။ ကျွန်ုပ်တို့ဖိုရမ်အား Credit ပြန်ပေးရမည်ဖြစ်သည်။



၁၀။ ဤ Forum ၏ အုပ်ချုပ်သူများ(Administrators, Moderators, Forum Staff) အားလုံးသည် အသင်းဝင်အားလုံး၏ မည်သည့်ဆွေးနွေးချက်မျိုးကိုမဆို အချိန်မရွေး ပြင်ဆင်ခွင့် ၊တည်းဖြတ်ခွင့် ၊ လိုအပ်ပါက ဖျက်သိမ်းခွင့်ရှိသည်။
မည်သည့်အကြောင်းကြောင့် တည်းဖြတ် ခြင်း၊ ပြင်ဆင်ခြင်း ၊ ဖျက်သိမ်းခြင်းပြုလုပ်ရသည် ဆိုသည်ကို Ban & Delete ဆိုသောနေရာတွင်ရေးပေးရုံသာမက မန်ဘာများထံသို့ PM ပို့ပေးမည်ဖြစ်သည်။

၁၁ ။ ဖိုရမ်အတွင်း မန်ဘာများအနေဖြင့် မင်နီသုံးခြင်းကို တားမြစ်ပါသည် ။ အုပ်ချုပ်ရေးအဖွဲ့မှ လိုအပ်သောအခါတွင် မင်နီသုံးပြီး သတိပေးပါမည် ။ မန်ဘာများအချင်းချင်း ထင်ယောင်ထင်မှားမဖြစ်အောင်လို့ မင်နီသုံးခြင်းကို တားမြစ်ပါသည် ။

လေးစားစွာဖြင့်

မြန်မာအိုင်တီလောကဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်


မမေးခင် အရင်ရှာ...
မေးရင် တိတိကျကျမေး...
မျှဝေချင်ရင် တိတိကျကျ မျှဝေ...

အခြားသူများ၏ အချိန်ကို မဖြုန်းပါနဲ့...
စည်းကမ်းကို လေးစားပါ...
Back to top Go down
http://www.myanmaritresource.info
 

[RULE] ဖိုရမ်အတွင်းရှိ အသင်းဝင် အားလုံးလိုက်နာရန် (၇.၂.၂၀၁၀)

View previous topic View next topic Back to top 
Page 1 of 1

Permissions of this forum:You cannot reply to topics in this forum
Myanmar IT Resource Forum :: ADMINISTRATION BOARD ::   :: Rules & Regulation-
Post new topic   Reply to topic