Myanmar IT Resource Forum
မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူအရေအတွက် လေးသိန်းကျော်ရှိ [Local News] ![]() လတ်တလောစာရင်းများအရ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ အရေအတွက် လေးသိန်းကျော်ရှိနေပြီး ရန်ကုန်မြို့သည် အင်တာနက်သုံးစွဲမှု အများဆုံးဖြစ်ကြောင်း၊ မန္တလေးမြို့သည် ဒုတိယအများ ဆုံးသုံးစွဲသည့် မြို့ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ မြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင်ထားသော လိုင်းအရေအတွက်မှာ ၄၀၀၀၀ ကျော်ရှိပြီး အများစုမှာ ADSL အင်တာနက် လိုင်းဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။ ADSL လိုင်းဖြင့် အင်တာနက် သုံးစွဲသူအရေအတွက်မှာ ရန်ကုန်မြို့၌ အများဆုံးဖြစ်ပြီး အရေအတွက်အားဖြင့် ၅၀၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။ အင်တာနက်သုံးစွဲမှုများ၏ ရာခိုင်နှုန်း အများအပြားသည် လုပ်ငန်းပိုင်းဆိုင်ရာ အသုံးပြုမှုအတွက် တပ်ဆင်ထားခြင်းဖြစ်ပြီး အချို့ကသာ နေအိမ်များတွင် တပ်ဆင်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။ 'အခုလက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ အင်တာနက်လိုင်းတွေအဖြစ် MPT Satellite Terminal လိုင်း၊ Dial Up လိုင်းနဲ့ Wimax လိုင်းတွေကို အများပြည်သူတွေဆီ သုံးစွဲခွင့် ချထားပေးလျက် ရှိပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ အင်တာနက်ကဖေးက အင်တာနက်လိုင်းတွေကိုလည်း တိုးချဲ့ချထားပေးလျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ခရိုင်မြို့ကြီးတွေ အားလုံးနီးပါးကိုလည်း အင်တာနက်ကွန်ရက် လွှမ်းခြုံမှုရှိစေဖို့ ADSLလိုင်းတွေ တိုးချဲ့တပ်ဆင်ပေးပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအများဆုံး အသုံးပြုနေတဲ့ အင်တာနက်လိုင်း အမျိုးအစားက ADSL အမျိုးအစား ဖြစ်ပြီး ပြည်နယ်နဲ့တိုင်းရှိ မြို့ကြီး ၄၂ မြို့မှာ ADSL လိုင်းနဲ့ အင်တာနက်အသုံးပြုသူ တစ်သောင်းကျော် ရှိနေပြီဖြစ်ပါတယ်'ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။ ထို့ပြင်ပြည်တွင်း၌ အင်တာနက်မြန်နှုန်းများ မြှင့်တင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဖိုက်ဘာဆက်ကြောင်းများ အပြင် ပြည်တွင်းဆက်ကြောင်းများ၌လည်း Bandwidth များ တိုးချဲ့နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှာအများဆုံး အသုံးပြုနေတဲ့ အင်တာနက်လိုင်း အမျိုးအစားက ADSL အမျိုးအစား ဖြစ်ပြီး ပြည်နယ်နဲ့တိုင်းရှိ မြို့ကြီး ၄၂ မြို့မှာ ADSL လိုင်းနဲ့ အင်တာနက်အသုံးပြုသူ တစ်သောင်းကျော် ရှိနေ.. 'မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာနဲ့ ချိတ်ဆက်ထားတဲ့ အင်တာနေရှင်နယ် ဆက်ကြောင်းသုံးကြောင်း ရှိပါတယ်။ အဲဒီထဲက Sea Me We 3 နဲ့ Cross Border Link ဆက်ကြောင်းတွေက ဖိုက်ဘာစနစ်နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ နောက်တစ်ကြောင်းကတော့ Satellite Link ဖြစ်ပြီး Satellite စနစ်နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာသုံးစွဲနေတဲ့ အင်တာနက်အမြန်နှုန်းတွေ ပိုမိုမြင့်မားလာဖို့အတွက် အင်တာနေရှင်နယ် ဆက်ကြောင်းတွေရော ပြည်တွင်း ဆက်ကြောင်းတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးဆက်ကြောင်းစတဲ့ ဆက်ကြောင်းတွေမှာပါ Bandwidth တွေ တိုးချဲ့သွားမှာ ဖြစ်ပါတယ်'ဟု ၎င်းက ပြောကြားခဲ့သည်။ ![]() ထို့ပြင် နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများအဖြစ် အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံများနှင့် ချိတ်ဆက်ထားကြောင်း သိရှိရသည်။ ထို့ပြင် ပြည်တွင်းအင်တာနက် မြန်နှုန်းများ ပိုမိုမြှင့်တင်နိုင်မည့် Fiber to Home စနစ်ကို ဆောင်ရွက်လျက်ရှိရာ ယခုအချိန်၌ မန္တလေးတိုင်းအတွင်း စတင်ဝန်ဆောင်မှုပေးလျက်ရှိပြီး ရန်ကုန်မြို့၌လည်း မကြာမီ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ Credit to ELEVEN MEDIA GROUP Comments: 2 Who is online? In total there are 10 users online :: 0 Registered, 0 Hidden and 10 Guests :: 1 Bot None Most users ever online was 553 on 19th January 2011, 3:27 am Social bookmarking ဖိုရမ်အခြေအနေ ခေါင်းစဉ်ခွဲများ - 231 ခု | ဆွေးနွေးချက်ခေါင်းစဉ်များ - 2773 ခု | ပြန်စာစုစုပေါင်း - 15830 ခုု အသင်းသားစုစုပေါင်း :: 4114 ဦး နောက်ဆုံးမှတ်ပုံတင်သောသူ :: inntharlay Site အတွင်းသို့ တစ်ပြိုင်နက်ထဲ အများဆုံးအသုံးပြုသွားသော အရေအတွက် :: 553 ယောက်သည် (19th January 2011, 3:27 am အချိန်တွင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်) | Latest topics» Mac Os ပြသနာရှိရင် [Problem] by MMH Yesterday at 3:50 pm » SIM MESSAGE CENTER ထဲမှာရှိတဲ့ +95 နဲ့စတဲ့ ဂဏာန်းတွေအကြောင်း by Htet Naing 13th May 2012, 10:59 am » လွယ်လွယ်လေးရေးနိုင်မယ့် Autoit by ZeRoSkY 28th April 2012, 9:35 am » Shortcut Arrow တှေမကျြစိရှုပျနလေား by ZeRoSkY 28th April 2012, 8:36 am » မေးမယ် ၊ ဖြေမယ် by deep471 20th April 2012, 10:45 am » သင့် NOKIA ဖုန်းကိုဘယ်လိုစစ်မလဲ by devil.devil42 18th April 2012, 8:12 pm » Wack Wall ( Like as Ning ) [Blog] by laminphyulin 16th April 2012, 4:43 pm » window7 နှင့် xp နှစ်ခုတင်ချင်လို့ by Fox 31st March 2012, 6:48 pm » window 7Ultimate local ပါပျောက်ပြီးဘယ်လိုမှချိတ်မရတော့လို့ပါ by Fox 31st March 2012, 6:43 pm » How can I buy a domain name from myanmar by laminphyulin 24th March 2012, 9:46 pm » ADSL မီးမလင်းခြင်း by thihawm 22nd March 2012, 3:27 pm » အောင်မြင်သော အိုင်တီပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်လာဖို့ နည်းလမ်းများ by manawphyulay 16th March 2012, 11:46 am » ကမ္ဘာ့နိုင်ငံများရဲ့ အချိန်နာရီ by manawphyulay 16th March 2012, 11:39 am » အလုပ်အကိုင်ရှာဖွေ လိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်းငယ်လုပ်လိုသူများအတွက် by Pho Nanda 14th March 2012, 2:14 pm » RAID နဲ့ ပတ်သတ်တဲ့ software Hardware များ အတွက် recommand လေးလိုချင်လို့ပါ by Pho Nanda 14th March 2012, 12:54 pm Most active topics Most Viewed Topics Log inTop posting users this week Top posting users this month Top posters |