INFORMATION TECHNOLOGY PORTAL FOR MYANMAR
Portal­Home­Memberlist­Register­Log in
Post new topic   Reply to topicဤ Topic ကို ပြန်လည်မျှဝေရန်|
 

 UMFCCI Training Institute ပထမဆုံးအကြိမ် Logo ဒီဇိုင်းရွေးချယ်ပွဲပြုလုပ်မည်

View previous topic View next topic Go down 
AuthorMessage
αℓт.332
Administrator



Administrator



စုစုပေါင်းရေးသားချက်များ: 781
တည်နေရာ: ရန်ကုန်
မှတ်ပုံတင်သောနေ့: 2009-03-10
ကျေးဇူးတင်ခံရမှု: 43
ဖိုရမ် အကျိုးဆောင် ရမှတ်: 4067
သတိပေးခံရမှု: သတိပေးခံရမှု မရှိသေးပါ

PostSubject: UMFCCI Training Institute ပထမဆုံးအကြိမ် Logo ဒီဇိုင်းရွေးချယ်ပွဲပြုလုပ်မည်   26th January 2010, 8:48 pm

ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် (UMFCCI)လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းကော်မတီ ခန့်ခွဲမှုအောက်ရှိ UMFCCI Training Institute ၏ ပထမဆုံးအကြိမ် Logo ဒီဇိုင်းရွေးချယ်ပြိုင်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်က ပြောကြားသည်။ ယင်းအမှတ်တံဆိပ်ရွေးချယ်ပြိုင်ပွဲကို ဇန်နဝါရီလ ၁၈ ရက်မှစတင်၍ ဖေဖော် ဝါရီလ ၂၆ ရက်အထိ နောက်ဆုံးထား၍ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း၊ ပြိုင်ပွဲကို ဒီဇိုင်းပညာရှင်နှင့် ပန်းချီပညာရှင်များ မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပထမဆု အဖြစ် ငွေကျပ်ငါးသိန်းနှင့် နှစ်သိမ့်ဆုလေးဆုအတွက် တစ်ဆုလျှင် ကျပ်ငါးသောင်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် UMFCCI Training Institute ၏ရည်ရွယ်ချက်၊ ဦးတည်ချက်တို့ကို ဖော်ဆောင်နိုင်သည့် အမှတ်တံဆိပ် ကို မိမိတို့ စိတ်ကူး၊ ဖန်တီးချက်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း၊ ဓာတ်ပုံနှင့် ကိုယ်ရေးမှတ်တမ်းအကျဉ်းကို ယှဉ်ပြိုင်ရန်တင်သွင်းသည့် Logo ဒီဇိုင်းနှင့်အတူ ပူးတွဲတင်ပြရမည်ဖြစ်ပြီး တစ်ဦးလျှင် Logo ဒီဇိုင်းနှစ်မျိုးအထိ တင်ပြယှဉ်ပြိုင်ခွင့် ရှိကြောင်း၊ Logo အမှတ်အသားပေါ်တွင် တင်ပြထားသည့် ဒီဇိုင်း၏ အဓိပ္ပာယ်ဖွင့်ဆို ချက်နှင့် အသုံးပြုထားသည့် အရောင်၏ အဓိပ္ပာယ်တို့ကို ရှင်းလင်းဖော်ပြပေးရမည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကဆက်လက်ပြောကြားသည်။ အထက်ပါပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် UMFCCI အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။ ဖုန်း-၂၁၄၃၄၄ ~၄၉ သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။

Credit to Mtalk.
Back to top Go down
http://www.myanmaritresource.info
 

UMFCCI Training Institute ပထမဆုံးအကြိမ် Logo ဒီဇိုင်းရွေးချယ်ပွဲပြုလုပ်မည်

View previous topic View next topic Back to top 
Page 1 of 1

Permissions of this forum:You cannot reply to topics in this forum
Myanmar IT Resource Forum :: NEWS ZONE ::   :: ပြည်တွင်း IT နှင့်ပတ်သက်သော သတင်းများ-
Post new topic   Reply to topic