Portal­Home­Memberlist­Register­Log in
Post new topic   Reply to topicဤ Topic ကို ပြန်လည်မျှဝေရန်|
 

 Converter Software မလိုတော့သည့် Video Transfer

View previous topic View next topic Go down 
AuthorMessage
mars
Moderator



Moderator



စုစုပေါင်းရေးသားချက်များ: 466
တည်နေရာ: ချစ်သူရဲ့အဝေး
မှတ်ပုံတင်သောနေ့: 2009-07-28
ကျေးဇူးတင်ခံရမှု: 24
ဖိုရမ် အကျိုးဆောင် ရမှတ်: 1200
သတိပေးခံရမှု: သတိပေးခံရမှု မရှိသေးပါ

PostSubject: Converter Software မလိုတော့သည့် Video Transfer   11th February 2010, 2:43 pm



ဗွီဒီယိုဖိုင်များကို iPod, PSP, Hard Drive, Flash Stick များသို့ထည့်သွင်းရာတွင် Converter Software မလိုဘဲ သက်ဆိုင်ရာ Format အတိုင်း ပြောင်းလဲကာထည့်သွင်းပေးမည့် Pinnacle အမှတ်တံဆိပ် Video Transfer အမည်ရှိသော ကြားခံ Hardware ပစ္စည်းတစ်မျိုး ဈေးကွက်အတွင်းသို့ဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါ Video Transfer ပစ္စည်းကြားခံသုံးရုံဖြင့် iPod, PSP, Hard Drive, Flash Stick များအတွင်းသို့ ဗွီဒီယိုဖိုင်များကို Converter Software မလိုဘဲ သက်ဆိုင်ရာ Format အတိုင်းထည့်သွင်းပေးမည်ဖြစ်သည်။ “PSP, iPod“ အသုံးပြုတဲ့သူတွေအနေနဲ့ အရင်ကဗွီဒီယိုဖိုင်တွေကို ထည့်သွင်းတော့မယ်ဆိုရင် သက်ဆိုင်ရာ Player နဲ့ဆိုင်တဲ့ Media Format တွေကို ပြောင်းပေးမဲ့ Converter Software တွေကိုရှာရတယ်။ ရှာလို့တွေ့ပြန်ရင်လည်း ကွန်ပျူတာမှာ Install လုပ်ပြီးတော့ ဖိုင်တွေကို Convert လုပ်ရတယ်။ ပြီးမှသာ ကိုယ်အသုံးပြုမဲ့စက်ထဲကို ထည့်ရတယ်။ ယခုဝင်ရောက်လာတဲ့ Video Transfer ပစ္စည်းကတော့ ဘာ Software မှမလိုဘဲနဲ့ ကြားခံသုံးရုံနဲ့ ဗွီဒီယိုဖိုင်တွေကို သက်ဆိုင်ရာ Format အတိုင်း ပြောင်းလဲထည့်သွင်းပေးမှာဖြစ်ပါတယ်” ဟု BENO ဂိမ်းစက်ပစ္စည်းရောင်းဝယ်ရေးနှင့် ပြုပြင်ရေးအရောင်စင်တာမှ တာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။ Video Transfer ပစ္စည်းတွင် Input တွေအနေနဲ့ Video, TV, DVD/ VHS နဲ့ Gaming စသည်တို့ပါဝင်ပြီး Output အနေဖြင့် iPod, PSP, Hard Drives နဲ့ Flash Sticks တို့ပါဝင်သည်။ Video Transfer တွင် REC နှင့် Mode ဟူ၍ ခလုတ် ၂ ခုပါဝင်သည်။ အသုံးပြုမည့်သူအနေဖြင့် Video Transfer မှာပါဝင်တဲ့ REC ခုလုတ်တစ်ခုကို နှိပ်လိုက်တာနှင့် သက်ဆိုင်ရာ Player ၏ Format သို့ပြောင်းလဲထည့်သွင်းမည်ဖြစ်သည်။ ဥပမာ PSP ဂိမ်းစက်တွင် DVD ဗွီဒီယိုဖိုင်ကို ပြောင်းလဲထည့်သွင်းမည်ဆိုပါက DVD စက်မှထွက်လာသောအသံနှင့် အရုပ်ကြိုးများကို Video Transfer ပစ္စည်းတွင် Input အနေဖြင့် တပ်ဆင်ရမည်ဖြစ်သည်။ ထို့နောက် Output တွင် PSP ဂိမ်းစက်ကိုချိတ်ပြီး Rec ခလုတ်ကိုနှိပ်ပါက MPEG Format ဖြင့် PSP ဂိမ်းစက်အတွင်း တန်း၍သိမ်းဆည်းမည်ဖြစ်သည်။
Video Transfer ပစ္စည်းအား ၀ယ်ယူအသုံးပြုလိုသူများအနေဖြင့် ဖုန်း-၀၉၈၆၂၂၇၄၄ နှင့် ၃၈၀၅၃၆ တွင် ဆက်သွယ်စုံစမ်း ၀ယ်ယူအသုံးပြုနိုင်ကြောင်းသိရသည်။

credit to focalpoint


ဘာမှကိုမသိတော့ဘူး.....

Code:
http://sidnaing.co.cc/
Back to top Go down
http://sidnaing.co.cc/
 

Converter Software မလိုတော့သည့် Video Transfer

View previous topic View next topic Back to top 
Page 1 of 1

Permissions of this forum:You cannot reply to topics in this forum
Myanmar IT Resource Forum :: NEWS ZONE ::   :: ပြည်တွင်း IT နှင့်ပတ်သက်သော သတင်းများ-
Post new topic   Reply to topic