ကျွန်တော့်အနေနဲ့ အပျော်တွေကို မရေးခင် ၊ တောင်းပန်သင့်တာ တစ်ခုကို အရင်ဆုံးတောင်းပန်ချင်လို့ပါ။
မနေ့ကတော့ Bar Camp မှာ Forum အကြောင်းမိတ်ဆက်တာ အောင်အောင်မြင်မြင်ပြီးသွားလို့ အပျော်လွန်ပြီး ပြောသင့်တာ မပြောမိခဲ့ဘူး။
မနေ့က ကျွန်တော်တို့ Bar Camp မှာ Presentation (Discussion) လုပ်ရာမှာ အစစအရာရာ တော်တော်လေး အဆင်ပြေချောမွေ့ခဲ့ပါတယ်။ ပွဲစတဲ့ အချိန်ကစလို့ ပွဲပြီးတဲ့ အချိန်ထိပေါ့ဗျာ။
ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုတော့ ဖြစ်ခဲ့ရပါသေးတယ်။
ကျွန်တော်တို့ အနေနဲ့ အဓိကကတော့ မြန်မာလူမျိုးများအားလုံးအတွက် မည်သည့်နည်းပညာကို မဆို လွတ်လပ်စွာ အလွယ်တကူ ရရှိနိုင်စေရန် ရည်ရွယ်ပြီးတော့ လုပ်ဆောင်နေကြတာပါ။
အဲဒီ့ စိတ်ဓါတ်ကြောင့်လည်း မနေ့က Bar Camp မှာ ပြောနေရင်းနဲ့ ကျွန်တော်ကော Attacker ကော ၊ အရှိန်ရလာပြီးတော့

မျှဝေချင်စိတ် ၊ ပေးဝေချင်စိတ်တွေ များပြီး ၊ ဆရာ ဇော်လင်း (Youth) ရဲ့ Website မှ ကျွန်တော်တို့ ၀ယ်ယူထားတဲ့ Premium Account တစ်ခုကို တက်ရောက်လာတဲ့သူတိုင်းကို Password နဲ့ ID မျှဝေဖြစ်လိုက်ပါတယ်။
ကျွန်တော်တို့အနေနဲ့ တကယ်ကို နည်းပညာများကို လွတ်လပ်စွာ ပြန့်ပွားစေချင်တဲ့ စိတ်တစ်ခုထဲနဲ့ ဘာကိုမှ မစဉ်းစားဘဲလုပ်လိုက်တာပါ။ စိတ်တောင် မကူးထား ၊ ပွဲမစခင်ကတည်းက တိုင်တောင် မတိုင်ပင်ထားဘဲနဲ့ ပွဲပြီးခါနီးမှ မျှဝေဖြစ်သွားတာပါ။
ဖြစ်ချင်တော့ ၊ ဟီး ၊ ဆရာ ဇော်လင်း (Youth) ကိုယ်တိုင် ကျွန်တော်တို့ပြောနေတာကို နားထောင်နေပါလေရဲ့ဗျာ။
ကျွန်တော် တကယ်ကို အားနာသွားတာပါ။ တော်တော်လည်း လန့်သွားတယ်။ ကျွန်တော်တို့ကိုများ ထပြီးတော့များ ပြောလေတော့မလား ၊ ဒါမှမဟုတ် ကျွန်တော်တို့ကို စိတ်ဆိုးပြီး ထများ ထွက်သွားလေမလားဆိုပြီးတော့ပါ။
ဒါပေမယ့် ကျွန်တော်တို့ တကယ်ကံကောင်းပါတယ် ၊ ဆရာ က စိတ်ဆိုးတတ်ဘူးဗျ။ သဘောကောင်းတယ်။ ဘာမှ ပြောဘူး ၊ ပြုံးပြုံးလေး ကြည့်နေတာ။

အဲဒီ့တုန်းကတော့ ကျွန်တော်တို့လည်း ပူထူပြီးတော့ သေချာ မတောင်းပန်ဖြစ်လိုက်ဘူးဗျာ။ စကားနဲ့ တောင်းပန်တယ်ဆိုရုံလောက် တောင်းပန်ဖြစ်ခဲ့တာပါ။
အဲဒီ့အတွက်လည်း ကျွန်တော့်အနေနဲ့ အခု Forum ပေါ်မှာ လူသိရှင်ကြား ထပ်ပြီး တောင်းပန်တာပါခင်ဗျာ။
ကျွန်တော်တို့ရဲ့ ရှေ့နောက်မကြည့်ဘဲ ပညာမျှဝေချင်တဲ့ စိတ်ဓါတ်တစ်ခုတည်းကြောင့် ဆရာ့ ရဲ့ အကျိုးစီးပွား တစ်စုံတစ်ရာများ ထိခိုက်မိလို့ရှိရင် ကျွန်တော်ကဘဲ အားလုံးရဲ့ ကိုယ်စား ဒီနေရာကနေ အနူးအညွတ်တောင်းပန်ပါတယ်။
ုတကယ်တော့ ကျွန်တော်တို့လည်း အဲလိုလုပ်ဖို့ စိတ်ကူးမရှိဘဲနဲ့ ပွဲပြီးခါနီးမှ လုပ်ဖြစ်သွားတာ ဖြစ်ပါတယ်။ အဲဒီ့အတွက် ဆရာ့အနေနဲ့လည်း စိတ်မဆိုးဖို့ ထပ်ပြီး တောင်းပန်ပါတယ်။
ဘယ်ကနေ ဘယ်လို ကျွန်တော်တို့ ပွဲအကြောင်းကို ကြားလာတယ်ဆိုတာ မသိပေမယ့် ကျွန်တော်တို့ရဲ့ ပွဲလေးကို အဆုံးထိ တက်ရောက်ပေးလို့လည်း အထူးကျေးဇူးတင်ပါတယ်။
ဒါ့အပြင် အခြားသော Member တွေကိုလည်း ကျွန်တော့်အနေနဲ့ တောင်းဆိုချင်တာ တစ်ခုကတော့ မနေ့က ကျွန်တော်တို့ ပေးလိုက်တဲ့ အကောင့်ကို ထပ်မရှဲပါနဲ့တော့နော် ၊ တစ်ယောက်ထဲ ဒိုင်လျှိုလေး ဖွင့်ပေါ့ နော့်။

ကိုယ်နဲ့ သိတဲ့ မိတ်ဆွေတွေကိုကျတော့
www.myanmaritresource.info မှာ ဘာတွေရတယ်ဆိုတာ ပြောပေးပေါ့။ (ဥပမာ - Downloading Service လိုမျိုး) ပြီးတော့
www.zawlinyouth.com ထဲကို ကိုယ်က Premium Account နဲ့ ၀င်ခဲ့ပြီးတော့ ရလာတဲ့ ပညာတွေ အသိတွေကို ပြောပြ၊ ပြီးရင် အဲဒီ့မှာလည်း အကောင့်ဝယ်လို့ရတယ်ဆိုတာ ပြောပြပေးကြပါလို့တိုက်တွန်းလိုပါတယ်ခင်ဗျာ။
ပညာရပ်များကိုမျှဝေပေးနေသူများ ကို လေးစားတဲ့ အနေနဲ့ ကျွန်တော်ပြောတာလေးကို မှတ်ထားပေးပါနော်။
ကျွန်တော်တို့အနေနဲ့လည်း ကို ဇော်လင်း (Youth) ကို ထပ်ပြီးတော့ တောင်းပန်ပါတယ်ဗျာ။ (((ရှိနေမှန်းမသိလို့ပါ ဟီး။ ရှိနေမှန်းသိရင် အဲလိုလုပ်ပါဘူး။

)))
ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ကလည်း စေတနာဇောနဲ့ လုပ်ချင်တာလုပ်မိသလို ဖြစ်သွားတဲ့ အတွက် တကယ်လည်း စိတ်မကောင်းပါဘူး။ ပြီးတော့ ပညာရပ်တစ်ခုကို မျှဝေနေတဲ့သူတစ်ယောက်ကို စော်ကားမိသလို ဖြစ်သွားတဲ့အတွက်လည်း တကယ်စိတ်မကောင်းပါဘူး။ တကယ်လည်း တောင်းပန်ပါတယ်ဗျာ။
ကျွန်တော်တို့ကိုလည်း ကို ဇော်လင်း (Youth) အနေနဲ့ ကျွန်တော်တို့ ပြောသွားတာတွေလည်း ပွဲတစ်လျှောက် နားထောင်ခဲ့တာဆိုတော့ ၊ မြန်မာလူမျိုးတိုင်းကို အမှန်တကယ် စေတနာထားပြီးကူညီပေးချင်တဲ့ ကျွန်တော်တို့ရဲ့ စေတနာ ကိုလည်း နားလည်ထားမယ်လို့ ယုံကြည်ပါတယ်။
အကယ်လို့ အနှောက်အယှက် တစ်စုံတစ်ရာ ဖြစ်စေခဲ့တယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က ထပ်ပြီးတော့ တောင်းပန်ပါရစေ။
လေးစားစွာဖြင့်
$ƴǩǾ
Myanmar IT Resource Forum

မမေးခင် အရင်ရှာ...
မေးရင် တိတိကျကျမေး...
မျှဝေချင်ရင် တိတိကျကျ မျှဝေ...
အခြားသူများ၏ အချိန်ကို မဖြုန်းပါနဲ့...
စည်းကမ်းကို လေးစားပါ...