Portal­Home­Memberlist­Register­Log in
Post new topic   Reply to topicဤ Topic ကို ပြန်လည်မျှဝေရန်|
 

 ဆိုက်ဘာတိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် ရတနာပုံတယ်လီပို့ကုမ္ပဏီ စီစဉ်ဆောင်ရွက်

View previous topic View next topic Go down 
AuthorMessage
mars
Moderator



Moderator



စုစုပေါင်းရေးသားချက်များ: 466
တည်နေရာ: ချစ်သူရဲ့အဝေး
မှတ်ပုံတင်သောနေ့: 2009-07-28
ကျေးဇူးတင်ခံရမှု: 24
ဖိုရမ် အကျိုးဆောင် ရမှတ်: 1200
သတိပေးခံရမှု: သတိပေးခံရမှု မရှိသေးပါ

PostSubject: ဆိုက်ဘာတိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် ရတနာပုံတယ်လီပို့ကုမ္ပဏီ စီစဉ်ဆောင်ရွက်   10th March 2010, 12:25 pm

ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်မှ အင်တာနက်ဝန်ဆောင်မှုများအား ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် DDoS (Distributed Denial-of-Service) စနစ်ဖြင့် ပြည်ပမှ Cyber Attack ပြုလုပ်မှုများကြောင့် အင်တာနက်လိုင်းများနှေးကွေးခဲ့ကြောင်း သိရသည်။ ယခုအခါတွင် အဆိုပါ Attack ကိုကာကွယ်ရန်အတွက် စက်ပစ္စည်းအသစ်များနှင့် Solution များကို တပ်ဆင်အသုံးပြုပြီးဖြစ်ရာ အင်တာနက်ဝန်ဆောင်မှုများအား ပုံမှန်အတိုင်း ပြန်လည်ဝန်ဆောင်မှုပေးလာနိုင်ပြီဖြစ်သည်ဟု သိရသည်။ နောက်ပိုင်းကာလများတွင်လည်း DDoS စနစ်ဖြင့် Cyber Attack ပြုလုပ်မှုကို ကာကွယ်နိုင်ပြီဖြစ်ကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။
“ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ရတနာပုံတယ်လီပို့က ၀န်ဆောင်မှုပေးနေတဲ့ အင်တာနက်ဆားဗစ်တွေ ကို DDoS စနစ်နဲ့ အဆက်မပြတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီစနစ်ဟာ IP အတုအယောင်တွေနဲ့ အခြားသူတွေ ၀င်မရအောင်လုပ်တာဖြစ်တဲ့အတွက် ဒီမှာက သုံးတဲ့ IP အရမ်းများတဲ့အခါမှာ Cyber Attack ကြောင့် IP အတုအယောင်တွေများပြီး ပြည်တွင်းကသုံးတဲ့သူတွေ သုံးမရတဲ့အထိ Server တွေ Down ကုန်ပါတယ်။ ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် ပြည်တွင်းအိုင်တီကုမ္ပဏီတွေ၊
ပညာရှင်တွေနဲ့ပူးပေါင်းပြီး ကာကွယ်ဖို့နည်းလမ်းတွေကို စဉ်းစားရှာဖွေခဲ့ပါတယ်။ စဉ်းစားရှာဖွေပြီးတဲ့အခါမှာ လိုအပ်တဲ့စက်ပစ္စည်းတွေကိုမှာယူခဲ့ပြီး ယခုလိုဆောင်ရွက်ခဲ့တာဖြစ် ပါတယ်” ဟု ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ ပြောသည်။ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ အင်တာနက်ဝန်ဆောင်မှုများအား Cyber Attacl ပြုလုပ်ခံရခြင်းမှာ ပထမအကြိမ်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ Cyber Attack ကိုကာကွယ်ရန် နည်းလမ်းကို ရတနာပုံတယ်လီပို့အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည် တွင်းအိုင်တီကုမ္ပဏီများနှင့် ပြည်ပမှပညာရှင်များမှ ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ref: myanmarinternetjournal


ဘာမှကိုမသိတော့ဘူး.....

Code:
http://sidnaing.co.cc/
Back to top Go down
http://sidnaing.co.cc/
 

ဆိုက်ဘာတိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် ရတနာပုံတယ်လီပို့ကုမ္ပဏီ စီစဉ်ဆောင်ရွက်

View previous topic View next topic Back to top 
Page 1 of 1

Permissions of this forum:You cannot reply to topics in this forum
Myanmar IT Resource Forum :: NEWS ZONE ::   :: ပြည်တွင်း IT နှင့်ပတ်သက်သော သတင်းများ-
Post new topic   Reply to topic