Portal­Home­Memberlist­Register­Log in
Post new topic   Reply to topicဤ Topic ကို ပြန်လည်မျှဝေရန်|
 

 အရေပြားကို Touchscreen Display အဖြစ် အသုံးပြုနိုင်တော့မည်

View previous topic View next topic Go down 
AuthorMessage
mars
Moderator



Moderator



စုစုပေါင်းရေးသားချက်များ: 466
တည်နေရာ: ချစ်သူရဲ့အဝေး
မှတ်ပုံတင်သောနေ့: 2009-07-28
ကျေးဇူးတင်ခံရမှု: 24
ဖိုရမ် အကျိုးဆောင် ရမှတ်: 1200
သတိပေးခံရမှု: သတိပေးခံရမှု မရှိသေးပါ

PostSubject: အရေပြားကို Touchscreen Display အဖြစ် အသုံးပြုနိုင်တော့မည်   10th March 2010, 12:24 pm



Microsoft Research နဲ့ Carnegie Mellon တက္ကသိုလ်မှ developer များဟာ အရေပြားကို touchscreen display အဖြစ်အသုံးပြုနိုင်စေမယ့် လက်ပတ်တစ်ခုအား အတူတကွ ဖန်တီးပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
၎င်းလက်ပတ်ဟာ ရှေ့ပြေးပုံစံအဖြစ်သာရှိသေးပြီး ၎င်းမှာပါဝင်တဲ့ သေးငယ်တဲ့ projector ဟာ ခေတ်မီဆန်းပြားတဲ့ sensor ဖြင့်
display ကိုဖန်တီးပေးမှာဖြစ်ပါတယ်။ ၎င်း gadget ကို Skinput ဟုခေါ်တွင်ပြီး audio device များကို ထိန်းချုပ်အသုံးပြုနိုင်သလို Tetris ကဲ့သို့ ရိုးရှင်းတဲ့ဂိမ်းများကို ကစားနိုင်သည့်အပြင် ဖုန်းခေါ်ဆိုမှုများနဲ့ browsing systems များကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Bluetooth ကဲ့သို့ wireless နည်းပညာကိုအသုံးပြုနိုင်ပြီး ဖုန်း၊ iPod နဲ့ ကွန်ပျူတာများကို ထိန်းချုပ်အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါစနစ်ကို လူအယောက် ၂၀ တွင် အောင်မြင်စွာစမ်းသပ်ပြုလုပ်နိုင်ခဲ့ပြီး သုတေသီများရဲ့အဆိုအရ ၎င်းစနစ်ကို လမ်းလျှောက်တဲ့အခါ ဒါမှမဟုတ် ပြေးနေတဲ့အခါတွေမှာလည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါစနစ်ကို လာမယ့်ဧပြီလ၌ ဂျော်ဂျီယာပြည်နယ်မှာကျင်းပမယ့် Computer-Human Interaction အစည်းအဝေးတွင် ပြသသွားရန် စီစဉ်ထားကြောင်းလည်းသိရပါတယ်။

Ref: internet journal


ဘာမှကိုမသိတော့ဘူး.....

Code:
http://sidnaing.co.cc/
Back to top Go down
http://sidnaing.co.cc/
mars
Moderator



Moderator



စုစုပေါင်းရေးသားချက်များ: 466
တည်နေရာ: ချစ်သူရဲ့အဝေး
မှတ်ပုံတင်သောနေ့: 2009-07-28
ကျေးဇူးတင်ခံရမှု: 24
ဖိုရမ် အကျိုးဆောင် ရမှတ်: 1200
သတိပေးခံရမှု: သတိပေးခံရမှု မရှိသေးပါ

PostSubject: Re: အရေပြားကို Touchscreen Display အဖြစ် အသုံးပြုနိုင်တော့မည်   10th March 2010, 12:47 pm

အဲဒိအခါကျရင် ကျနော်တို့တစ်တွေ(လူကောင်သေးသူများ၊ ပိန်သောသူများ) ၀လာအောင်လုပ်ကြရပါမယ်ခင်ဗျာ... အဲဒါမှသာ ကျနော်တို့တစ်တွေ Display Screen ကို ကြီးကြီးမြင်ရမှာပါ.... အဲဒါက ပိုက်ဆံရှိတိုင်း ဘယ်လိုမှ Screen ကြီးကြီးကို လက်မတွေရွေးဝယ်လို့မရတောဘူးလေ... Razz အဲဒိတော့ ကွန်ပြူတာသုံးသူများ ကျန်းမာရေးမချို့စေရေးအတွက် ရည်ရွယ်ပြီးထုတ်လိုက်ပုံရပါတယ်... (ခန္ဒာကိုယ်ကြီးအောင် ကျနော်တို့တွေ Gym ကစားရတော့မယ်လေ... Razz)


ဘာမှကိုမသိတော့ဘူး.....

Code:
http://sidnaing.co.cc/
Back to top Go down
http://sidnaing.co.cc/
SYKO
Founder



Founder



စုစုပေါင်းရေးသားချက်များ: 1939
တည်နေရာ: ရင်ခွင်တစ်ခုမှာ
မှတ်ပုံတင်သောနေ့: 2009-03-09
ကျေးဇူးတင်ခံရမှု: 154
ဖိုရမ် အကျိုးဆောင် ရမှတ်: 109169
သတိပေးခံရမှု: သတိပေးခံရမှု မရှိသေးပါ

PostSubject: Re: အရေပြားကို Touchscreen Display အဖြစ် အသုံးပြုနိုင်တော့မည်   10th March 2010, 12:51 pm

လူ၀၀ကြီး တစ်ယောက် ငှားလိုက်မှာပေါ့။

ကိုယ်တိုင်ဝစရာလိုတော့ဘူး။ ပြီးရင် သူ့ကိုယ်ပေါ်မှာ အပီ နှိပ်ပေတော့။ Razz

(မှတ်ချက်၊ ကောင်မလေး ပိန်ပိန်သွယ်သွယ် ဖြူဖြူများ ရင်လေးစရာ။ ဦးဦးကြီးများ ထိုသို့ touchscreen display တွေကို ကောင်မလေးတွေပေါ်တင်ပြီး.... Razz)


မမေးခင် အရင်ရှာ...
မေးရင် တိတိကျကျမေး...
မျှဝေချင်ရင် တိတိကျကျ မျှဝေ...

အခြားသူများ၏ အချိန်ကို မဖြုန်းပါနဲ့...
စည်းကမ်းကို လေးစားပါ...
Back to top Go down
http://www.myanmaritresource.info
 

အရေပြားကို Touchscreen Display အဖြစ် အသုံးပြုနိုင်တော့မည်

View previous topic View next topic Back to top 
Page 1 of 1

Permissions of this forum:You cannot reply to topics in this forum
Myanmar IT Resource Forum :: NEWS ZONE ::   :: ပြည်ပ IT နှင့်ပတ်သက်သော သတင်းများ-
Post new topic   Reply to topic