gtalk account ကို PM ပို့ထားပေးတဲ့အတွက် ကျေးဇူးပါ Hacker-Fighter။ အလုပ်အရမ်းရှုပ်နေတာနဲ့ MITR ကို လာချင်ပေမယ့် မလာနိုင်ဘူးဖြစ်နေတာ တစ်ပတ်လောက်တောင်ရှိသွားပြီဗျ။ PM စစ်ပြီးတာနဲ့ invite လုပ်လိုက်ပါမယ်။
အခြားသူတွေလဲ gtalk account PM ပို့ပေးမယ်ဆိုရင် နောက်တွေ့ရင် စကားပြောလို့ရတာပေါ့။ အခုတလောကတော့ online တက်ဖို့ တစ်ပတ်တစ်ခါလောက်တောင် တော်တော်လေးလုပ်ယူနေရတယ်။ invite လုပ်တာ နောက်ကျသွားရင်တော့ သည်းခံပေးကြပါ။
ဒီက admin တွေကတော့ contribute လုပ်ချင်တယ်ပြောလို့ အဟုတ်မှတ်ပြီး နောနော်လိုတစ်မျိုး အာကြီးလိုတစ်ဖုံ ကြိုဆိုနေကြပါလား။ တကယ် active member တစ်ယောက်ဖြစ်ချင်တာပါ။ ဒါပေမယ့် လာမယ်ကြာမယ်ပေါ့ဗျာ။ လာဖြစ်အောင်တော့လာပါ့မယ်။

နက်ဖြန် သို့မဟုတ် ဘယ်သောအခါ ပေါ့။
ဒါနဲ့ alt.332 က မှားနေတယ်နော်။ အာကြီးက မင်္ဂလာဘား လို့ နှုတ်ဆက်တာ။ သေချာပြန်နားထောင်ကြည့်ဦး။

အသဲကွဲလူသားကိုလည်း အားပေးတဲ့အတွက်ကျေးဇူးပါ။ ဒါနဲ့ ko heart-broken က professional developer လားခင်ဗျ။ (ko heart-broken လို့ ခေါ်မယ်နော် ... ဖြစ်တယ်မှတ်လား

။ ပြီးတော့ ဟင်း ဟင်း ဟင်း နဲ့ ဂျပန်စက်ရုပ်နဲ့ စပ်ဆက်ပုံလေးလဲ အားလုံးသိရအောင် နည်းနည်းလောက်တော့ လင်းပေးပါလား။ ကျွန်တော့်လို နည်းနည်းဝေးတဲ့သူတွေအတွက်ပေါ့။
မသိတာတွေရှိရင် မေးမယ်ဆိုတဲ့သူတွေကိုလည်း သိတာဆိုရင်ပြောပြမှာပါ။ ဒါပေမယ့် ခုတော့ မသိတာကများနေသေးတဲ့အတွက် မေးမယ့်သူတွေကို အားတော့နာတယ်ဗျာ။

ကျွန်တော့်ထက် ဒီက ko heart-broken တို့က ပိုသိမယ်ထင်ပါတယ်။ သူတို့ကိုလည်း မေးကြပေါ့။