ကျနော်ကတော့ SATA Hard Disk အကြောင်းဆွေးနွေးပေးပါ့မယ်။(ကျနော်က Hardware သမားမဟုတ်တော့ အမှားပါခဲ့လို့ရှိရင်လည်း ခွင့်လွှတ်ပေးကြပါ)
SATA အကြောင်းမဆွေးနွေးခင် ATA hard disk
drives အကြောင်းကို ပြောပါ့မယ်။ATA ဆိုရဲ့ အရှည်ကောက်ကတော့ Advanced Technology Attachment လို့ အဓိပ္ပါယ်ရပါတယ်။သူက Serial ကော Parallel IDE Format ကော နှစ်မျိုးလုံးနဲ့ လာတတ်ပါတယ်။
Serial ATA ကို SATA လို့ခေါ်ပါတယ်။ SATA ရဲ့ နည်းစနစ်ကို စတင်ပြီးတော့ မိတ်ဆက်ခဲ့တာကတော့ ၁၉၈၆ လောက်တုန်းကဖြစ်ပါတယ်။အဲဒီ့ နည်းပညာကို အတည်ပြု (အသိအမှတ်ပြုခဲ့တာကတော့) 2002 ခုနှစ်လောက်တုန်းက ANSI အဖွဲ့ကနေပြီးတော့ အသိအမှတ်ပြု ပေးခဲ့ပါတယ်။
SATA ရဲ့ ကောင်းတဲ့ အချက်ကတော့ Main Board နဲ့ Drive ကို Point to Point Communication လုပ်လို့ရတယ်လို့ ဖတ်ဖူးပါတယ်။ (*Point to Point Communication ဆိုတာ ဘာလဲတော့ ကျနော်လည်းသိဘူးဗျ)Parallel ATA (PATA) မှာတော့ ကြိုးတစ်ကြိုးတည်းမှာ master slave အရောကို Support လုပ်ပြီးတော့ Drives ၂ ခု ကြိုးတစ်ချောင်းနဲ့ ချိတ်လို့ရတဲ့ နည်းပညာပါ တယ်လို့ သိရပါတယ်။
SATA ကို RAID လုပ်ရာမှာလည်း သုံးလေ့ရှိတယ်လို့ လေ့လာဖူးပါတယ်။ SATA ကို စပြီးတော့ Design ထုတ်လိုက်ရတဲ့ အကြောင်းအရင်းက တော့ Data Transfer Rate အတွက်ဖြစ်တယ်လို့လည်း ဖတ်ဖူးပါတယ်။ DATA Transfer လုပ်ရာမှာ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်တဲ့ Device လို့လဲဆိုနိုင်ပါတယ်။ သူကတော့ Data တွေကို half duplex နည်းနဲ့ transfer လုပ်ပါတယ်။
Speed အနေနဲ့ဆိုရင်တော့ ၁ စက္ကန့်ကို 1.5 GB ပမာဏအထိ Data Transfer လုပ်နိုင်တယ်လို့လေ့လာမိပါတယ်။
SATA II ကိုတော့ ၂၀၀၃ မှာ ထပ်မံမိတ်ဆက်ပါတယ်။ သူကတော့ Speed အနေနဲ့ ၁ စက္ကန့်ကို 3 GB လောက်အထိကို Data Transfer လုပ်နိုင်ပါတယ်။ Parallel ATA Drive တွေအနေနဲ့ 18 လက်မ အကျယ်ရှိတဲ့ ကြိုးပြားတွေကို သုံးလေ့ရှိပြီးတော့ Serial ATA (SATA) တွေ အနေနဲ့ ကတော့ အရှည် ၁ မီတာလောက်အထိရှည်တဲ့ ကြိုးတွေကိုသုံးပါတယ် အကျယ်ကတော့ လက်မဝက်လောက်တောင်မရှိပါဘူး။အဲဒီ့ အချက်က PATA တွေနဲ့ နှိုင်းယှဉ်ရင် SATA ရဲ့ နောက်ထပ် ကောင်းတဲ့အချက်လို့ဆိုရပါလိမ့်မယ်.. Casing ထဲမှာကြိုးရှုပ်ထွေးမှုကို ရှောင်ရှားနိုင်လို့ပါ။
SATA တွေ အနေနဲ့ အခြား Hard Disk တွေလိုဘဲ External တွေ ရှိပါတယ်။ သူ့ကိုတော့ eSATA လို့လည်း ခေါ်ပါတယ်။ နောက်တစ်နည်း ခေါ်တာကတော့ External Direct Attached Storage for Notebook လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်လို့ ဖတ်ရှုဖူးပါတယ်။External SATA တွေ အစား အခြား External သုံးလို့ရတာတွေ ရှိပါသေးတယ် အဲဒါတွေကတော့ USB တွေနဲ့ IEEE 1394 တွေကို အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီ့ Device တွေက SATA တွေလောက် Data Transfer Rate မမြန်ပါဘူး။
External SATA သုံးတာတွေရဲ့ ကောင်းတဲ့အချက်တွေကတော့ ::
-သူက အခြား Device တွေထက် Data ပို့တာ ၆ ဆလောက် မြန်ပါတယ်။
-အကြမ်းခံပါတယ်။ အသုံးပြုသူတွေအတွက်လည်း လွယ်ကူစွာအသုံးပြုနိုင်ပါတယ်။
-Performance ကောင်းတဲ့ အပြင် ကုန်ကျစရိတ်အနေနဲ့လည်း ပေးရတာသက်သာတယ်လို့ဆိုရပါမယ်။
-အကောင်းဆုံးကတော့ Portable ဖြစ်တာနဲ့ ၊ ၂ မီတာလောက်ရှည်တဲ့ သေချာ ပြုလုပ်ထားတဲ့ ကြိုး ကြောင့် အသုံးပြုရတာ လွယ်တဲ့အချက်ဘဲဖြစ်ပါတယ်။
ကျနော့်ရဲ့ ဆွေးနွေးမှုကို ဒီမှာတင် အဆုံးသတ်ပါမယ်။
IDE နဲ့ ပတ်သက်ပြီးတော့လည်း တင်ပေးချင်ပါသေးတယ်.... ကျနော်က Hardware နဲ့ ပတ်သက်ရင် အတွေ့ အကြုံမရှိလို့ အမှားလေးတွေပါရင် တော့ သည်းခံဖတ်စေချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
~SYKO~
ကြိုက်ရင်သုံး
မကြိုက်ရင်
လွှင့်ပစ်လိုက်