Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

Goto page : 1, 2  Next

Topics [0]

20110913
တကယ်တမ်းတော့ ကျွန်တော်တို့အကောင့်ကို ဘယ်သူမှမခိုးပါဘူး၊ကျွန်တော်တို့ ကိုယ်တိုင်ပဲ လုပ်နေကြတာပါ။ တစ်ခါတစ်ခါ မသိလိုက်ပဲပိတ်ဖို့မေ့ကျန်ခဲ့တတ်ကြပါတယ်။

ပထမအချက်က-
Gmail ပိတ်ဖို့မေ့ခဲ့တာ(သို့မဟုတ်) Remember password ပေးထားတာပဲဖြစ်ဖြစ် Browser ထဲမှ ကျန်ခဲ့တက်ပါတယ်။ Gtalk ပိတ်ဖို့မေ့သွားရင်တော့ ယူတဲ့သူကလွယ်လွယ်နဲ့တော့ ယူလို့မရပါဘူး။

Password Viewer Software တွေရယ် password-recovery-for-google တွေကိုအသုံးပြုရပါတယ်။
[You must be registered and logged in to...

by ET - Comments: 0 - Views: 141
20110826
ကျွန်တော်သည် ယနေ့အချိန်အထိ စာရေးကောင်းသူတစ်ဦး မဟုတ်သေးပါ။ စာတစ်ပုဒ်ကို စနစ်တကျနှင့် ရေးတတ်လာနိုင်ရန်အတွက် ကြိုးစားဆဲအဆင့်သာဖြစ်ပါသည်။ ယခုရေးမည့်စာသည်လည်း စာတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ကို စနစ်တကျရေးသားနိုင်စေဖို့ ကြိုးစားနေသူတစ်ဦးမှ၊ မိမိနှင့် ဘဝတူကြိုးစားနေသူများထံ၊ ဖတ်မှတ်မိသမျှကို ပြန်လည်မျှဝေခြင်း အနေဖြင့် ရေးသားထားခြင်း ဖြစ်ပါသည်။

မိမိရေးသားလိုက်သော စာတစ်ပုဒ်အား စနစ်တကျနှင့် မိမိ၏ စာဖတ်သူမှ မဖတ်ခင်တွင် ဖတ်ချင်လာအောင်၊ ဖတ်နေဆဲတွင် ဆက်ပြီးဖတ်ချင်အောင်၊ ဖတ်ပြီးလျှင်လည်း စွဲနေအောင် လုပ်ဆောင်နိုင်ရန်တို့မှာ စာရေးသူတို့၏ တာဝန်ဖြစ်ပါသည်။...

by sHa92 - Comments: 1 - Views: 229
20110806

Tip
ကျနော်တို့ Gmail တွေကြည့်တဲ့အခါမှာ Snippets တွေကအမြည်းသဘောပဲဖော်ပြပေးပါတယ်။
အဲ့ဒီအတွက် တစ်ခါတည်းကြည့်လို့မရတဲ့အတွက် ကျနော်တို့တွေက မေလ်းတွေကို Click နှိပ်၊ ဖွင့်ပြီးဖတ်ရပါတယ်။ အဲ့ဒီတော့ ကျနော်တို့ Gmail ထဲဝင်လာတဲ့စာတွေကို ဖွင့်ဖောက်စရာမလိုပဲ တစ်ခါတည်းကြည့်လို့ရအောင် Preview Pane ဆိုတဲ့ Features တစ်ခုကို Gmailblog ကနေ ဖော်ပြပေးပါတယ်

မူရင်းလင့်မှာဖတ်ချင်သူများအတွက်။
Code:
http://gmailblog.blogspot.com/2011/08/new-in-labs-preview-pane.html


[You must be registered...

by ET - Comments: 0 - Views: 131
20110529
CrazyTalk Pro 6.0
[You must be registered and logged in to see this image.]

Crazy Talk ကတော့ ရိုးရိုး ဓါတ်ပုံလေးကို လူစကား ပြောသလို လုပ်လို့ရပါတယ် . ကားတွန်းကား တွေမှာ တွေ့ဖူးပါလိမ့်မယ် . တိရိစ္ဆာန်က စကားပြောနေတာ . အဲ့ဒါ crazy Talk ကို အခြေခံပြီး လုပ်ထားတဲ့ သဘောပါ .. သူသတ်မှတ်ထားတဲ့ အစက်ကလေးကို သူသတ်မှတ်ထားတဲ့ မျက်နှာနေရာမှာ ထားလိုက် ပြီးတာနဲ့ ကိုပြောစေချင်တဲ့ စကားလုံးကို ရိုက်ထည့်လိုက်ပါ . အဲ့ဒီ့မယ် စကားစပြီး ပြောပါလိမ့်မယ်ဗျာ . သက်မဲ့ရုပ်ပုံကို...

by ET - Comments: 0 - Views: 122
20110528
Mozilla Firefox မှာ Addon အဖြစ်သုံးတာပါ။
ဘယ် Downlaod manager မှ မလိုပါဘူး ဒီ Add on လေးကိုရှာပြီး install လုပ်ရုံပါပဲ. အလုပ်လည်းမရှုပ်ဘူးပေါ့။.

Firefox ရဲ့ ------------
(1) Tools menu မှ Add-ons (Ctrl+Shift+A) ကိုနှိပ်ပါ။
(2) Get Add-on ကိုနှိပ်ပါ။
(3) Search Box ထဲမှာ Download Youtube Video + 3.3.51 ဆိုပြီး ရိုက်ရှာလိုက်ပါ။
(4) အောက်ပုံပါအတိုင်းကျလာရင် Install ကိုနှိပ်ပေးပါ။

by ET - Comments: 0 - Views: 127
20110525
[You must be registered and logged in to see this image.]
ကျနော်ပေါ့ဗျာ စာတမ်းလေးရေးနေရင်း ပုံလေး ပါတဲ့ page ကို ကြီးနေလို့ သူ့တခုထဲကို landscape လေးနဲ့လုပ်ပေးရမယ် ဒီတိုင်းလုပ်တာ ဘယ်လိုမှ မရဘူးလေ (မသိတော့လဲ လည်နေတာ) သူပေးထားတဲ့ နေရာကနေ portrait နဲ့ နောက်တခု landscape ဆိုပြီး ပေးထားတယ်၊ အဲ့ကောင်လေးကို ပြောင်းလိုက်ရင် တခြား pageေ တွပါ landscape အကုန်ပြောင်းကုန်တယ်လေ၊၊အဲ့ဒါနဲ့ ထုံးစံအတိုင်း ရိုက်ပြီးတော့ ရှာလိုက်တော့ ဆိုဒ်တခုမှာရှင်းပြထားပါတယ်.page...

by ET - Comments: 0 - Views: 136
20110501

Your Personal Digital Vault
[You must be registered and logged in to see this image.]
သင့်ရဲ့ ကိုယ်ရေးကိုယ်တာဖိုင်တွေနဲ့ အချက်အလက်တွေကို မဆိုင်သူတွေ အသုံးမပြုနိုင်အောင် cutting-edge transparent encryption technology ကိုသုံးပြီး ကာကွယ်ပေးပါတယ်။ သင့်ကွန်ပျူတာမှ ဖိုင်များကို delete လုပ်ရာမှာလည်း Data Recovery Software တွေနဲ့  ပြန်မရှာနိုင်အောင် permanently delete လုပ်ပေးလို့ ဖျက်လိုက်တဲ့ အချက်အလက်တွေ အတွက်လည်း ပူစရာမလိုပါဘူး။

by Htet Naing - Comments: 0 - Views: 82
20101018
Google Talk Shell V1.2.1

ဒီအကြောင်းအရာလေးကလည်းကြာပါပြီ ။ လူသိနည်းသေးတယ်လို့ ကျနော်ထင်တယ်လေ။

ဒါကြောင့် ကျနော်က မသိသေးတဲ့သူတွေ သိအောင်နဲ့သုံးလို့အဆင်ပြေအောင် ပြောပြလိုက်ပါတယ်။

တစ်ချို့၊ ဂျီတော့(ကိုယ်နဲ့Chatting )ပြောနေတဲ့သူတွေရဲ့ပုံလေးတွေ တစ်ပုံပြီးတစ်ပုံပြောင်းသွားတာတို့

သီချင်းနာမည်တွေ တစ်ပုဒ်ပြီးတစ်ပုဒ်ပြောင်းသွားတာတွေကို သတိများထားမိမလားမသိဘူး။

အဲ့ဒါက Auto လုပ်ပေးထားတာပါ ။

ကဲ..အောက်မှာရေးထားတဲ့ Features တွေကို ဖတ်ကြည့်ရင်း ဘာတွေအသုံးတည့်လဲဆိုတာတွေ့ပါလိမ့်မယ်.

ပုံလေးနဲ့တကွ ကျနော်ဖော်ပြလိုက်ပါတယ်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××

by ET - Comments: 0 - Views: 109
20100930
အင်တာနက်စသုံးတော့မယ်ဆိုရင် လူတော်တော်များများက ဂျီတော့နဲ့စကားပြောမယ်

ဆိုပြီးအကောင့်တွေလုပ် ခိုင်းပြီး G-talk အကောင့်နဲ့ အင်တာနက်စသုံးတော့တာပဲ ….အဲ့ဒီအတွက်

G-talk မပြောခင် အကောင့် လုပ်နည်းလေးကို အရင်ဖော်ပြချင်ပါတယ်

(၁) G mail အကောင့်လုပ်နည်း
Step(1) Mozilla ရဲ့ URL (address) Bar မှာ [You must be registered and logged in to see this link.]
ကိုဝင်လိုက်ပါ။ အောက်ကပုံအတိုင်း...

by ET - Comments: 0 - Views: 236
20100928
Website:
Code:
http://[You must be registered and logged in to see this link.]


Dropbox Download Link:

Code:
http://[You must be registered and logged in...

by ET - Comments: 0 - Views: 56
20100912
ဒီရည်ရွယ်ချက်က Flash Song မှ Flash song ဖြစ်နေသူများအတွက်ပါ။
လုပ်တတ်ချင်လိုက်တာ.......ဘယ်လိုလုပ်ရလဲဆိုပြိးတော့ မြင်နေရတယ်ဗျာ
အဲ့ဒိတော့ ကိုယ်ဆီမှာရှိတဲ့ Power Point ကိုကော သေချာကျွမ်းကျင်ပြီလား......
Power Point နဲ့ပဲ Flash song လို ပုံနဲ့ သီချင်းတစ်ပုဒ်ဖြစ်မြောက်အောင် ဖန်တိးယူလို့ရပါတယ်
အဲံဒီတော့ အခြေခံသင်ခန်းစာလည်းဖြစ်အောင် Presentation တစ်ခုလုပ်ကြည့်ကြရအောင်.
လိုအပ်တာရှိရင် ဝေဖန်ထောက်ပြဖြည့်စွက်ပေးပါ
ဒီသင်ခန်းစာက လေ့လာနေသူ အခြေခံအဆင့်များအတွက် တစ်ဖက်တစ်လမ်းက အကူညီရနိုင်ပါစေလို့........
MITR ဖိုရမ်ကနေ ဆုတောင်းပါတယ်ဗျာ

××××××××××××××××××××××××××××

by ET - Comments: 2 - Views: 99
20100809
[img][You must be registered and logged in to see this image.][/img]

လက်ရှိအသုံးပြုနေသော Internet browser အများစုသည် အသုံးပြုသူ ကိုယ်ရေးအချက်အလက်များကို ခိုးယူ စေနိုင်သည့်အပြင် အခြားတိုက်ခိုက်မှုများကိုလည်း ဖန်တီးပေးလျက်ရှိကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ကျင်းပခဲ့သော Black Hat ကွန်ဖရင့်၌
White-Hat Security မှ နည်းပညာအရာရှိချူပ်ဖြစ်သူ Jeremiah Grossman ကပြောကြားခဲ့သည်။

၎င်း၏ အဆိုအရ browser များတွင် ပါဝင်သည့် နာမည်၊...

by water - Comments: 0 - Views: 98
20100716

နည်းပညာဆိုင်ရာ Idea အချို့
Idea №.1.



[You must be registered and logged in to see this image.]



ယနေ့ ကမ္ဘာကြီးရဲ့ သိပ္ပံပညာသည် စက္ကန့်နဲ့အမျှ တိုးတက်လျှက်ရှိရာ...

by Slip - Comments: 0 - Views: 97
20100626
Proxy Server ဆိုတာ ဘာလဲ
Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့
အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို
ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ
အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က
သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင်
ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့
ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က
Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ
လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ

by ET - Comments: 0 - Views: 201
20100118
G mail သုံးသူတိုင်းသတိပြုနိုင်အောင်လို
Code:
http://sofialay.blogspot.com/2010/01/gmail-back-up.html
မှကူးယူဖော်ပြမျှဝေပါသည်။

ဒီ post ကို မတင်ခင်မှာ အကြိမ်ကြိမ် သချာ စဉ်းစားပါသေးတယ်။ သူခိုးလမ်းပြ လုပ်သလို၊ ကျားကို အတောင်ပံ တပ် ပေးသလို ဖြစ်မှာ စိုးရိမ်မိပါတယ်။ ဘာမှ မသိ နားမလည်သေးတဲ့ သိုးငယ်များကို ကျားပါးစပ် ပေါက်က လွတ်စေဖို့အတွက် လည်း အားလုံး သိဖို့လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်ကပဲ စဉ်းစားပြီး ကိုယ်ရေးကိုယ်တာ အတွက် အသုံးပြုလိုသူများအတွက် သုံးနိုင်အောင် ဖော်ပြလိုက်ရပါတယ်။

ဘယ်နိုင်ငံသားတွေနဲ့မှ...

by ET - Comments: 5 - Views: 240
20100603
Myanmar Tutorials မှ “Why we can’t skip the basic step” Post လေးဖတ်ရင်း အတွေးဝင်လာလို့ ရေးဖြစ်သွားပါတယ်။ အစကတော့ စီကာပတ်ကုံး ရေးနေတာ ၊ ရေးချင်တာတွေများပြီး ဟိုရောက်ဒီရောက်နဲ့ စာဖတ်သူကို ပေးချင်တဲ့ message မရောက်ဘဲ ပိုစ့်က ထိရောက်မှုမရှိမှာစိုးလို့ ဒိုးဒိုးဒေါက်ဒေါက် ရေးတတ်သလို အဆင်ပြေမယ့်ပုံစံ ချုံ့ရေးထားပါတယ်။ ခေါင်းစဉ်ကိုတော့ စိတ်ကူးပေါက်ရာပေးလိုက်မိတယ်။ Very Happy

မြန်မာတွေ ဘာလို့ Team Work နှင့် မရင်းနှီးတာလဲ

-ကျွန်တော်တို့ ငယ်ငယ်တုန်းက ကစားနည်းတွေတိုင်းမှာ...

by sHa92 - Comments: 12 - Views: 274
20100504
ကျွန်တော်တို့ Computer Hard Disk ဖြစ်စေ
Portable Device တစ်ခု ဖြစ်စေ 2 GB အရွယ်ရှိတဲ့ Pendrive တစ်ခုက 1000 GB
ခန့် နဲ့ 1TB ရှိတဲ့ Hard Disk Space က 931 GB လောက်ပဲ ဖြစ်နေတယ်ဆိုတာ
ဘာကြောင့်လဲလို့ လူတော်တော်များများ စပ်စပ်စုစု
တော်တော်သိချင်ကြပါတယ်...နောက်တစ်ခုက

[You must be registered and logged in to see this image.][You must be registered...

by solakoko - Comments: 1 - Views: 141
20100411
တကယ်တော့ လောကမှာ
သူရဲကောင်း
(heroes) တွေဆိုတာ လုပ်ငန်းတိုင်း၊
နယ်ပယ်တိုင်းမှာ ရှိတတ်ကြပါ တယ်။ အဲ့သလိုပါပဲ၊ လူကြမ်း (Villain) ဆိုတာတွေက
လည်း ရှိတတ်ကြစမြဲပါ။ ဒါပေမယ့် လူကြမ်း (Villain) တွေရှိမှ သူရဲကောင်း
(heroes) ဆိုတာ ပေါ်လာကြရ တာမို့လား။ စဉ်းစားစရာဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့
ကျွန်တော်တို့အနေနဲ့ အိုင်တီ လောကရဲ့ သူရဲကောင်း (IT heroes)
တွေကို ရွေးထုတ် ထားပါတယ်။ အဲ့ဒီထဲမှာ ကြီးကျယ်ထင်ရှားတဲ့...

by mars - Comments: 0 - Views: 117
20100411
ယနေ့ခေတ်
ကျွန်တော်တို့လူငယ်တွေကြားမှာ ကွန်ပျူတာ၊ အိုင်တီ၊ အင်တာနက်
ဆိုတဲ့ဝေါဟာရတွေက ပလူပျံအောင်ကြား နေရပါတယ်။ များပြားလှတဲ့ ကွန်ပျူ
တာသင်တန်း ပေါင်းစုံ လက်မှတ်ပေါင်းစုံ နောက်မှလူငယ် တွေခမျာ
ငွေထုပ်ပိုက်ပြီး တကောက်ကောက်လိုက်တက် နေကြရပေမယ့် တကယ်တမ်း သင်တန်းတွေပြီး
လက် မှတ်တွေရကြတဲ့အခါ ဘာလုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်နေတတ်ကြပါတယ်။
တစ်ချို့ကတော့ နိုင်ငံခြား ထွက် အလုပ်လုပ်ဖြစ်ကြပေမယ့်
ICT
ဆိုတာပြည်တွင်းမှာ အသုံး ချလို့မရတဲ့ ပညာရပ်တစ်ခုလိုဖြစ်နေပါတယ်။...

by mars - Comments: 0 - Views: 123
20100408
စာအုပ်ဆိုင်တွေရှိတဲ့ ဘက်ကို သင်လမ်းလျှောက် ကြည့်ဖူးမှာပါ။ ဂျာဗားကို ၇ ရက်အပြတ်သင်၊ Visual Basic၊ ၀င်းဒိုး၊ အင်တာနက် စတာတွေ ကို နာရီအနည်းငယ် သို့မဟုတ် ရက် အနည်းငယ်နဲ့ အပြတ်သင် ဆိုတာမျိုး တွေပေါ့။

တစ်ခါက Amazon ဆိုတဲ့ ၀ဘ် ဆိုဒ်မှာ ဒီလို ရှာကြည့်ဖူးတယ်။

ထုတ်တဲ့ရက် ၁၉၉၂ နောက် ပိုင်း၊ ခေါင်းစဉ်မှာ days ဆိုတာပါ ပြီး Learn သို့မဟုတ် Teach yourself ဆိုတာလည်းပါတဲ့ စာအုပ်များဆိုပြီး တော့ ရှာကြည့်တာ ၂၄၈ ခု ထွက်လာ ပါတယ်။ ပထမဦးဆုံး ၇၈ အုပ်ဟာ ကွန်ပျူတာ စာအုပ်တွေ ဖြစ်ပြီး ၇၉ ခု မြောက်ဟာ ဘင်ဂါလီဘာသာကို ၃၀ရက်နဲ့ အပြတ်သင်ဆိုတဲ့ စာအုပ် ဖြစ်တယ်။

ဒါနဲ့ days ဆိုတဲ့ စာလုံးကို...

by mars - Comments: 5 - Views: 154
20100408
နည်းပညာတွေ တိုးတက်နေတဲ့ ယနေ့ခေတ်မှာ လူငယ်တွေတော်တော်များများက IT ကို စိတ်ဝင်စားလာ ကြပါတယ်။ Technology မသိရင်လည်း ခေတ်တစ်ခုမှာ ကျန်ခဲ့နိုင်ပါတယ်။

ဖြစ်ချင်တာတွေများလွန်းရင်လဲ အလုပ်မဖြစ်တတ် ပါဘူး။ IT Professional တစ်ယောက်ဖြစ်ချင်တဲ့ လူငယ် တစ်ယောက်ဟာ ဘာမှမစုံစမ်းပဲနဲ့ ဟိုသင်တန်းကောင်း တယ်ဆိုပြေးတက်၊ ဒီသင်တန်းကောင်းတယ်ဆို ပြေးတတ် လုပ်နေရင် အချိန်ကုန်ရုံပါပဲ။ ဘာမှ ထိထိရောက်ရောက် ရှိမှာမဟုတ်ပါဘူး။ နည်းပညာနဲ့ ပတ်သက်လို့ လိုင်းတွေ အများကြီးရှိပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့အပိုင်းဟာ ရေရှည်မှာ Trend ရှိတဲ့ ဟာကိုပဲ ရွေးချယ်သင့်ပါတယ်။

IT နဲ့ပတ်သက်လို့ လိုင်းတွေအများကြီးရှိတဲ့အထဲ မှာ (၃) ခုကို...

by mars - Comments: 0 - Views: 89
20100405
ကွန်ပျူတာကို မွေးဖွားခြင်း

ပထမဦးဆုံးသော ကွန်ပျူတာများ (computers) သည် လူသားများပင်ဖြစ်သည်။ ၁၉၂၀ ခုနှစ်မတိုင်မီ က တွက်ချက်မှု (computation) များကို လုပ်ကိုင်ကြသော စာရေးစာချီများကို တွက်ချက်သူများ (computer) များဟု ခေါ်ဆိုကြပေသည်။ မူလအစအားဖြင့် ကွန်ပျူတာ ဟူသော အသုံးအနှုန်းသည် အလုပ်၏ခေါင်းစဉ်အမည် ပင်ဖြစ်ပြီး၊ ရေကြောင်းသွားလာမှုစာရင်းဇယားများ၊ ဒီရေ အတက်အကျနှင့်နက္ခတ်တာရာပြက္ခဒိန်များအတွက် နက္ခတ်တာရာ အနေအထားများ စသည်တို့အတွက် အဖြေရလာဒ်များ ရရှိရန်လိုအပ်သော တွက်ချက်မှုများ အား လုပ်ကိုင်ဆောင်ရွက်ရသောသူများကို ဖော်ပြညွှန်းဆို ရန် အသုံးပြုခဲ့ကြခြင်းပင် ဖြစ်သည်။ ထိုကွန်ပျူတာ အများစုသည် အတွက်အချက်ကျွမ်းကျင်သော...

by mars - Comments: 1 - Views: 117
20100329
အခုအချိန်မှာ laptop တွေကလည်း ဒုနဲ့ဒေး ထွက်ပေါ်နဲ့ပြီး laptop, netbook စသဖြင့် အမျိုးအစားတွေကလည်း အမျိုးမျိုးရှိပါတယ်။ ဒီ လို ရှုပ်ထွေးလှတဲ့ ရွေးခြယ်မှုတွေကြားမှာ ကိုယ်နဲ့ ကိုက်ညီတဲ့ laptop တစ်လုံး ကိုအကောင်း ဆုံး ရွေးခြယ်ဝယ်ယူနိုင်ဖို့အတွက် အခြေခံ အချက်လေးတွေကို စုစည်းပေးလိုက်ပါတယ်။

Laptop တစ်လုံးဆိုရင် ပထမဦးဆုံး စဉ်းစားမိတဲ့အချက်ကတော့ အရွယ်အစားနဲ့ပုံစံပါ။ အရွယ်အစား သိပ်သေးလွန်းရင် စာရိုက်ရတာ နှေးကွေးမယ်။ အလုပ် တွင်မှာ မဟုတ်သလို၊ မလိုအပ်ပဲ ကြီးလွန်းနေပြန်တော့လည်း laptop ရဲ့ ရည် ရွယ်ချက်ဖြစ်တဲ့ အလွယ်တကူ သယ်သွား နိုင်မှုကို ထိခိုက်လာပြန်ပါတယ်။ laptop ကို သာမန် အားဖြစ် screen size နဲ့ ခွဲခြားလိုက်မယ်ဆိုရင်...

by mars - Comments: 3 - Views: 96
20100324
Gmail ရဲ့လျှို့ဝှက်ချက်တွေ


1>လျင်မြန်တဲ့စာပို့နည်း

တကယ်လို့ ခင်ဗျားဟာအရေးတကြီး စာပို့စရာရှိနေပြီဆိုရင်
ပို့ရမဲ့လူတွေက အရေအတွက်များနေရင် လိပ်စာနောက်က
@gmail.com မထည့်ပဲ username တွေကိုပဲ comma
( , ) တွေခံပြီး ပို့နိုင်ပါတယ်။ အဲဒီ username တွေဟာ
အရင်က စာအဆက်အသွယ်လုပ်ဖူးတယ်ဆိုရင် gmail ရဲ့
adress book ကနေ အလိုအလျောက် အလုပ်လုပ်ပေးပါလိမ့်မယ် ။

by ET - Comments: 23 - Views: 372
20100323
ကွန်ပျူတာနှင့် အလုပ်လုပ်ကြရာဝယ်...

ယနေ့ခေတ်ကာလ လုပ်ငန်းခွင်တွေမှာ Computer နဲ့ အမြဲ အလုပ်လုပ်နေကြရပါပြီ။ Computer ရဲ့ Monitor ကိုပဲ တစ်ချိန်လုံး

ကြည့်နေရတော့ Monitor က ထုတ်လွှတ်တဲ့ ရောင်ခြည်ကြောင့် မျက်စိတွေ အနည်းနဲ့အများ ဆိုသလို ဘေးဥပါဒ် ဖြစ်လာကြပါပြီ။

ခေါင်းကိုက်၊ ဇက်ကြောတက် ဝေဒနာလည်း အားလုံးလိုလို ခံစားနေကြရပါပြီ။ Computer ကို အလုပ်ထဲမှာ သုံးတာဖြစ်ဖြစ်၊

ကိုယ်ရေးကိုယ်တာ သုံးတာပဲဖြစ်ဖြစ် မျက်စိတွေကို အားစိုက်ထုတ် ရ တာပါပဲ။ ကြာလာရင် မျက်စိတွေ နာကျင်လာမယ်။ ယားယံလာမယ်။

ခြောက်သွေ့လာမယ်။ အမြင်တွေဝါးပြီး မြင်ကွင်းနှစ်ထပ်ဖြစ်လာမယ်။ Monitor ကနေ မျက်စိကိုခွာပြီး...

by ET - Comments: 0 - Views: 126
20100322

Article
ကမ္ဘာ့ရာဇ၀င်ကို လေ့လာမည်ဆိုလျင် နိုင်ငံအသီးသီး၌ လူစွမ်းကောင်းတွေ ရှိခဲ့ကြသည်ကို တွေ့ရလိမ့်မည်၊ မြန်မာ့ရာဇ၀င်၌လည်း ပုဂံခေတ်က ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးဟူ၍ လူစွမ်းကောင်းတွေရှိခဲ့ကြသည်၊ သူတို့လေးဦးလောက် မကျော်ကြားသော်လည်း အခြားလူစွမ်းကောင်းတွေ မြန်မာ ရာဇ၀င်၌ ရှိခဲ့ကြသည်၊ လူတွေက လူစွမ်းကောင်းတွေကို ချစ်ခင်မြတ်နိုးကြသည်၊ လူစွမ်းကောင်းကို သူရဲကောင်းအဖြစ်လည်း သတ်မှတ်ကြသည်။

ကမ္ဘာ့ရာဇ၀င်ကို လေ့လာမည်ဆိုလျင် နိုင်ငံအသီးသီး၌ လူစွမ်းကောင်းတွေ ရှိခဲ့ကြသည်ကို တွေ့ရလိမ့်မည်၊ မြန်မာ့ရာဇ၀င်၌လည်း ပုဂံခေတ်က ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးဟူ၍ လူစွမ်းကောင်းတွေရှိခဲ့ကြသည်၊...

by mars - Comments: 0 - Views: 102
20100128

Copy & Paste ရဲ့နောက်ကွယ်
ကျွန်တော်သတိထားမိတာလေးတစ်ခုရေးပြချင်လို့ပါ..
လူငယ်အများစုလုပ်တတ်တာလေးတစ်ခုပေါ့..ကိုယ်သဘောကျတဲ့ပုံတွေစာတွေတွေ့ရင် Copy ကူးလာတယ်ပြီးတော့ကိုယ်သုံးနေကဆိုက်
မှုာပြန် Paste လုပ်တယ်.. Ning Creator တွေကတော့အဆိုးဆုံးပေါ့...ပို့စ်တွေဖောချင်းသောချင်းရေးနိုင်သူတွေမှမဟုတ်တာ နော် Razz
ဒီနေရာမှာတစ်ချို့ဆိုက်တွေကကြိုက်သလိုကူးခွင့်ပြုပါတယ်.....တစ်ချို့ဆိုက်တွေကတော့သူ့ဆီကဖြစ်ကြောင်းဖော်ပြပေးရင်ခွင့်ပြုပါတယ်..
တစ်ချို့ဆိုက်တွေကတော့ လုံးဝကူးခွင့်မပြုပါဘူး...
ကျွန်တော်ပြောချင်တာလာပါပြီ...
ခွင့်မပြုတဲ့ဆိုက်နေကူးပြီးလာပြတယ်...ဘာဖြစ်သလဲ...?

by firef0xxx - Comments: 5 - Views: 206
20100315
History of Linux
Linux ဟာ Unix-Like ဖြစ်တဲ့အတွက် Unix Opertion Systems အကြောင်းအရင်ပြောပါမယ်။ UNIX ကို AT&T က 1969 မှာစတင်ခဲ့ပါတယ်။ Computer လောကမှာ Unix က နမည်ကြီးပြီး နေရာယူထားတဲ့အချိန်မှာ Microsoft ဟာ Unix ကို စီးပွားရေးလက်ဝါးကြီးအုပ်မှုနဲ့  1970 မှာတရားစွဲခဲ့တယ်။ အဲဒီပွဲမှာ Unix ကရှုံးသွားတော့ Unix Source တွေကို အလကား ယူသုံးကြတယ်။ နောက်(၁၀)နှစ်လောက်ကြာတော့ 1980 မှာ Unix ကအမှုကိုပြန်ပြီး အယူခံဝင်တယ်။ Unix ကခိုးသုံးသူတွေကို လျော်ကြေးတောင်းတယ်။ မပေးနိုင်တဲ့သူတွေကို Kernel သာသာလေး Computer ခေါ်ရတယ်ဆိုရုံလေး ပေးထားလိုက်တယ်။
အဲဒါကိုမကျေနပ်တော့ Andrew S. Tanenbaum...

by Htet Naing - Comments: 0 - Views: 111
20100119
စာစီစာရိုက်အတွက် အခြေခံမှစပြီးလေ့လာကြအောင်


ကျနော်ထင်တယ် စာစီစာရွက်အတွက်ဆို MS Excel နဲ့ Adobe Pagemaker လောက်ဆို တော်တော်အသုံးဝင်ပါပြီ
MS Word နဲ့  Powerpoint ကိုတော့ နည်းန်ညးလောက်သိထားရင်တော်လောက်ပါပြီ
(ကျနော်အထင်နော်)
ကျနော်ကိုယ်တိုင်လည်း Word နဲ့ Powerpoint သုံးတတ်ရုံလောက်ပဲ လေ့လာထားပါတယ်
အခု ဒီမှာ အမြန်ဆုံးစာစီစာရိုက်လုပ်ငန်းနားလည်းအသုံချနိုင်ဖို့ ကျနော်သိသလောက် နေ့စဉ် ရေးသားပါမယ်
ကျနော်အခုရေးတာက တတ်ကျွမ်းသူများအတွက်မဟုတ်ပါဘူး စတင်လေ့လာသူများအတွက် အကျိုးရှိစေဖို့ပါ
ကျနော်လည်း တစ်ဖက်တစ်လမ်းက ကုညီဆောင်ရွက်ပေးတာပါ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

by ET - Comments: 9 - Views: 156
20100313
[You must be registered and logged in to see this image.]

၁) မိမိ ဖွင့်သော Website သည် Official Site ဖြစ်ရန်
အွန်လိုင်းမှာ တစ်ချို့သော Website တွေက လာရောက်လည်ပတ်သူကို ဒုက္ခပေးနိုင်တဲ့ malicious code တွေ / virus တွေကို မြှပ်နှံ့ထားတတ်ပါတယ်.. ဒါကလည်း search engine နဲ့ အချို့သော Social Site တွေကနေ ၀င်လာတဲ့ Link တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိအသုံးပြုတဲ့ website က Official Site ဖြစ်မှသာ ပိုပြီးစိတ်ချရပါတယ်။ Official Site မှာကော malicious code တွေထည့်လို့မရဘူးလားဆိုတော့...

by mars - Comments: 0 - Views: 111
20100224
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ အိန္ဒိယနိုင်ငံနှင့်ပူးပေါင်း၍ နည်းပညာသစ်တစ်ခုအနေဖြင့်

သင်ကြားပေးမည့် Wireless and Mobile Computing ( WiMac) သင်တန်းသစ် တစ်ခုကို

မကြာမီတိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ WiMac သင်တန်းတွင် ကွန်

ပျူတာပရိုဂရမ်ဖြင့် ရေးသားထားသော Java Mobile Programming (J2ME), Win CE. Net

Programming ဘာသာရပ်များနှင့် မိုဘိုင်းလ်နည်းပညာဆိုင်ရာဘာသာရပ်များအား မိုဘိုင်းလ်

ဖုန်းများပေါ်တွင် သင်တန်းသားများကိုယ်တိုင်လက်တွေ့ ရေးသားထည့်သွင်းအသုံးပြုနိုင်သော

Mobile Application Program များအား တည်ဆောက်နိုင်သည်အထိ စာတွေ့၊လက်တွေ့ပေါင်း

by mars - Comments: 0 - Views: 97
20100223
မိုက္ကရိုဆော့ဖ်ရဲ့ထုတ်ကုန်တွေဟာသုံးစွဲသူတွေအတွက်လွယ်ကူ အောင်လုပ်ထားပေးတာဖြစ်လို့သုံး စွဲသူတွေအတွက်အနည်းငယ်သိရုံ တင်အဆင်ပြေအောင်လုပ်သွားနိုင် တဲ့ထုတ်ကုန်တွေပါ။ OS တွေဟာ အမြဲတမ်း ပိုမိုကောင်းလာသလို application တွေကလည်းသုံးစွဲ သူတွေ အတွက်ကြီးမားတဲ့ အခက် အခဲတွေမဖြစ်စေပါဘူး။ ဒါပေမဲ့ စီ မံခန့်ခွဲရေးကို နောက်ကွယ်ကနေ လုပ်ကိုင်ပေးနေရတဲ့ administrator တွေအတွက်တော့
အခက်အခဲ လေးတွေရှိတတ်ပါတယ်။ virus တွေကစလို့ သုံးစွဲသူတွေကြောင့် ဖြစ်တဲ့ပြဿနာအဆုံးလိုက်ပြီး တော့ဖြေရှင်းပေးရတာမလွယ် ကူ ပါဘူး။ သုံးစွဲသူတွေကလည်းတစ် ခါတစ်ရံမှာသူတို့ဘာလုပ်လို့ဒီလိုဖြစ် သွားတယ်ဆိုတာကိုမသိလိုက်တဲ့အ ခါတွေမှာတော့ အတွေ့အကြုံသိပ်...

by mars - Comments: 0 - Views: 129
20100207
ကျွန်တော့်ရဲ့ ညီငယ်လေးနှင့် အခြားသော အိုင်တီလောကမှ ခေါင်းဆောင်များထံသို့......

၂၁ ရာစု အိုင်တီလုပ်ငန်းတွေမှာ အမိန့်ပေးခိုင်းစေတာထက် ဝန်ထမ်းတွေကို သူ့တို့ကိုယ်တိုင်တီထွင်ဖန်တီးမှုရှိအောင် တွန်းအားပေးရမယ်။ ဝန်ထမ်းတိုင်းတက်ကြွစွာနဲ့ တာဝန်ယူလုပ်ကိုင်နိုင်အောင် ဖန်တီးပေးရမှာပါ။

လက်ရှိအချိန်မှာ IT လောကဟာ ကွဲပြားခြားနားတဲ့ အရည်အသွေးတွေနဲ့ ခေါင်းဆောင်သစ်တွေကို လိုအပ်နေပါပြီ။ နှစ်ပေါင်းများစွာကြာအောင်ကိုပဲ ကျွန်တော်တို့ဟာ IT ခေါင်းဆောင်တွေရဲ့အခန်းကဏ္ဍမှာ အဓိကအပြောင်း အလဲကြီးတွေ ဖြစ်ပေါ်လာခဲ့တာ တွေ့ခဲ့ရပါတယ်။

ခေါင်းဆောင်ဆိုတာ...

by sHa92 - Comments: 7 - Views: 144
20100129
Net Guide 21 November 2009(ဆောင်းပါးရှင်-မိုးပျံအောင်)

Jeagate Companyဟာ ဒီနှစ် January လထဲမှာ ကျင်းပတဲ့ CES Electronic Show မှာ သူ့ရဲ့ အချက်အလက်သယ်နှုန်း မြန်ဆန်တဲ့ USB 3.0 ကို ပွဲထုတ်ခင်းကျင်းပြသခဲ့တယ်။ ဈေးကွက်ပေါ်ကို ၂၀၀၉ ခုနှစ်အကုန်မှာ ရောက်လာမယ်လို့ ခန့်မှန်းခဲ့တယ်။ USB Implementers Forum (USB- 1F) ကလည်း အခုဆိုရင် USB 3.0 တွေ ဈေးကွက်ပေါ်ကို ၂၀၁၂ ခုနှစ်မှာ ရောက်လာမယ်လို့ ဖော်ထုတ်အသိပေးခဲ့တယ်။

USB ဟာကြောက်ခမန်းလိလိ အောင်မြင်မှုရတဲ့ Interface တစ်ခုပါပဲ။ ၂၀၀၈ ခုနှစ်တစ်နှစ် တည်းတွင် USB Devices ပေါင်း သန်း ၃၀၀၀ လောက်ရောင်းချခဲ့ရတယ်။

USB...

by Htet Naing - Comments: 0 - Views: 148
20100126
[You must be registered and logged in to see this image.]

မန္တလေးမြို့မှာဦးဇင်းအနေနဲ့ သံဃာတော်များ အတွက်အခမဲ့ကွန်ပျူတာသင်တန်းများဖွင့်လှစ် သင်ကြားပေးခဲ့တာ အဓိက သင်တန်းချိန်များ စက်များကိုကူညီပေးသူ ဦးရဲဝင်းနောင်(Pro-Tech) ကွန်ပျူတာစင်တာမှဖြစ်ပါတယ်။ ဦးရဲဝင်းနောင် အခုလိုသင်တန်းချိန်များလှူဒါန်းခဲ့တာ

တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ သင်တန်းချိန် များနေ့လည် (၁)နာရီမှ(၃) နာရီအထိ သင်တန်းချိန်အဖြစ်သင်တန်းခန်းမဆောင်နှင့် စက်များကိုအသုံးပြုခွင့်ပေးထားခဲ့ပါတယ်။

by alt.332 - Comments: 0 - Views: 95
20100112
ဂျီတော့မှာ ဘာတွေလုပ်

အင်တာနက် အကြောင်းပြောမယ်ဆိုရင်
ဂျီတော့အကြောင်းလေးတော့ ပါမှ ပြည့်စုံသွားမှာပါ။
ဂျီတော့ ကို လူကြီးတွေလည်းသုံးသလို လူငယ်တွေလည်း အသည်းစွဲပါ( ကျနော်ကိုယ်တိုင်လည်းပါမယ်ထင်တာပဲ...ဟီးဟီး)

နည်းပညာတိုးတက်လာတဲ့နောက်မှာ အန္တရာယ်ဆိုတာလည်း ကပ်ပါလာတတ်တာမို့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးလမ်းမှားမရောက်အောင် သူတို့ အငိတာနက်မှာ ဘာတွေသုံးပြီး
ဘာတွေပြောနေကြနေတယ်ဆိုတာ သိဖို့လိုအပိပါတယ်...
ဒီတော့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေ ဂျီတောခ့်ထဲမှာ ဘာတွေပြောနေတယ်ဆိုတာသိနိုင်မဲ့ ဆော့ဝဲလ် တစ်ခုကို ပြောပြပေးချင်ပါတယ်

ဆော့ဝဲလ် အမည်က IMBossw Gtalk Sniffer...

by ET - Comments: 3 - Views: 147
20091025
[You must be registered and logged in to see this image.]
ကျနော်ရဲ့ ညအလင်္ကာဘလော့လေးမှာ အခုတစ်လော တက်ဂ်ပိုစ့်လေးများ နဲ့ ဝေဆာနေပါတယ်။ အခုတစ်ခေါက် ဘလော့ကာ အစ်ကိုZOX
Code:
http://netmaze.mmgenius.com/
ရဲ့ တက်ဂ်ကိုရေး ပါဦးမယ်။
ဂျီတော့ခ်ချည်း သုံးနေမယ့်အစား ဘလော့ဂ်တင်ပါလား

ကျွန်တော် အင်တာနက်ကို သုံးခဲ့တာ ဒီနှစ်မပါ အ၀င် ၈နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ ၈နှစ်တုန်းက ဆို...ကျွန်တော်အလုပ်လုပ်တဲ့...

by ET - Comments: 3 - Views: 215
20100101
သင့်ကွန်ပျူတာဟာ bot အဖွဲ့စည်းတစ်ခုရဲ့သားကောင်လား လုံခြုံမှုမရှိတဲ့system တစ်ခုရဲ့ အစိတ်ပိုင်းတစ်စဖြစ်နေပြီး spam တွေကိုဖြန့်ဝေနေပါသလား ???

botnet ဆိုတာဘာလဲ....bot netဆိုတာအင်တာနက်သုံးနေတဲ့ကွန်ပျူတာနက်ဝါ့ခ်တွေဖြစ်တယ်

သူတို့ရဲ့ပိုင်ရှင်တွေကိုယ်တိုင်မသိလိုက်ပဲ bot program တွေကိုစက်ထဲထည့်သွင်းခံလိုက်ရပြီး

အဲ့ဒီစက်တွေမှတဆင့်ပြီးတဆင့် bot တွေပွားသွားမယ့် zombie army ပဲဖြစ်ပါတယ်။

bot program ထည့်သွင်းခံရတဲ့စက်တွေကို zombie လို့ခေါ်ပါတယ် ။

အဲ့ဒီ bot program ကို computer robot (or) bot လို့ခေါ်ပြီး သူတို့ရဲ့masters spam တွေ သို့ virus originator တွေရဲ့instructionတွေကိုလုပ်ဆောင်ရသလို...

by C0D3R - Comments: 1 - Views: 151
20091220
အခု လူငယ်တွေ ခဏ ခဏ မေးနေကြတာတွေ့ရတယ်။ ဘာလုပ်ရင် ကောင်းမလဲ။ ဘယ် programming ကို လိုက်သင့်လဲ။ web ပိုင်း နဲ့ application ပိုင်း ဘာပိုကောင်းလဲ။ အဲဒီလို မေးရင် ဖြေရတာ တကယ်ကျပ်တယ်။ တကယ်တန်းတော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တာ အကောင်းဆုံးပဲဗျ။ အဲဒီ မေးခွန်းကို ကိုယ့်စီနီယာ တွေကို မေးနေတာထက် ကိုယ့်ကိုယ်ကို အရင်မေးကြည့်သင့်တယ်။ ငါ ဘာလုပ်ရင်ကောင်းမလဲ။ ငါဘယ်လိုင်း လိုက်ရင်ကောင်းမလဲ။ ကျွန်တော့်ကို မေးရင်တော့ အဖြေကရှင်းတယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲ။

စီနီယာတွေကို မေးရင် သူတို့ကလည်း သူတို့ ကြိုက်တာ ပြောမှာပဲ။ ကိုယ်ကြိုက်တာနဲ့သူတို့ကြိုက်တာ တူမယ်လို့ ဘယ်လိုလုပ်ပြောနိုင်မလဲ။ ခက်တာက ကိုယ့်ကိုယ်ကို မသိကြတာ...

by Eracobengo - Comments: 0 - Views: 97
20091019
ကျွန်တော့် ငယ်သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ ကိုနီလင်းရဲ့ MCSE နဲ့
ပတ်သက်တဲ့ အကြောင်းကို အောက်မှာ ပြန်လည် ဝေမျှလိုက်ပါတယ်။ ကိုနီလင်းဟာ
လက်ရှိ စင်္ကာပူမှာ လုပ်ကိုင်နေတာဖြစ်ပြီး မြန်မာပြည်မှာလည်း British
Council မှာ Networking နဲ့ ပတ်သက်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ ရန်ကုန်မှာ
Information Beam ဆိုတဲ့ သင်တန်းကျောင်း တစ်ခုလည်း ဖွင့်ထားပြီး
အဲဒီမှာလည်း သင်ကြားပေးခဲ့ပါတယ်။ ဒီဘလော့ကနေ တဆင့် ဒီလို ပြန်လည်
ဝေမျှလိုသူများကိုလည်း ကြိုဆိုပါတယ်။

ကျွန်တော်က Microsoft System Engineer တစ်ယောက်ပါ။ MCSE အနေနဲ့ အလုပ်
လုပ်နေတာကလည်း ၅ နှစ်လောက် ရှိပါပြီ။ ဒါမတိုင်ခင်ကလည်း ICT...

by Guest - Comments: 3 - Views: 130
20091214
I want to share a post from MMITP by Ko Myint Kyaw Thu.. I hope that our community can continue like this post.. then..

Original Post : [url=http://myanmaritpros.com/forum/topics/1445004:Topic:180224]
Code:
[/url][url=http://myanmaritpros.com/forum/topics/1445004:Topic:180224]http://myanmaritpros.com/forum/topic...4:Topic:18022[/url]

================================================== ====
ကဲ့ရဲ့ခြင်းဆိုတာ သူတပါးကို မကောင်းအမြင်နဲ့ ကြည့်ပြီး၊ တကယ်မဟုတ်တာကို

by mgpyone - Comments: 0 - Views: 138
20091129
ကျနော် TuT ရေးမှာမဟုတ်ပါဘူး။ TuT လို့ထင်လို့ ကြည့်တာဆိုရင် ဒီမှာတင်ရပ်လို့ရပါပြီ။
Security ကို လေ့လာတယ့် လူတွေရှိတယ်။ တစ်ချို့က hacker ဖြစ်ချင်လို့။ လွန်ခဲ့တယ့် နှစ်ပိုင်းကတည်းက online community တွေက Basic TuT တွေဖတ်ပြီး လိုက်လုပ်ကြည့်၊ ရသွားရင် အဲလောက်နဲ့ကျေနပ်ပြီး TuT နောက်တစ်ခုထပ်ရှာ လိုက်လုပ်ကြည့်နဲ့ လည်ပတ်နေတယ့် သူတွေရှိပါတယ်။ Knowledge ပိုင်းမှာ အတိုင်းအတာ တစ်ခုထိ ကောင်းပေမယ့် Knowledge တွေကို ဘယ်လို လက်တွေ့မှာ Apply ပြန်လုပ်ကြသလည်းဆိုတာမျိုး၊ ကိုယ့်ဦးနှောက်နဲ့ကို ဆက်လုပ်ဆိုတာမျိုးကြရင် အင် အယ် ဖြစ်ကုန်တတ်ကြတယ်။

ကျနော်တို့ ဒီမှာ TuT တွေကိုပဲဖြစ်ဖြစ် တစ်ခုခု စမ်းကြည့်လို့ရသွားရင်...

by xtrm - Comments: 14 - Views: 247
20091207

Every Newbie to programming world should read it first
I want to share a post from MZ.. that's written by Ko Thar Thar

here is the original link

Code:
http://[You must be registered and logged in to see this link.]


I hope that it may be very useful for all

==================================================================================================

Programming language...

by mgpyone - Comments: 3 - Views: 132
20090926
ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံးမှန်ကန်တဲ့
အိုင်တီခေတ်အလုပ်အကိုင် အခွင့်အလမ်းတွေအနေနဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။
အိုင်တီအလုပ်အကိုင်တွေအနေနဲ့ Professional Level, Mangement Level နဲ့ Executive Level ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။
အများစုကတော့ အခြေခံအဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ်အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ
အဆင့်ဆင့်ရရှိလာပြီဆိုမှ အထက်အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
Technical Level မှာ
Programmer/Software Developer
Systems Analyst/Analyst Programmer

by manawphyulay - Comments: 5 - Views: 185
20091101
လူတွေရော အားလုံးပါပဲ တစ်ခုခုဆို Virus လို့ပဲ သိပါတယ်။

တကယ်တော့ Virus အနွယ်ဝင် အမျိုးအစားများရှိနေပါတယ်။ အဲဒါတွေအကြောင်းရှင်းလင်းပြထားတဲ့ မေးလ်တစ်ခု ရောက်ရှိလာတာကြောင့် ပြန်လည် ဖော်ပြလိုက်ရပါတယ်။

မူလရေးသားသူ ဆရာမျိုးသူရနှင့် ပြုစုပေးသူအားအထူးကျေးဇူးတင်ရှိပါတယ်။



၁။Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error...

by K0ht3t - Comments: 0 - Views: 88
20091025
nano နည်းပညာဟာလာမည့်ဆယ်စုနှစ်အတွင်း အရေးပါဆုံးနည်းပညာတစ်ရပ်ဖြစ်လာမှာ မလွဲပါဘူး။
nano နည်းပညာဆိုတာ အကြမ်းဖျင်းပြောရရင်အနုစကြ၀ဠာအတွင်းမှာရှိသောအရာတွေရဲ့ ဆက်ဆံရေးနဲ့ စပ်လျဉ်းနေတဲ့ နည်းပညာတစ်ရပ်ပါဘဲ။ တစ်နည်းအားဖြင့် အလွန်အနုစိပ်လှတဲ့ atoms များ အတွင်းရှိ ဆက်ဆံရေးဆိုင်ရာ နည်းပညာဖြစ်ပါတယ်။
nano နည်းပညာဟာ စူးစမ်းလေ့လာနေတဲ့ အချိန်ရဲ့အတိုင်းအတာသဘောကို ပြောမယ်ဆိုရင်လည်း onesecond ၏ အပုံတစ်သန်းပုံတစ်ပုံမျှသာရှိမည့် ကာလအတွင်းရှိ ဆက်ဆံ့ရေးတွေအကြောင်းပါဘဲ။
nano နည်းပညာဟာ အနုစကြ၀ဠာအတွင်းမှာ ရှိတဲ့ရုပ်ကမ္ဘာလေးထဲမှာ ရှိတဲ့ နယ်နမိတ်တွေကိုတဖြေးဖြေး မှေးမှိန် ပျောက်ကွယ်အောင် လုပ်နေပါပြီ။
ဒါကြောင့်...

by ET - Comments: 0 - Views: 154
20091020
[You must be registered and logged in to see this image.]

Graphic နဲ့ သက်ဆိုင်တဲ့ အကြောင်းတွေ ပါ .. ကောင်းပါတယ် .. ဖတ်ကြည့်ကြပါဦး ..

Computer အသုံးပြုကြရာမှာ Monitor Screen ဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ Screen ပေါ်မှာ မြင်ရတဲ့ စာလုံးတွေ သေးငယ်နေမယ်၊ ပုံရိပ်တွေေ၀၀ါးနေမယ်၊ Screen တုန်ခါမှုတွေ ဖြစ်နေမယ်ဆိုရင် စိတ်ညစ်ဖို့ ကောင်းလှသလို မျက်စိကိုလည်း အန္တရာယ်ပေးနိုင်ပါတယ်။ Computer Display ပေါ်မှာ ကြည့်လို့ ကောင်းလာအောင် ပြုလုပ်နိုင်တာလေးတွေကို...

by K0ht3t - Comments: 2 - Views: 137
20091019
အလွန်ကြီးမားသော (သို့မဟုတ်) ၁-အနောက်မှ သုည အလုံးတစ်ရာ (10100) လို့ အဓိပ္ပါယ်ရတဲ့၊ မူရင်းစကားလုံး “googol” ရဲ့ အသံထွက် စာလုံး ပေါင်း (အမှား) နဲ့ “Google ”လို့ နာမည်တွင်တဲ့ အင်တာနက် ဘီလူးကြီးတစ်ကောင် ကို အမေရိကန်နိုင်ငံ၊ California ပြည်နယ် ၊ Stanford University ရဲ့ Ph.D ကျောင်းသား နှစ်ဦးဖြစ်သူ Larry Page ( Michigan State University မှ ကွန်ပြူတာ သိပ္ပံနှင့် ဥာဏ်ရည်တု ဌာန ပါမောက္ခ Dr. Carl Victor Page ၏ သား) နှင့် Sergey Brin (ရုရှား ဘာသာ အားဖြင့် Сергей Михайлович Брин - ဆိုဗီယက်ရုရှား နိုင်ငံသား၊ ဂျူးလူမျိုး မိဘနှစ်ပါးမှ ပေါက်ဖွားပြီး အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ အခြေချ နေထိုင်သူ) တို့မှ ၁၉၉၈...

by K0ht3t - Comments: 0 - Views: 146
20090915
ဒီပိုစ့်ကို ကျနော်ကတော့ ၂ ဆင့် ခံ မျှဝေသူဖြစ်ပါတယ်။ ဒီပိုစ့်က အသိပညာ အများကြီးပေးထားသလို ၊ ကျနော့်လို ယောင်ဝါးဝါး ဖြစ်ခါနီး Software Engineering Student တွေနဲ့ ကိုက်ညီမှာပါ။
ကြိုက်လွန်းလို့ ကူးယူဖော်ပြလိုက်ရတာပါ။

ကျနော်ကူးယူလာတဲ့နေရာကတော့ mmso.org မှ ဖြစ်ပြီး ပြန်လည် မျှဝေပေးထားတဲ့ သူကတော့ CyberHunter ဖြစ်ပါတယ်။
သူရေးထားတဲ့ အတိုင်း အစအဆုံးကူးပြီးဖော်ပြလိုက်ရပါတယ်။

-xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx-

ဒီဆောင်းပါးကို အောက်ပါ link မှ knowledge အတွက် ကူးယူဖော်ပြပါသည်

by sHa92 - Comments: 3 - Views: 196
20090925
ဒါကတော့ ကိုယ့် အနေနဲ့ ကွန်ပျူ တာ အဟောင်း တစ်လုံးကို ၀ယ် ရင်အဲဒီ့ ကွန်ပျူတာကို လည်း ဖွင့် မကြည့်ချင်ဘူး .. ကြည့်ပြီး မှမ၀ယ်ဖြစ်တော့ဘူး ဆိုရင်လည်း မိတ်ပျက်မယ် ပေါ့ ဗျာ .. အဲဒီ့ အချိမှာ အဲဒီ့ ကွန်ပျူတာအထဲ မှာ ဘာတွေ ရှိတယ် ... ဘယ် လို ပစ္စည်းတွေ သုံးထားတယ်ဆိုတာမျိုးပေါ့ .. ကြည့်လို့ ရမယ့်နေရာကလေးတွေ ကို အားလုံး အနေနဲ့ ကိုယ့် အထင်ကလေးတွေ ကို ပြောပြစေချင်ပါတယ် ....ကွန်ပျူတာ အဟောင်းဝယ်မယ့် လူတွေ လည်း စဉ်းစားရမယ့် အခါ ကျရင် ဒီပိုစ့် ကလေး ကို မြင်ပြီးတော့ ဘယ် လို မျိုး ကို ရွေး ချယ် သင့်တယ် ဆိုတာကို စဉ်းစားနိုင်တာပေါ့ ... အားလုံးပဲ ၀ိုင်းပြီးတော့ ဆွေးနွေး ပေးကြပါဦးဗျာ ...
ကြည့်မယ်ဆိုရင်တော့

by K0ht3t - Comments: 0 - Views: 116

Topics [50]

  Back to top

Goto page : 1, 2  Next

Moderator : Moderators

Users browsing this forum: None

Permissions in this forum:
You cannot post new topics in this forum
You cannot reply to topics in this forum

  • New posts New posts
  • New posts [ Popular ] New posts [ Popular ]
  • New posts [ Locked ] New posts [ Locked ]
  • No new posts No new posts
  • No new posts [ Popular ] No new posts [ Popular ]
  • No new posts [ Locked ] No new posts [ Locked ]
  • Announcement Announcement
  • Sticky Sticky
  • Global announcement Global announcement

 

Free forum | © PunBB | Free forum support | Contact | Report an abuse | Free forums