အော်တိုကတ် ဆွဲရင် မဖြစ်မနေ ကျွန်တော်သုံးတာက တစ်ခုခုလုပ်မယ်ဆို တခြားဟာတွေ မနှောင့်ယှက်အောင် esc ကို လေးငါးခြောက်ခါလောက် ပစ်နှိပ်လိုက်တာနဲ့၊ ဆွဲလို့မကျေနပ်ရင်ပြန်သွားတဲ့ Cont နဲ့ z တွဲနှိပ်တာပါဘဲ။ မေ့နဲ့ဗျနော်။ ဒါလေးနှစ်ခုက စိတ်ညစ်သက်သာတယ်ရယ်။
ဆွဲမယ့် ပုံရဲ့ ကိုယ်ထည်ဟာ အပြင်ဘက် အလျှား ၅၀ အနံ ၄၅ အမြင့် ၃၀ ရှိပါတယ်။ သူ့ရဲ့ အထူဟာ ၅ ရှိပါတယ်။ တစ်ဖက်ဖွင့် ဇလား သဏ္ဍန်ရှိပါတယ်။ ပထမဆုံး ကျွန်တော်ဆွဲမှာက ကိုယ်ထည်ကို မှောက်လျှက်ပုံစံဆွဲပါမယ်။ ကျွန်တော် ဆွဲဖို့ ကြံထားတာက
(၁) အောက်ခြေ ၅၀x၄၅ အတွင်းမှာ ၄၀x၃၅ ရှိတဲ့ စတုဂံနှစ်ခုကိုဆွဲပါ့မယ်။
(၂) ၅၀x၄၅ ကို အမြင့် ၃၀ ရှိတဲ့ ထုထည် တစ်ခုလုပ်ပါ့မယ်။
(၃) ၄၀x၃၅ ကို အမြင့် ၂၅ ရှိတဲ့ ထုထည် တစ်ခုလုပ်ပါ့မယ်။
(၄) ထုထည်များဟာ အောက်ဘက် အခြေမှာ ကပ်နေတာတွေကြောင့် ထုထည်ကြီးမှ ထုထည်သေးကို နှုတ်ခြင်းအားဖြင့် ကျွန်တော် ပထမဆုံးလိုအပ်တဲ့ ခွက်မှောက် (ဟီး... မှောက်နေတဲ့ခွက်) ကို ရမှာဖြစ်ပါတယ်။
နံပတ် (၁) ရအောင် ဆွဲကြစို့ဗျာ။
ပထမဆုံး 3D မြင်ကွင်းရအောင် အောက်ကပုံလေးအတိုင်း ကလစ်ယူပါ့မယ်။ အောက်ကပုံကိုသွားဖို့ Toolbar လေးတွေလိုရင် View>Toolbars>view ကိုသွားလိုက်ပါ အောက်ကပုံကို မလွဲမသွေရမှာပါဗျ။
[You must be registered and logged in to see this image.]ခုဆိုကျွန်တော်တို့ စတုဂံလေးနှစ်ခုကို ဆွဲပါ့မယ်ခင်ဗျ။ စတုဂံလေးတွေဆွဲဖို့ line လေးက စရမှာမို့ toolbar က အစက်နှစ်စက်နဲ့ပုံလေးကို click ၍လည်းကောင်း အောက်ဆုံးက command BOX မှာ l ကိုရိုက်၍လည်းကောင်းသုံးနိုင်ပါတယ်။ ပုံလေးတွေ အသေးစိတ်ပြချင်ပေမယ့်လည်း upload တင်ရတာ မလွယ်လို့ စာနဲ့ပဲရေးသွားပါ့မယ်ခင်ဗျ။
l >enter ပြီးတဲ့အခါ လိုင်းစဖို့ အမှတ်ချလို့ ရပါပြီ နှစ်သစ်ရာနေရာမှာ ချပါ့မယ်။ mouse ကို လှုပ်ကြည့်ရင် လိုင်းဆုံးမှတ်အတွက် click လို့ရနေပါပြီ။ ဒါပေမယ့် ရမ်းခါနေပါလိမ့်မယ်။ ဆွဲမှာက ထောင့်မိုလို့ command BOX အောက်က ORTHO ဆိုတာလေးကို လှမ်းကလစ်လိုက်ပါ။ ဒီခါမှာ xy direction အတိုင်း မူလမှတ်မှသည် လေးဘက်လေးတန် xy AXIS နဲ့အပြိုင် ဆွဲနိုင်ပါပြီ။ ညာဘက်အောက်ဆီကို လိုင်းသွားဟန်ပြုပြီး 45 ကိုရိုက်လိုက်ပါ့မယ်။ ENTER မရိုက်ခင် အခြေအနေက အောက်က ပုံအတိုင်းရှိနေပါ့မယ်။
[You must be registered and logged in to see this image.]enter ခေါက်ပြီးတဲ့အခါ အမှန်ခြစ် သဏ္ဍန် အဆုံးမှ အပေါ်ကို ၅၀ ချိုးဖို့ ဆက်ဆွဲပါ့မယ်။ (အဆုံးဟာ မြင်ကွင်းကနေ မဆံ့လို့ မပေါ်ရင် mouse မှ wheel နဲ့လှိမ့်လို့ဖြစ်စေ ဘေးက zoom တွေ ရွှေ့လို့ဖြစ်စေ မြင်နိုင်ပါတယ်။ ဘယ်လိုမှ မှန်းမရရင် esc နှိပ်ပြီး z >enter>a>enter ရိုက်က ဆွဲထားသမျှကို အကိုက်လေး ပြပေးပါတယ်။)
နောက်မျဉ်းကို ဆွဲဖို့ကတော့ ဒီအောက်က ပုံလေးအတိုင်းထားပြီး ၅၀ ရိုက် ENTER ခေါက်ယုံပါပဲ။ မခေါက်ခင် အခြေနေက အောက်က ပုံအတိုင်းပါခင်ဗျ။
[You must be registered and logged in to see this image.]ဒီလိုနဲ့ အောက်က ပုံလေးအတိုင်း ENDPOINT ပြရာ မှာကလစ်ပါ့မယ်။ ပြီးရင် ESC ကို နှိပ်ခြင်းအားဖြင့် စတုဂံတစ်ခု ဆွဲလို့ ပြီးပါပြီခင်ဗျ။
[You must be registered and logged in to see this image.][You must be registered and logged in to see this image.]credti to:: amaung.myanmarbloggers.info