Portal­Home­Memberlist­Register­Log in
Post new topic   Reply to topicဤ Topic ကို ပြန်လည်မျှဝေရန်|
 

 ၂၀၁၀ ခုနှစ် April Intake မှစတင်၍ ITE ကျောင်းလခများပြောင်းလဲသတ်မှတ် [Article]

View previous topic View next topic Go down 
AuthorMessage
mars
Moderator



Moderator



စုစုပေါင်းရေးသားချက်များ: 466
တည်နေရာ: ချစ်သူရဲ့အဝေး
မှတ်ပုံတင်သောနေ့: 2009-07-28
ကျေးဇူးတင်ခံရမှု: 24
ဖိုရမ် အကျိုးဆောင် ရမှတ်: 1200
သတိပေးခံရမှု: သတိပေးခံရမှု မရှိသေးပါ

PostSubject: ၂၀၁၀ ခုနှစ် April Intake မှစတင်၍ ITE ကျောင်းလခများပြောင်းလဲသတ်မှတ် [Article]   10th March 2010, 12:31 pm



၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်ကြာသပတေးနေ့တွင် စင်ကာပူနိုင်ငံရှိ MOE (Ministry of Education) နှင့် ITE (Institute of Techanical Education) ကျောင်းတို့၏ ပညာရေးဆွေးနွေးပွဲအရ
PR (Permanent Resident) နှင့် IS (International Student) ကျောင်းသားများကို April Intake မှစတင်၍ ကျောင်းလခများကို တိုးမြှင့်ကောက်ခံသွားမည်ဟု သဘောတူညီမှုတစ်ရပ်ကို အတည်ပြုသတ်မှတ်ခဲ့ကြောင်းသိရသည်။ ယခင်က ၂၀၀၉-၂၀၁၀ ပညာ သင်နှစ်အတွက် ကျောင်းလခသတ်မှတ်ချက်များမှာ Nitec Course အတွက် တစ်နှစ်လျှင် (Semester နှစ်ခု) ကျောင်းလခမှာ $S1256 နှင့် Higher Nitec Course အတွက် $S1908 ဖြစ်သော်လည်း 2010 April Intake မှစတင်၍ Nitec Course အတွက် တစ်နှစ်လျှင် $S2,700
နှင့် Higher Nitec Course အတွက် $S5,060 အထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။
ကျောင်းလခများ တိုးသွားသော်လည်း Tution Loan များမရှိကြောင်း သိရသည်။ ထို့အတူ ယခင်သတ်မှတ်ချက်အတိုင်း ITE ၏၀င်ခွင့်စာမေးပွဲများကို January နှင့် April နှစ်ခုစလုံးအတွက် ကျောင်းလျှောက်ထားခွင့်ကာလမှာ တစ်ချိန်တည်းဖြစ်ပြီး ၀င်ခွင့်စာမေးပွဲမှာလည်း ကျောင်းကသတ်မှတ်ထားသည့် လတစ်လတည်းသာ တစ်ပြိုင်တည်းဖြေဆိုရမည်ဖြစ်ကြောင်း သိ ရသည်။ ထိုသို့ ကျောင်းလခတိုးမြှင့်ကောက်ခံမည့် သဘောတူညီမှု အတည်ပြုချက်ကို စင်ကာပူ Local Media များထံသို့ ထိုနေ့နေ့လည် ၂ နာရီ ၃၀ မိနစ်တွင် သတင်းအတိအလင်း ပေးပို့ထုတ်ပြန်သွားကြောင်း Life Gift Oversea Education Service Center မှသိရှိရသည်။ ITE ကျောင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသူ ကျောင်းသားကျောင်းသူများသည် ဖုန်း-၀၉ ၅၁၈၉၂၆၅ နှင့် ၀၉၅၁၇၉၁၂၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။

Ref: myanmarinternetjournal


ဘာမှကိုမသိတော့ဘူး.....

Code:
http://sidnaing.co.cc/
Back to top Go down
http://sidnaing.co.cc/
 

၂၀၁၀ ခုနှစ် April Intake မှစတင်၍ ITE ကျောင်းလခများပြောင်းလဲသတ်မှတ် [Article]

View previous topic View next topic Back to top 
Page 1 of 1

Permissions of this forum:You cannot reply to topics in this forum
Myanmar IT Resource Forum :: ARTICLES ZONE ::   :: Article News-
Post new topic   Reply to topic