Portal­Home­Memberlist­Register­Log in
Post new topic   Reply to topicဤ Topic ကို ပြန်လည်မျှဝေရန်|
 

 ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း ချထားပေးမည်ဆိုခြင်းမှာ မသေချာသေး [Article]

View previous topic View next topic Go down 
AuthorMessage
mars
Moderator



Moderator



စုစုပေါင်းရေးသားချက်များ: 466
တည်နေရာ: ချစ်သူရဲ့အဝေး
မှတ်ပုံတင်သောနေ့: 2009-07-28
ကျေးဇူးတင်ခံရမှု: 24
ဖိုရမ် အကျိုးဆောင် ရမှတ်: 1200
သတိပေးခံရမှု: သတိပေးခံရမှု မရှိသေးပါ

PostSubject: ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း ချထားပေးမည်ဆိုခြင်းမှာ မသေချာသေး [Article]   10th March 2010, 12:53 pm



ဂျီအက်စ်အမ် ကျပ်ငါးသိန်းတန်ဖိုးရှိဖုန်းများအား ချထားပေးမည်ဟု သတင်းများထွက်နေသော်လည်း သေချာမှုမရှိသေးကြောင်း ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးမှရှင်းပြသည်။
ဆက်သွယ်ရေးလုပ်ငန်းမှ CDMA 800 ကျပ်ငါးသိန်းတန်ဖိုးရှိဖုန်းများကို လျာထားချက်ပြည့်မီအောင် ချထားပေးလျက်ရှိပြီး ဂျီအက်စ်အမ်များကိုလည်း ယင်းဖုန်းများနည်းတူ ချထားပေးမည်ဟု သတင်းများထွက်နေသော်လည်း ကောလာဟလအနေနှင့်သာရှိသေးပြီး သေချာမှုမရှိသေးကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများတွင် CDMA 800 ကိုရရှိခြင်းကြောင့် လာရောက်ထုတ် ယူနေသည့်သူများအား မပြတ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ “ ဂျီအက်အမ်ဖုန်းတွေ အ တွက်ချပေးဖို့ဆိုတာ မရှိသေးပါဘူး ငါးသိန်းဖုန်းမှာ CDMA 800 ပဲရှိပါသေးတယ်။ ဂျီအက်စ်အမ်မှာ ငါးသိန်းဖုန်းမရှိသေးပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းပြသည်။ “အပြင်မှာ ဂျီအက်စ်အမ်ငါးသိန်းဖုန်းတွေထွက်မယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ဘယ်သူမှ သေသေချာချာရေရေရာရာ မပြောနိုင်ပါဘူး။ လောလောဆယ် သူငယ်ချင်းတွေကော အသိတွေကောက CDMA 800 ထုတ်ပြီးသွားပါပြီ” ဟု စီးပွားရေးလုပ်ငန်းရှင် လူငယ်တစ်ဦးမှ ရှင်းပြသည်။ ဂျီအက်စ်အမ်များသည် တပ်ဆင်ခ ၁၅ သိန်း ၅ သောင်းနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချ ထားပေးလျှက်ရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင် အသုံးပြုနိုင်ရန်အတွက် တိုင်များဆိုက်ထူထားပြီးဖြစ်သည်။ “ဂျီအက်စ်အမ်ဖုန်းတွေ ငါးသိန်းနဲ့ချထားပေးမယ်ဆိုတာ ကောလဟလတစ်ခုအနေနဲ့ပဲ ရှိသေးပါတယ်။ အခုချထားပေးနေတဲ့ CDMA 800 တောင် ကြိုးစားပြီး ချထားပေးနေပါတယ်။ နောက်ပိုင်းမှာ ဂျီအက်အမ်တွေဟာလည်း top-up အနေနဲ့ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်နဲ့ချထားပေးမယ်ဆိုတာတော့ မသိပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ တာဝန်ရှိသူတစ်ဦးမှ သူ၏အမြင်ကိုရှင်းပြသည်။ ဂျီအက်အမ်များသည် ပြည်တွင်းတွင် အများဆုံးရောင်းချလျက်ရှိပြီး ယခုနောက်ပိုင်းတွင် ၀ယ်လိုအားကျဆင်းသွားပြီး ဟန်းဆက် ၀ယ်ယူမှုတွင် CDMA 800 ဖုန်းများသည်တက်လာပြီး CDMA 450 မှာ ဒုတိယလိုက်နေကြောင်း ဈေးကွက်မှပြောပြချက်အရ သိရသည်။

Ref: internet journal


ဘာမှကိုမသိတော့ဘူး.....

Code:
http://sidnaing.co.cc/
Back to top Go down
http://sidnaing.co.cc/
 

ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း ချထားပေးမည်ဆိုခြင်းမှာ မသေချာသေး [Article]

View previous topic View next topic Back to top 
Page 1 of 1

Permissions of this forum:You cannot reply to topics in this forum
Myanmar IT Resource Forum :: ARTICLES ZONE ::   :: Article News-
Post new topic   Reply to topic